Thursday, November 13, 2014

ရသစာစု ✏ အရှင်ဥတ္တရ ( ပြည် )

'လောကမှာ တတ်သိတဲ့လူများပါတယ်l
သိတတ်တဲ့လူက ရှားပါတယ်ဘုရား'တဲ့...
ဒီစကားလေးကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့
ဒကာကြီးဦးသုခ(ဆရာကြီးဦးသုခ)က
ဆရာတော် အရှင်ဆန္ဒာဓိကကို
လျှောက်ခဲ့ဘူးတဲ့ စကားလေးပါ။
အရမ်းမှန်ပြီး အရမ်းလည်းတန်ဘိုးရှိတဲ့ စကားလေးပါပဲ။
ဟောဒီ့လောကကြီးမှာ အသိပညာ,
အတတ်ပညာမျိုးစုံမှာ ကျွမ်းကျင်တတ်သိတဲ့
လူတွေ အရမ်းများပါတယ်...ဒါပေမယ့်
အဲဒီလို အတတ်ပညာတွေကျွမ်းကျင်တတ်သိဖို့
မေတ္တာ,စေတနာ,အနစ်နာတွေနဲ့
မျိုးစုံထောက်ပံ့ပေးခဲ့တဲ့ မိဘနဲ့တကွ
သင်ဆရာ,မြင်ဆရာ,ကြားဆရာအပေါင်းတို့ရဲ့
အပေါ်မှာ သိတတ်စွာနဲ့ ကျေးဇူးဆပ်ကြတဲ့
လူတွေကတော့ တော်တော်ရှားသွားပါပြီ...
တစ်ချို့များဆို မသိတတ်ရုံသာမက
မိဘ,ဆရာသမားတွေကို ခြေစုံကန်သွားတဲ့
သူတွေတောင် ရှိကြသေးပါတယ်။
ဒါ့ကြောင့် စာဖတ်သူ သူတော်ကောင်း
အပေါင်းတို့လည်း တတ်သိတဲ့လူတွေဖြစ်သလို
သိတတ်တဲ့လူတွေဖြစ်အောင်
ကြိုးစားနိုင်ကြပါစေလို့ စေတနာဖြင့်
သတိပေးလိုက်ရပါတယ်။

အရှင်ဥတ္တရ ( ပြည် )

No comments:

Post a Comment