Saturday, November 15, 2014

သတိရခြင်းကို ✏ အောင်ကိုဦီး

သတိရခြင်းကို အတောင်တပ်ဖို့ 
ချစ်ခြင်းတွေတော့စိုက်ပျိုးခွင့်ပြုပါ
အရော်အစားမရောထားတဲ့
ပင်လယ်ရေဟာ
သူ့သဘောအတိုင်းငံနေပေမဲ့
သူ့သတ္တိကိုပြခွင့်ရှိသေးတာပဲ
ငှက်တစ်ကောင်လောက်မှ
လွတ်လပ်မှုမရတဲ့ ရင်ခုန်ခြင်းက
အဏုမြူထုတ်ရာ ဓာတ်ပေါင်းဖိုများဖြစ်နေမလား

အောင်ကိုဦီး

No comments:

Post a Comment