Thursday, November 20, 2014

ဖိနပ် ✏ မိုလ်းသူရိန်

ဖိနပ်

အတွေးကိုကချဲ့ထွင်လို့ 
ထင်ရာကိုစိုင်းချင်ပေမယ့်
မသွားချင်တဲ့ဒုက္ခရယ်

အပါးတော်မြဲပြီးမခွဲစတမ်းမို့ 
လှမ်းပါများတဲ့ခြေလှမ်းတွေကြောင့်
တစ်ဖြည်းဖြည်းနဲ့ပါးခဲ့ရပြီ

ဖဝါးတော်နုနုသွေးခြေဥလို့
ဒဏ်ရာဒဏ်ချက်တွေက
များလို့ရယ်လာရပေမယ့်
ဆက်လို့ရယ်သွားရအုံးမယ်

ငိုတော့မယ့်မျက်နှာကို
ချော့ရတာခက်လို့
ပြောမထွက်ခဲ့ပါ

နာပေမယ့် အံကြိတ်လို့တောင့်ခံ
ဒဏ်ရာကိုမေ့ထား အသနားမခံတော့
ဖြစ်ချင်ရာဖြစ်လို့ ပါးတာကိုစီးရင်း
ခရီးရယ်ဆက် ကိုယ့်အထက်ကလူ
ကူပါ့မလဲ.................

ဘယ်အချိန် ရပါ့မလဲ
ဘယ်အချိန်.........
စောင့်လို့ရယ်မျှော်ပေမယ့်
ဖြစ်မလာတာတော့ ဘယ်သိမလဲ...

ခုဖိနပ်ကိုက
ပါးပါးလေးရယ်
ဒဏ်ရာများလို့နာလှပြီကွယ်
အသစ်ရယ်ဘယ်ချိန်လဲ .......
စောင့်ရအုံးမယ်
သြော်......
ဘဝကဆိုးတယ်
စောင့်ရအုံးမယ်ထင်တယ်

ပုံ မိုလ်းသူရိန်

No comments:

Post a Comment