Thursday, November 20, 2014

ထာဝရခင်မင်မှု ✏ မောင်မေတ္တာနွယ်

ထာဝရခင်မင်မှု

တစ်နေ့တစ်ရက် အတွေ့ခက်လို
့ဒို့နှစ်ယောက်ရဲ့ ခင်မင်မှုလေးတွေ
အရင်ကလို အနှစ်သာရ
မပြည့်ဝတော့ပြီထင်ပါရဲ့
တစ်သက်မှာ တစ်ယောက်တည်းသာ
ချစ်ခွင့်ပေးတဲ့
ကိုယ့်ရဲ့နှလုံးသား အတွက်တော့
နှစ်တွေဘယ်လောက် ပြောင်းပြောင်း
မဟောင်းတဲ့ ခင်မင်မှုတွေက
ထာဝရ ခင်မင်လျက်ဆိုတာ
သူလေးသိစေချင်ပါတယ်

မောင်မေတ္တာနွယ် ( ရမ္မာမြေ )်

No comments:

Post a Comment