Monday, November 10, 2014

လိုက်နာကြည့်စေချင်ပါသည် ✏ လဝန်းသစ်

လိုက်နာကြည့်စေချင်ပါသည်

ဣတ္ထိယဆို မိန်းမပျိုတို့
သိဖို့လိုအပ် ဤအချက်ကို
လိုက်နာမှတ်သား ရှိစေငြားငှာ
စေတနာနှင့် ကာရန်ဖွင့်သည်။ ။

လောကီဘာဝ လူ့လောက၌
ကြိုက်နှစ်သက်ရာ ဝတ်ဆင်ပါလည်း
ပျော်ပွဲသဘင် သွင်မတူသည့်
ဓမ္မသဘင် ဆင်ယင်ရာဝယ်
ကျောလယ်ရင်ဟိုက် တစ်မိုက်ထမီ
ပါးလှီအဝတ် ခါးတွင်လွတ်သော်
မတော်မရာ ကုန်းကွပါက
မြတ်လှမဟာ ထေရ်သံဃာကြား
မြင်ကားမသင့် စဉ်းစားချင့်ချိန်
ကိုယ်လည်းဂုဏ်သိမ် ဣိနြေ္ဒလွတ်
မချွတ်ဧကန် ဖြစ်ရာမှန်သည်
စာစီဖွင့်ဆို ဣိတ္ထိပျိုတို့
လိုက်နာကြည့်ဖို့လိုပါသည်။ ။


လဝန်းသစ်

No comments:

Post a Comment