အလွမ်းကဗျာ
................
မောင့်အသည်းတစ်ခြမ်းက
လွမ်းလွန်းလိုငိုနေတယ်။ ။
မင်းရဲ့အနမ်းလေးတွေနဲ့
ချော့မြူလှည့်ပါချစ်သူရယ်။ ။
မပြေလည်....
တစ်နယ်စီဝေးသည်မို့
နီးဖို့ရန်မလွယ်ကူ
ရွှေရင်လယ်ဘဝင်နွမ်းလေဘိ
လွမ်းမိပါ၏ မောင့်ချစ်သူ.....
ဘဝမှာ ခဏတာကာလ
တောင်းသောဆုနှင်ပြည့်ရလျှင်
အကျွန့်သခင်
သင်မြင်စမ်းပါရဲ့
ယိုင်နဲ့နဲ့မောင့်ရင်ခွင်
မကြွေခင်သင်အပြေးလာခဲ့
ခိုဝင်လှည့်ဖို့တောင်းဆိုချင်
ဒီဆုကလေးကိုတော့
ပြည့်ပါရစေေ လာ က အ ရှ င်.....
လဝန်းသစ်
................
မောင့်အသည်းတစ်ခြမ်းက
လွမ်းလွန်းလိုငိုနေတယ်။ ။
မင်းရဲ့အနမ်းလေးတွေနဲ့
ချော့မြူလှည့်ပါချစ်သူရယ်။ ။
မပြေလည်....
တစ်နယ်စီဝေးသည်မို့
နီးဖို့ရန်မလွယ်ကူ
ရွှေရင်လယ်ဘဝင်နွမ်းလေဘိ
လွမ်းမိပါ၏ မောင့်ချစ်သူ.....
ဘဝမှာ ခဏတာကာလ
တောင်းသောဆုနှင်ပြည့်ရလျှင်
အကျွန့်သခင်
သင်မြင်စမ်းပါရဲ့
ယိုင်နဲ့နဲ့မောင့်ရင်ခွင်
မကြွေခင်သင်အပြေးလာခဲ့
ခိုဝင်လှည့်ဖို့တောင်းဆိုချင်
ဒီဆုကလေးကိုတော့
ပြည့်ပါရစေေ လာ က အ ရှ င်.....
လဝန်းသစ်
No comments:
Post a Comment