ကောင်းကင်ပြိုတဲ့နေ့....
မိုးရွာရင်ဝမ်းနည်းတက်သလို
ကြယ်တစ်ပွင့်ကြွေတိုင်းလည်း
ကြေကွဲရလွန်းတဲ့ကောင်လေးက....ငါပါ
ငယ်စဉ်ကအတွေးနဲ့
နုနယ်တဲ့ ခံစားချက်တွေမှာ
ငါသနားခဲ့တာက
အထီးကျန်တဲ့လမင်းကြီးကိုပေါ့
ကောင်မလေးရယ်
ငါ့ရင်ခွင်က ကောင်းကင်ဖြစ်မှ
ငါ့ကိုယ်ငါ စာနာတတ်ခဲ့တယ်
တကယ်တော့ကြယ်ကြွေတိုင်း
ရင်ကွဲရတာ
နူးညံ့တဲ့မိုးကောင်းကင်ကြီးပါ
ကောင်မလေးရယ်
မိုးကောင်းကင်ဟာသူ့ရဲ့
စို့နင့်ခြင်းတွေကို
မိုးအဖြစ်ရွာချပေမဲ့
ကောင်းကင် ရင်ခွင်ကတော့
သူ့ရဲ့နာကျင်ခြင်းတွေကို
နှလုံးသားထဲမှာ မြုပ်နှံခဲ့ရတယ်
ကွာဟတဲ့ရပ်တည်မူ့တွေထဲမှာ
ကြယ်တစ်ပွင့်ကြွေတိုင်း
အပွင့်ပေါင်းများစွာ
ပြန်ပျိုးနိုင်တဲ့မိုးကောင်းကင်ဟာ
ကြယ်နဲ့လမင်းအစဉ်မခွဲ
တတွဲတွဲပေါ့
ငါ့ကောင်းကင်ရင်ခွင်တော့
လမင်းကွယ်လို့ကြယ်တွေလည်းကျဲ
အမှောင်တွေထဲဗလာနတ္ထိပါပဲ
အက်ကြောင်းရာဗလဗွနှင့်
မိုးရာသီဖြစ်ခဲ့ရတဲ့
ငါ့ကောင်းကင်ရင်ခွင်မှာ
ရင်ကွဲခတ်သံတွေသာ
ထစ်ချုန်းခဲ့ရတယ်
တကယ်လို့များကောင်မလေးရယ်
ဘာဆိုဘာမှမရှိတဲ့ငါ့ကောင်းကင်ရင်ခွင်မှာ
ငါ့ကြယ်နတ်သမီးလေ
မင်းသာကြွေသွားခဲ့ရင်
အဲဒီနေ့က ကောင်းကင်ပြိုတဲ့နေ့ပေါ့
ကောင်မလေးရယ်
အောင်ကောင်းကင် နတ္တလင်း
မိုးရွာရင်ဝမ်းနည်းတက်သလို
ကြယ်တစ်ပွင့်ကြွေတိုင်းလည်း
ကြေကွဲရလွန်းတဲ့ကောင်လေးက....ငါပါ
ငယ်စဉ်ကအတွေးနဲ့
နုနယ်တဲ့ ခံစားချက်တွေမှာ
ငါသနားခဲ့တာက
အထီးကျန်တဲ့လမင်းကြီးကိုပေါ့
ကောင်မလေးရယ်
ငါ့ရင်ခွင်က ကောင်းကင်ဖြစ်မှ
ငါ့ကိုယ်ငါ စာနာတတ်ခဲ့တယ်
တကယ်တော့ကြယ်ကြွေတိုင်း
ရင်ကွဲရတာ
နူးညံ့တဲ့မိုးကောင်းကင်ကြီးပါ
ကောင်မလေးရယ်
မိုးကောင်းကင်ဟာသူ့ရဲ့
စို့နင့်ခြင်းတွေကို
မိုးအဖြစ်ရွာချပေမဲ့
ကောင်းကင် ရင်ခွင်ကတော့
သူ့ရဲ့နာကျင်ခြင်းတွေကို
နှလုံးသားထဲမှာ မြုပ်နှံခဲ့ရတယ်
ကွာဟတဲ့ရပ်တည်မူ့တွေထဲမှာ
ကြယ်တစ်ပွင့်ကြွေတိုင်း
အပွင့်ပေါင်းများစွာ
ပြန်ပျိုးနိုင်တဲ့မိုးကောင်းကင်ဟာ
ကြယ်နဲ့လမင်းအစဉ်မခွဲ
တတွဲတွဲပေါ့
ငါ့ကောင်းကင်ရင်ခွင်တော့
လမင်းကွယ်လို့ကြယ်တွေလည်းကျဲ
အမှောင်တွေထဲဗလာနတ္ထိပါပဲ
အက်ကြောင်းရာဗလဗွနှင့်
မိုးရာသီဖြစ်ခဲ့ရတဲ့
ငါ့ကောင်းကင်ရင်ခွင်မှာ
ရင်ကွဲခတ်သံတွေသာ
ထစ်ချုန်းခဲ့ရတယ်
တကယ်လို့များကောင်မလေးရယ်
ဘာဆိုဘာမှမရှိတဲ့ငါ့ကောင်းကင်ရင်ခွင်မှာ
ငါ့ကြယ်နတ်သမီးလေ
မင်းသာကြွေသွားခဲ့ရင်
အဲဒီနေ့က ကောင်းကင်ပြိုတဲ့နေ့ပေါ့
ကောင်မလေးရယ်
အောင်ကောင်းကင် နတ္တလင်း
No comments:
Post a Comment