Thursday, November 20, 2014

ချစ်သူသို့..... ဆုသက်အောင်

ချစ်သူသို့.....

ချစ်သူ......အသည်းနင့်အောင်ချစ်ခဲ့တာ
အလွမ်းဆိုတဲ့ဝေဒနာခံစားဖို့မှမဟုတ်တာ
မိုင်ပေါင်းကုဋေဝေးကွာနေရလည်း
ငါ့နှလုံးသားထဲမင်းအမြဲစိုးမိုးထားတယ်
ဟိုး...အဝေးဆုံးဆိုတဲ့တစ်နေရာမှာ
မင်းရှိနေရင်တောင်
မိုးကောင်းကင်တစ်ခုတည်းအောက်မှာ
မင်းရှိနေတယ်ဆိုတဲ့အတွေးနဲ့ငါရှင်သန်နေမယ်
ဒါပေမဲ့ချစ်သူရယ်
မင်းသာသစ္စာရှိမယ်ဆိုရင်လေ
အလွမ်းတွေကိုထွေးပိုက်ရင်း
ဆုံစည်းနိုင်မဲ့နေတွေကိုရေတွက်ရင်း
ငါအမြဲစောင့်နေပါ့မယ်
တစ်ကယ်လို့များ
ဆုံစည်းခွင့်ဆိုတဲ့အရာတစ်ခု
ငါတို့ကြားမှာရှိမနေတော့ရင်လည်း
မင်းပုံရိပ်တွေမြင်ယောင်ရင်း
ချိုမြိန်တဲ့ချစ်စကားတွေတမ်းတရင်း
နွေးထွေးတဲ့အပြုံးတွေလွမ်းဆွတ်ရင်း
အချစ်ဆိုတဲ့အရာနှလုံးသားထဲမှာ
အမြဲတမ်းမြုပ်နှံထားပါတော့မယ်

ဆုသက်အောင်(ထိန်တော-မိုးညို)

No comments:

Post a Comment