Tuesday, November 11, 2014

အိပ်မက်နှင့်တိမ်တိုက် ✏ ဇာနည်ဘွား

အိပ်မက်နှင့်တိမ်တိုက်

စိတ်ကူးဆိုတာလည်း
ငှက်မွှေးတစ်သိုက်ကို
အိမ်ခေါင်မိုးပေါ်ကနေသွန်ချလိုက်
ဟိုတစ်စ ဒီတစ်စနဲ့
ဖမ်းယူလို့လည်းမရ
အိပ်မက်ဆိုတာလည်း
အတူတူပါပဲ အိပ်မက်ထဲမှာ
ဘယ်လိုပျော်ရွှင်ကြည်နူးနေပါစေ တစ်ခဏတာနဲ့ပဲ
လန့်နိုးလာတဲ့ အချိန်မှာ
ကြည်လိုက်တော့ ကို့ရဲ့ဘေးမှာ ခြင်ထောင်ရယ်
စောင်လေးရယ်
ခေါင်းအုံးလေးရယ်
ဒါလောက်ပါပဲ
အချစ်ဆိုတာလည်း မဆုံဆည်းနိုင်သရွေတော့
အိပ်မက်နဲ့တိမ်တိုက်တွေလိုပါပဲ
ကိုသိပ်ချစ်တဲ့အချစ်တွေ
မင်းအပေါ်ထားရှိခဲ့တဲ့
ကို့ရဲ့မေတ္တာနဲ့သစ္စာတရားတွေကို သက်ဆိုင်သူရယ်
အိပ်မက်နဲ့တိမ်တိုက်တွေလို
မမျောလွင်ပါရစေနဲ့နော်

ဇာနည်ဘွား

No comments:

Post a Comment