Sunday, November 16, 2014

မျက်​နှာများတဲ့ ​ကောင်​မ​လေး ✏ ပျိုတို့​မောင်

-မျက်​နှာများတဲ့ ​ကောင်​မ​လေး-

ဝေးကွာခြင်း​တွေကို
ဓာတ်​မှန်​ရိုက်​ကြည့်​လိုက်​တိုင်း
မ​ရေးမရာတဲ့ အ​ရေးအ​ကြောင်း​​​တွေပဲ
တွေ့တယ်
လှပါတယ်​ဆိုတဲ့ လမင်းကြီး​တောင်
မျက်​နှာ​ပေါ်အရိပ်​​တွေ ရှိသလို​ပေါ့
ငါက​တော့ဘယ်​အရာကိုမှ
အရိပ်​မည်း​တွေအဖြစ်​မမြင်​ခဲ့ဘူး
အဲဒီတုန်းက
ငါဟာ အချစ်​အရိပ်​မည်းကြီး​ပေါ့
လဝန်းလည်း​ရှောင်​​ပြေးတက်​တာပဲ
ဒါ​ပေမဲ့.....
သူကချိန်​ထားရင်​အချိန်​မှန်​တယ်
ငါမနှစ်​မြိုတာက
ငါမကြိုက်​တဲ့ ကြယ်​​တွေနဲ့
ပလူးပလဲလုပ်​တာပဲ
ဇာတ်​လမ်းကို အဆုံးသတ်​ဖို့
လာခဲ့ရပါပြီ လဝန်းငယ်​ရယ်​။

ပျိုတို့​မောင်​(မန္တ​လေး)

No comments:

Post a Comment