Sunday, November 16, 2014

လမ်း ✏ ထွန်းနောင်

"လမ်း"

@ အချစ်ဋီကာတွေဖွဲ့
စိတ်ကူးယာဉ်တဲ့ စကားလုံး
ကျွန်တော် သုံးခဲ့ဖူးတယ် . .။

@ ချွဲချွဲနွဲ့နွဲ့ တီတီတာတာ
ပလီပလာ သူ့အပြုံးကိုမှ
ရင်ထဲမှာ အနှစ်သက်ဆုံး
ဖြစ်ခဲ့ဖူးတယ် . . . ။

@ သမုဒယတဏှာ၏ စေခိုင်းမှုကြောင့်
ဤလူ့ဘဝ ဤလူ့ရွာမှာ
ဒုက္ခမိုးတွေ အငြိုးတကြီး
ရွာချခဲ့ဖူးတယ် . . . ။

@ မြတ်ဗုဒ္ဓ၏ ဒေသနာ
သေချာစွာလေ့လာမှု မပြုခင်
အချိန်တစ်ခုကပေါ့ . . . ။

@ ယခုတော့လေ . ....
သမုဒယနဲ့ ဒုက္ခတရား
ရှောင်ရှားရာ မဂ္ဂင်လမ်း
တကယ်ရှိမှန်း သိလိုက်ရတဲ့အခါ
ကာမဂုဏ်ကို မျက်နှာလွဲ
အာရုံကို ဖြတ်ရဲတဲ့သတ္တိ
ရှိ, မရှိ ချိန်စက်
ဓမ္မအားမာန် အပြည့်အနှက်နဲ့
ဘဝပန်းတိုင်အဆုံးထိ
ရှေ့ဆက်ကြည့်ချင်တယ်ဗျား . . . . . ။

ထွန်းနောင်(ဖောင်းပြင်)

No comments:

Post a Comment