Tuesday, November 11, 2014

အဆုံးမဲ့ ချစ်ခြင်း လွမ်းရိပ်ဝေ

အဆုံးမဲ့ ချစ်ခြင်း

လာမယ်ဆိုခင်းနင်းမသွားခဲ့ ပန်မယ်ဆိုခူးညွတ်ဦး
ညွတ်လို့မဆင်ခဲ့
လိုတယ်ဆိုအပြေးရောက်
မေးထောက်လို့မှမကြိုပြန်ဘူး
ကိုယ့်ဘက်ကဒီလိုအလေးထား မင်းနဲ့ပါတ်သက်လာရင်
အသေးအမွှးကစ
ဂရုတစိုက်နေချင်ခဲ့တာတောင်ဆိုတဲ့စကား
ခါးပါတယ်ဆိုလဲ မပြောပဲနေယုံပေါ့
ဒါပေမယ့်..... မင်းရဲ့အမုန်းဒဏ်ကို
ရှုံးဟန်ပြလဲကြဖို့တော့
ဝါသနာပါမလာဘူးနော်
အဲ့ဒါကိုတင်းခံ...
ငြင်းဆန်လို့မုန်းမယ်ဆိုလည်း မုန်းပေါ့
မှားပါတယ်လို့ဝန်ခံ
တောင်းပန်မယ်တော့မထင်လိုက်နဲ့
ကိုယ်ဘက်ကတော့
လုံးဝ sorry ပဲ

(အဆိပ်သင့်ရင်ခွင်)လွမ်းရိပ်ဝေ (ဒိုက်ဦး)

No comments:

Post a Comment