Tuesday, November 11, 2014

အလွမ်းစာမျက်နှာ ✏ ၀န်းရံခ

''အလွမ်းစာမျက်နှာ''

"မိတ္ထီလာကန်တော်အောက်က တေးကို လွမ်းတယ်

ဘဘုန်းရဲ့ ကြိမ်လုံးကို လွမ်းတယ်

အသီးတစ်ရာ အညှာတစ်ခုကို
လွမ်းတယ်

ဒီဘ၀တွက်တော့ မဖြစ်နိုင်လို့
သံသရာအတွက် ပါရမီဖြည့်ချင်စိတ်နဲ့
လူ့ဘ၀ကို အဆုံးစီရင်သွားရှာတဲ့
ရည်းစားကို လွမ်းတယ်

ဘယ်လောက်ဝေးဝေး ဘယ်လောက်နီးနီး
နေမကောင်းရင် အလိုလိုသိနေတတ်တဲ့
ချစ်သူကို လွမ်းတယ်

ဆေးပေးမီးယူ လုပ်ပေးတဲ့
အိမ်သူသက်ထားကို လွမ်းတယ်

ယောက်ျားမှာလည်း အသည်းနဲ့ပါကို လွမ်းတယ်

အမုန်းခွန်အား ပေးသနားပါကို လွမ်းတယ်

တေဘုမ္မာကို လွမ်းတယ်

ပုခက်ကစခဲ့တဲ့ သံသရာနယ်က ခန္ဓာ
သင်္ချိုင်းဝနားနီးလာတော့
အားလုံး အားလုံးထက်
အိမ်ဦးခန်းက အမေ့ကြေးစည်သံကို
ပိုလွမ်းတယ် . . .။

ဝန်းရံခ(သလ္လာဝတီ)

No comments:

Post a Comment