Tuesday, November 11, 2014

ချစ်သူ...သိစေ...... ဆုသက်အောင်(ထိန်တော-မိုးညို)

ချစ်သူ...သိစေ

ချစ်တယ်ဆိုတဲ့စကား
နှုတ်ဖျားလေးနဲ့တင် ပြောခဲ့တာမဟုတ်ပါဘူး
ငါ့ရဲ့ရှေ့ဆက်ရမဲ့ ဘဝခရီးလမ်းမှာ
နင့်ကိုတစ်ဘဝလုံးစာ လက်တွဲဖို့ဆုံးဖြတ်ပြီးမှ
အဲဒီစကားကိုပြောခဲ့တာပါ
နင်နဲ့လမ်းခွဲမယ်ဆိုတဲ့ အတွေး
ငါ့စိတ်ကူးထဲမှာတောင် မရှိတာမိုလို့
မေ့လိုက်တော့ မလွမ်းနဲ့တော့ဆိုတဲ့စကား
နောက်ဘယ်တော့မှ မပြောပါနဲ့နော်
ငါနင့်ကို အရမ်းချစ်လို့ပါချစ်သူရယ်

ဆုသက်အောင်(ထိန်တော-မိုးညို)

No comments:

Post a Comment