Tuesday, November 11, 2014

သိမြင်နိုင်ပါစေ ညီမလေး..... နိုင်

* သိမြင်နိုင်ပါစေ ညီမလေး *

ညီမလေးရေ ...
လွမ်းလွန်းလို့ ကဗျာတွေ
ရေးခြစ်ခဲ့ပေမယ့်ကာရံညီတဲ့ကဗျာတွေတော့
ဖြစ်မလာခဲ့ဘူး ညီမရယ်...
အနားသတ်မျဉ်းပေါ်မှာ အလွမ်းတွေနဲ့
ပြီးဆုံးမယ်မှန်း အစ်ကိုတစ်ကယ်
မသိပါဘူးကွယ်
ရက်စက်တယ် သစ္စာမဲ့တယ်ရယ်လို့
အစ်ကိုမစွပ်စွဲပါဘူး
နှလုံးသားချင်း နီးစပ်ခဲ့တဲ့
အစ်ကို,ကို တစ်ချက်လောက်
စောင်းငဲ့ကြည့်လှည့်ပါ
ညီမလေး ထားရစ်ခဲ့တဲ့
အစ်ကိုတစ်ယောက်ရင်ထဲမှာ
မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်
ကျနေတာကို ညီမလေး
မြင်တွေ့လှည့်စမ်းပါ ညီမလေးရယ်.....

နိုင် (ညောင်ဦး)

No comments:

Post a Comment