Sunday, November 16, 2014

အဖြူရောင်အလင်းတန်း ✏ ကိုစိုင်း ဘုတလင်

အဖြူရောင်အလင်းတန်း

သူများတကာတွေပျော်ရွှင်တိုင်းလည်း
ပျော်ချင်မိတယ်
ဘေးပတ်ဝန်းကျင်က
အမေဆိုတဲ့စကားတစ်ခွန်းကို
ခေါ်သံကြားတိုင်းခေါ်ချင်မိတယ်
ဒါပေမဲ့.....မဖြစ်နိုင်တော့ပါဘူး
ကျနော်တို့ဘ၀က
တခြမ်းမရှိတဲ့လတစ်စင်းလိုပဲ
ကျွန်တော်တို့.....
ဟိုငယ်ငယ်လေးကတည်းကနေ
အခုချိန်ထိအဖေ့ရဲ့အေးချမ်းတဲ့
မေတ္တာအလင်းတွေ ရခဲ့ပေမယ့်
အမေကတော့ ကျွန်တော်တို့အတွက်
ထာဝရလမိုက်ခြင်းဆိုတာကိုပဲ
ပေးအပ်ခဲ့တယ်

ကိုစိုင်း ဘုတလင်

No comments:

Post a Comment