*ဟေမာန်ဆောင်းရဲ့ဒီအလွမ်း*
ဆောင်းဟေမာန်နံနက်ခင်းရဲ့
နှင်းပွင့်တွေကြားထဲမှာ
မေမေ့ကိုတမ်းတရင်း
စမ်းတဝါးဝါးနဲ့ သားမောင်
လမ်းသလားနေမိပြီအမေ။
ချမ်းလိုက်တာအမေရယ်
ချမ်းလိုက်တာ
မေမေ့ကိုလွမ်းတဲ့
အလွမ်းအဆွေးတွေက
ဟေမာန်ဆောင်းရဲ့
နှင်းစက်တွေနဲ့အတူ
အပြိုင်အဆိုင်ဝေနေခဲ့ပြီအမေ
ဖြေဆေးရှိမယ်ဆိုရင်
ကျမ်းဂန်တွေထဲသားမောင်
လှန်ရှာကြည့်ချင်ပါတယ်
ဟေမာန်ဆောင်းရဲ့
နှင်းစက်တွေဟာ
သီချင်းတေးတွေသာဆိုရင်
သားကိုပျက်ရယ်ပြုနေလောက်ပြီ
သနားလိုက်တာတဲ့။
အမေရှိစဉ်အခါက
အမေ့ရဲ့နွေးထွေးမှုတွေနဲ့
ဟေမာန်ရက်တွေကို
ကျော်လွှားနိုင်ခဲ့ပေမယ့်
အမေမရှိတော့တဲ့နောက်
ဟေမာန်ရက်တွေဟာ
သားမောင်ကိုအမြဲတမ်း
ထိတ်လန့်နေစေခဲ့ပြီအမေ။
(အရှင်အာလောက-ရေဝိုင်း)
ဆောင်းဟေမာန်နံနက်ခင်းရဲ့
နှင်းပွင့်တွေကြားထဲမှာ
မေမေ့ကိုတမ်းတရင်း
စမ်းတဝါးဝါးနဲ့ သားမောင်
လမ်းသလားနေမိပြီအမေ။
ချမ်းလိုက်တာအမေရယ်
ချမ်းလိုက်တာ
မေမေ့ကိုလွမ်းတဲ့
အလွမ်းအဆွေးတွေက
ဟေမာန်ဆောင်းရဲ့
နှင်းစက်တွေနဲ့အတူ
အပြိုင်အဆိုင်ဝေနေခဲ့ပြီအမေ
ဖြေဆေးရှိမယ်ဆိုရင်
ကျမ်းဂန်တွေထဲသားမောင်
လှန်ရှာကြည့်ချင်ပါတယ်
ဟေမာန်ဆောင်းရဲ့
နှင်းစက်တွေဟာ
သီချင်းတေးတွေသာဆိုရင်
သားကိုပျက်ရယ်ပြုနေလောက်ပြီ
သနားလိုက်တာတဲ့။
အမေရှိစဉ်အခါက
အမေ့ရဲ့နွေးထွေးမှုတွေနဲ့
ဟေမာန်ရက်တွေကို
ကျော်လွှားနိုင်ခဲ့ပေမယ့်
အမေမရှိတော့တဲ့နောက်
ဟေမာန်ရက်တွေဟာ
သားမောင်ကိုအမြဲတမ်း
ထိတ်လန့်နေစေခဲ့ပြီအမေ။
(အရှင်အာလောက-ရေဝိုင်း)
No comments:
Post a Comment