Sunday, January 4, 2015

ရင်​ကန်​သင်း 💦 ပန်​​သော်​တာ(နမ့်​စန်​)

ရင်​ကန်​သင်း

တိမ်​ဂွမ်းဆိုင်​​တွေ
လမင်းအိမ်​ကိုဝှက်​ထားသလို
ချစ်​စိတ်​ကို​ဘောင်​ဘင်​ခတ်​​ပေမဲ့
ရင်​ကန်​သင်းဟာ
အလွမ်းတိုးမြစ်​တစ်​စင်းရဲ့
စီးဆင်းနှုန်းကို​တော့ကြာရှည်​မှခံနိုင်​ပဲ
အနားသတ်​မဲ့​ကောင်းကင်​​ပေါ်
ကိုယ်​ထူကိုယ်​ထအိမ်​ဖွဲ့​နေတဲ့
လမင်းကိုကြည့်​ပြီး
ဆု​တောင်းကာမှလွဲခဲ့ရတဲ့ဆု​တောင်း
ရင်​ခုန်​အသစ်​နဲ့ထပ်​ဆု​တောင်း​နေမိ
ထပ်​ဆု​တောင်းကာမှ
ရင်​ခုန်​သံအသစ်​ထဲကအလွမ်းစ
ဖြေသိမ့်​ခြင်းငှါဘယ်​လိုမှမစွမ်းသာ​တော့
မေ့​ပျောက်​ဖို့ကဗျာ​ရေး
ကဗျာထဲမှာလွမ်းစရာ​တွေပါလာပြန်​​တော့
ကဗျာပြန်​​ရေး
မေးကာမှပြန်​​မေးတဲ့ချစ်​သူရဲ့အ​ဖြေကို
အကြိမ်​ကြိမ်​ပြန်​​မေးရင်း
ရင်​ကန်​သင်း​လေးကျိုး​တော့မယ်​ကွယ်

ပန်​​သော်​တာ(နမ့်​စန်​)

No comments:

Post a Comment