ပစ်တိုင်းထောင်ကလေး ပုတိုတို
မျက်နှာပြုံးချိုချို ပစ်ချင်သလိုပစ်လို့ချ
ကျရာထောင်လို့ထ
သူ့ဘဝနဲ့သူ့အဖြစ်တွေ
အံ့သြလောက်ပါပေ...
ခြေတွေလက်တွေမပါပါပဲ
ကိုယ်ထူကိုယ်ထပဲ
အခက်အခဲသူရင်ဆိုင်
စိတ်ဓာတ်မယိမ်းယိုင်
အနိုင်မခံအရှုံးမပေး
ပစ်တိုင်းထောင်ကလေး
မျက်နှာပြုံးချိုချို ပစ်ချင်သလိုပစ်လို့ချ
ကျရာထောင်လို့ထ
သူ့ဘဝနဲ့သူ့အဖြစ်တွေ
အံ့သြလောက်ပါပေ...
ခြေတွေလက်တွေမပါပါပဲ
ကိုယ်ထူကိုယ်ထပဲ
အခက်အခဲသူရင်ဆိုင်
စိတ်ဓာတ်မယိမ်းယိုင်
အနိုင်မခံအရှုံးမပေး
ပစ်တိုင်းထောင်ကလေး
No comments:
Post a Comment