အခွင့်အရေး
အနမ်းမရပဲ အလွမ်းညရာထောင်
အလှမ်းဝေးကွာ ဆွေးဗျာပါကြွယ်
သောကပုလဲ နွေးနေဆဲ။
ရင်မနာသင့်ပေမဲ့ နာကျင်ရတယ်
ချစ်ခွင့်ရလည်း ဖွင့်ဟခွင့်မရှိ
ချစ်ပြခွင့်နတ္ထိပါ။
အချစ်ကစ္စမှာ ပြောရေးဆိုခွင့်
ဆုံးရှုံးနေသလို မချစ်သင့်တာသိလို့
နှလုံးသားကို
အချစ်ထံမှ မျက်နှာလွှဲ
သြော်....ပုလဲလေးတွေ
ကြွေကျနေတုန်းပါလား ။
နွေဦး
အနမ်းမရပဲ အလွမ်းညရာထောင်
အလှမ်းဝေးကွာ ဆွေးဗျာပါကြွယ်
သောကပုလဲ နွေးနေဆဲ။
ရင်မနာသင့်ပေမဲ့ နာကျင်ရတယ်
ချစ်ခွင့်ရလည်း ဖွင့်ဟခွင့်မရှိ
ချစ်ပြခွင့်နတ္ထိပါ။
အချစ်ကစ္စမှာ ပြောရေးဆိုခွင့်
ဆုံးရှုံးနေသလို မချစ်သင့်တာသိလို့
နှလုံးသားကို
အချစ်ထံမှ မျက်နှာလွှဲ
သြော်....ပုလဲလေးတွေ
ကြွေကျနေတုန်းပါလား ။
နွေဦး
No comments:
Post a Comment