Wednesday, January 7, 2015

အနန္တငါးပါး ဦးထိပ်ဝယ်ထား 🎄 ချစ်လွမ်းရတီစိုးထိုက်

အနန္တငါးပါး ဦးထိပ်ဝယ်ထား

#ဘေးဆိုးကင်းကွာ
ချမ်းသာရအောင်
မြတ်ဘုရားကို
ယုံကြည်ကွယ်!!!

#ရန်ဆိုးကင်းကွာ
ချမ်းသာရအောင်
မြတ်တရားကို
ကျင့်ကြကွယ်!!!

#ဒဏ်ဆိုးကင်းကွာ
ချမ်းသာရအောင်
မြတ်သံဃာကို
လေးစားကွယ်!!!

#လောကလူ့ ရွာ
ရောက်သည့်ခိုက်မှာ
မိနှင့်ဖကို
လုပ်ကျွေးကွယ်!!!

#အသိ လိမ္မာ
ပညာရအောင်
ဆရာစကားကို
နားထောင်ကွယ်!!!

#မရေတွက်နိုင်
ကျေးဇူးများလို့ 
အနန္တငါးပါး
ဦးခိုက်တကယ်!!!

ချစ်လွမ်းရတီစိုးထိုက်
ဖောင်းပြင်

No comments:

Post a Comment