Monday, January 5, 2015

ငါ့အဖြစ်.... အောင်ကောင်းကင်

ငါ့အဖြစ်

နင်အခြားကောင်လေးတစ်ယောက်နဲ့
အဆင်ပြေနေတယ်လို့ကြားတော့
စွန့်လွတ်ခြင်းနဲ့အတူ
ပထမဆုံးဝမ်းသာနေမိတာက
ငါပါကောင်မလေးရယ်
သူ ငါ့လောက်မချစ်မှာကို
တွေးပြီး ရင်မောနေမိပြန်တာလဲ
ငါပါပဲဟာ ငါ့ဘဝဟာ
နေသာပေမယ့် နင့်အတွက်
မရေရာမှာကိုတွေးပြီး
ရင်မောမိပြန်တယ်ကောင်မလေးရယ်

အောင်ကောင်းကင် နတ္တလင်း

No comments:

Post a Comment