Thursday, January 8, 2015

ချစ်သူသို့...... ဆုသက်အောင်

ချစ်သူသို့......

သူကိုယ့်အနားရှိစဉ်တုန်းက
ပျော်ရွှင်ကြည်နူးခဲ့ရတယ်
အဝေးကိုသွားဖို့သူနှုတ်ဆက်မှ
ခွဲခွာရဖို့ကြောက်ရွံ့နေမိတယ်
ဒါပေမဲ့ချစ်သူရယ်
တစ်နေ့နေ့ဆိုတဲ့အချိန်တစ်ခု
မင်းနဲ့ငါ့ကြားရှိလာခဲ့ရင်တော့
မင်းတစ်ယောက်အတွက်သာ
ရည်ရွယ်ထားတဲ့ချစ်တယ်ဆိုတဲ့
စကားတစ်ခွန်းပြောချင်ပါသေးတယ်
သစ္စာတရားသာရှိခဲ့မယ်ဆိုရင်
တို့နှစ်ယောက်ဆုံစည်းကြမှာပါ

ဆုသက်အောင်(ထိန်တော-မိုးညို)

No comments:

Post a Comment