ဘဝရထား
ခု့ချိန်ထိပေါ့..
ဘီးပေါက်ရထားတစ်စင်းပေါ်မှာ
လေထိုးတံရှာနေတုန်းပဲ
ကမ္ဘာကြီးက ငါ့ကို
ဥပေက္ခာပြုရက်လိုက်တာ
မတ်တပ်ခြေတနေရာစာအတွက်
လမ်းဘေးကပေစောင်းစောင်းမီတိုင်နဲ့
စစ်ခင်းခဲ့ရ
ညဥ့်မိုက်ညတွေမှာ
ဆီခမ်းလုဖယောင်းတိုင်မီးကတောင်
ပြန်သနားရတဲ့ဘဝရဲ့အမွဲဇယား
ကွက်ကျော်ရွေ့ဖို့
ဘယ်ညာလက်တို့အားမာန်ယူရင်း
ညရထားတစ်စင်းနဲ့
ထွက်ခွာခဲ့ပြီ
ဘူတာသုံးဆယ်ရောက်တော့
မျက်နှာချင်းဆိုင်ကကောင်မလေး
ကျွန်တော့ခေါင်းပေါ်က
ကြာဇံမျှင်တွေကိုရေလို့တောင်ပြီးရော့မယ်
ရထားကတော့မီးခိုးတလူလူနဲ့ခုတ်နှင်နေဆဲ
အကိုကကဗျာဆရာလားတဲ့
ဟုတ်ကဲ့.....
အသုဘဖိတ်စာတွေမှာတော့
ကော်ပီကူးချဖူးပါတယ်
ဒါဆိုအတော်ပဲ
ညီမအတွက်တစ်ပုဒ်လောက်
ရေးပေးပါနော်တဲ့
ဟုတ်ကဲ့ ခေါင်းစဉ်သာပြောပါ
(မဆန်းသောသေခြင်း) ဆိုပါလား
ဘုရားဘုရားငါရထားမှားစီးမိပြီတူပါရဲ့
နံရံကနာရီကြည့်လိုက်တော့
ဒီညလည်း
ငါတစ်ယောက်ထဲပါပဲလား...
ပန်သော်တာ (နမ့်စန်)
ခု့ချိန်ထိပေါ့..
ဘီးပေါက်ရထားတစ်စင်းပေါ်မှာ
လေထိုးတံရှာနေတုန်းပဲ
ကမ္ဘာကြီးက ငါ့ကို
ဥပေက္ခာပြုရက်လိုက်တာ
မတ်တပ်ခြေတနေရာစာအတွက်
လမ်းဘေးကပေစောင်းစောင်းမီတိုင်နဲ့
စစ်ခင်းခဲ့ရ
ညဥ့်မိုက်ညတွေမှာ
ဆီခမ်းလုဖယောင်းတိုင်မီးကတောင်
ပြန်သနားရတဲ့ဘဝရဲ့အမွဲဇယား
ကွက်ကျော်ရွေ့ဖို့
ဘယ်ညာလက်တို့အားမာန်ယူရင်း
ညရထားတစ်စင်းနဲ့
ထွက်ခွာခဲ့ပြီ
ဘူတာသုံးဆယ်ရောက်တော့
မျက်နှာချင်းဆိုင်ကကောင်မလေး
ကျွန်တော့ခေါင်းပေါ်က
ကြာဇံမျှင်တွေကိုရေလို့တောင်ပြီးရော့မယ်
ရထားကတော့မီးခိုးတလူလူနဲ့ခုတ်နှင်နေဆဲ
အကိုကကဗျာဆရာလားတဲ့
ဟုတ်ကဲ့.....
အသုဘဖိတ်စာတွေမှာတော့
ကော်ပီကူးချဖူးပါတယ်
ဒါဆိုအတော်ပဲ
ညီမအတွက်တစ်ပုဒ်လောက်
ရေးပေးပါနော်တဲ့
ဟုတ်ကဲ့ ခေါင်းစဉ်သာပြောပါ
(မဆန်းသောသေခြင်း) ဆိုပါလား
ဘုရားဘုရားငါရထားမှားစီးမိပြီတူပါရဲ့
နံရံကနာရီကြည့်လိုက်တော့
ဒီညလည်း
ငါတစ်ယောက်ထဲပါပဲလား...
ပန်သော်တာ (နမ့်စန်)
No comments:
Post a Comment