Sunday, January 4, 2015

အရှင်ဒီပဝံသ(Zero)

မျှော်ရင်းတမ်းတ လွမ်းလှပေါ့ကွယ်
ခါးတမာ ချိုကာမှ
ချစ်ကြစတမ်း တောင်းဆုပန်မိတယ်။ ။
ကောင်းကင်ပြို ယုန်ဂျိုပေါက်ခါမှ
လိပ်မွေး ပုဇွန်သွေးနဲ့ ကမ္မည်းထိုးလို့
သစ္စာပြုကြမယ်။ ။
အော်....ပန်လေမိ ဆုတောင်း
ပြုလေမိ သစ္စာ
နေလနှစ်ဖြာ အတူယှဉ်တွဲထွက်ပါမှ
ပြယ်ပျက်ပါလို့ စိတ်ကရည်မိတယ်။ ။

အရှင်ဒီပဝံသ(Zero)

No comments:

Post a Comment