Sunday, January 4, 2015

စိတ်၏ ဖြေရာ ၅ 💔 နေဆည်းဆာ

စိတ်၏ ဖြေရာ ၅

မိုးကောင်းကင်ပြာ
မိုးအာကာက
မိုးအားကျခဲ့လေသလား
မိုးနတ်ဒေဝါ
မိုးသူဇာက
မိုးအားဖွားခဲ့လေသလား
မိုးပေါ်မင်းဖျား
မိုးသိကြားက
မိုးအားဖန်ဆင်းခဲ့လေသလား
မိုးကောင်းကင်ညို
မိုးနတ်ပျိုတို့
မိုးကိုမီမှမီပါ့မလား
သို့လောသို့လော
ဒို့တွေးတော၍
ငှေးမောရအောင်လှရက်သူ

နေဆည်းဆာ ဖောင်းပြင်

No comments:

Post a Comment