ရက်စက်နိုင်သူ
စိမ်းကားပြောကြား မ,စကားတွေ
ခံနိုင်ရည်အား မောင့်မှာမရှိ
ဘယ်အထိများ ရက်စက်မှာလဲ
မရယ်...
သံသရာတစ်ကွေ့ ဖန်ကာတွေ့လာ
ကြုံလာလေတော့ ခံစားရပေါ့
မရယ်...
ရက်စက်စိမ်းကား ပြောရက်လေရဲ့
မောင့်မှာဖြေမဆီ ရင်တွင်းဝေဒနာကို
မျက်ရည်တွေနဲ့ ငြိမ်းစေခဲ့သူ
မောင့်ဘဝကို ငဲ့စောင်းကြည့်လှည့်ပါလား
မရယ်...
လောကအလယ် ချစ်ကံခေတော့
ဘယ်ဘဝကြမ္မာ ဝဋ်ကြွေးတွေလဲ
ဒီဘဝဒီမျှနဲ့ ကြေပါရစေတော့ ....
မရယ်...
ဆောင်းရယ်အေးမြ ဒီတစ်ညဝယ်
ငိုကြွေးနေရ မောင်ဘဝကို
စာနာလှည့်ပါ မရယ်...
စိမ်ကားရက်စက်စွာပြောရက်သူ မ,ရေ
နောင်ဘဝဆက်တိုင်းချစ်နေလျှက်ပါ
မ,သိပါစေ......
အလင်္ကာ
စိမ်းကားပြောကြား မ,စကားတွေ
ခံနိုင်ရည်အား မောင့်မှာမရှိ
ဘယ်အထိများ ရက်စက်မှာလဲ
မရယ်...
သံသရာတစ်ကွေ့ ဖန်ကာတွေ့လာ
ကြုံလာလေတော့ ခံစားရပေါ့
မရယ်...
ရက်စက်စိမ်းကား ပြောရက်လေရဲ့
မောင့်မှာဖြေမဆီ ရင်တွင်းဝေဒနာကို
မျက်ရည်တွေနဲ့ ငြိမ်းစေခဲ့သူ
မောင့်ဘဝကို ငဲ့စောင်းကြည့်လှည့်ပါလား
မရယ်...
လောကအလယ် ချစ်ကံခေတော့
ဘယ်ဘဝကြမ္မာ ဝဋ်ကြွေးတွေလဲ
ဒီဘဝဒီမျှနဲ့ ကြေပါရစေတော့ ....
မရယ်...
ဆောင်းရယ်အေးမြ ဒီတစ်ညဝယ်
ငိုကြွေးနေရ မောင်ဘဝကို
စာနာလှည့်ပါ မရယ်...
စိမ်ကားရက်စက်စွာပြောရက်သူ မ,ရေ
နောင်ဘဝဆက်တိုင်းချစ်နေလျှက်ပါ
မ,သိပါစေ......
အလင်္ကာ
No comments:
Post a Comment