Monday, January 5, 2015

အနမ်းမဲ့ပန်း 💝 ပန်​​သော်​တာ (နမ့်​စန်​)

အနမ်းမဲ့ပန်း

သူမရဲ့​ခေါင်း​ပေါ်မှာ
တောပန်း​လေးတစ်​ပွင့်
အဖြူ​ရောင်​ချည်းချည်းမို့
ဒါဟာ..
တောသူမရဲ့အလှတရားနဲ့
ရိုးသားမှုဂုဏ်​ကို ပနံမျှခဲ့
အချစ်​ရှိပြီလားလို့​မေး​တော့
ခေါင်း​ပေါ်ကပန်းကိုကြည့်​ပါရှင်​တဲ့
ဝမ်းသာစိတ်​နဲ့ကြည့်​လိုက်​​တော့
သူမရဲ့​ခေါင်း​ပေါ်မှာ
အရိုင်းထည်​ဇလပ်​ပန်း​လေးတစ်​ပွင့်​....


ပန်​​သော်​တာ (နမ့်​စန်​)

No comments:

Post a Comment