.`` သူ နှင့် မဆိုင် ´´
♨ ♨ ♨ ♨ ♨ ♨
လေ ပြေ မသွေးသဖြင့်
စိတ်တော် မ အေးနိုင် ဟု
မထင်နှင့်
ကျွန်တော့် စိတ်က လေး
အေး /မ အေး သည်
လေပြေ သွေးသည်
မသွေးသည်နှင့် မဆိုင်.....။
ပိုက်ဆံ မ ပေါ သဖြင့်
မောနေပြီ ဟု မထင်နှင့်
ကျွန်တော် မောခြင်း
မ မောခြင်းသည်
ပိုက်ဆံပေါခြင်း
မ ပေါခြင်း နှင့် မဆိုင်....။
သူက မချစ်သဖြင့်
သူ့ကို မချစ်ဟု မထင်နှင့်
သူ့ကို ကျွန်တော်
ချစ် မချစ်သည်
သူက ကျွန်တော့်အား
ချစ် ခြင်း မချစ်ခြင်းနှင့်မဆိုင်....။
သူက မုန်းသဖြင့်
သူ့ကို ကျွန်တော်
မုန်းမည်ဟု မထင်နှင့်
သူ့ကို ကျွန်တော်
မုန်း မမုန်းသည်
သူက ကျွန်တော့်အား
မုန်းခြင်း မမုန်းခြင်းနှင့် မဆိုင်....။
တကယ်တော့ ...
သူ သူ ငါ ငါ
သေ ရာ ညောင်စောင်း
လဲ လျောင်းကြသောအခါ
လားလတ္တံ့သော `ဘဝ´ဟူသည်
သူ နှင့် မဆိုင်
သူတို့ နှင့် မဆိုင်
ကိုယ်နှင့်သာလျှင်
ဆိုင်လေသည်တကား....။
သူ့ရှင်[က လေး]
♨ ♨ ♨ ♨ ♨ ♨
လေ ပြေ မသွေးသဖြင့်
စိတ်တော် မ အေးနိုင် ဟု
မထင်နှင့်
ကျွန်တော့် စိတ်က လေး
အေး /မ အေး သည်
လေပြေ သွေးသည်
မသွေးသည်နှင့် မဆိုင်.....။
ပိုက်ဆံ မ ပေါ သဖြင့်
မောနေပြီ ဟု မထင်နှင့်
ကျွန်တော် မောခြင်း
မ မောခြင်းသည်
ပိုက်ဆံပေါခြင်း
မ ပေါခြင်း နှင့် မဆိုင်....။
သူက မချစ်သဖြင့်
သူ့ကို မချစ်ဟု မထင်နှင့်
သူ့ကို ကျွန်တော်
ချစ် မချစ်သည်
သူက ကျွန်တော့်အား
ချစ် ခြင်း မချစ်ခြင်းနှင့်မဆိုင်....။
သူက မုန်းသဖြင့်
သူ့ကို ကျွန်တော်
မုန်းမည်ဟု မထင်နှင့်
သူ့ကို ကျွန်တော်
မုန်း မမုန်းသည်
သူက ကျွန်တော့်အား
မုန်းခြင်း မမုန်းခြင်းနှင့် မဆိုင်....။
တကယ်တော့ ...
သူ သူ ငါ ငါ
သေ ရာ ညောင်စောင်း
လဲ လျောင်းကြသောအခါ
လားလတ္တံ့သော `ဘဝ´ဟူသည်
သူ နှင့် မဆိုင်
သူတို့ နှင့် မဆိုင်
ကိုယ်နှင့်သာလျှင်
ဆိုင်လေသည်တကား....။
သူ့ရှင်[က လေး]
No comments:
Post a Comment