* အလွမ်းည *
သံစဉ်တွေ တိတ်ဆိတ်
အိပ်မက်တို့ ခိုဝင်လာတဲ့ညလေးမှာ
နာရီတောင် သန်းခေါင်ကျော်နေပေမယ့်
အိပ်ယာနှင့် မနီးစပ်သေးတာ
ငါ့ကျောပြင်ရယ်ပါ
တွယ်ငြိမှုမှန်သမျှ သောကချည်းပါပဲ
ကိုယ်ပိုင်ဆိုင်တယ်ထင်ခဲ့ရတဲ့
ကိုယ်ပိုင် မျက်ဝန်းတစ်စုံကတောင်
အမိန့်ကို မနာခံကြတော့ဘူး
အေးမြလွန်းတဲ့ ဆောင်းညတွေလည်း
ပြင်းပျလွန်းတဲ့ အလွမ်းတွေနှင့်အတူ
နှင်းပွင့်တွေကို ကျောခိုင်းလို့
နွေညခင်းဆီ ခေါ်ဆောင်သွားပြီ
ထင်ပါရဲ့လေ.....။
အလင်းသစ်
ရွှေနန်းမြေ........။
သံစဉ်တွေ တိတ်ဆိတ်
အိပ်မက်တို့ ခိုဝင်လာတဲ့ညလေးမှာ
နာရီတောင် သန်းခေါင်ကျော်နေပေမယ့်
အိပ်ယာနှင့် မနီးစပ်သေးတာ
ငါ့ကျောပြင်ရယ်ပါ
တွယ်ငြိမှုမှန်သမျှ သောကချည်းပါပဲ
ကိုယ်ပိုင်ဆိုင်တယ်ထင်ခဲ့ရတဲ့
ကိုယ်ပိုင် မျက်ဝန်းတစ်စုံကတောင်
အမိန့်ကို မနာခံကြတော့ဘူး
အေးမြလွန်းတဲ့ ဆောင်းညတွေလည်း
ပြင်းပျလွန်းတဲ့ အလွမ်းတွေနှင့်အတူ
နှင်းပွင့်တွေကို ကျောခိုင်းလို့
နွေညခင်းဆီ ခေါ်ဆောင်သွားပြီ
ထင်ပါရဲ့လေ.....။
အလင်းသစ်
ရွှေနန်းမြေ........။
No comments:
Post a Comment