"ဘယ်တော့"
တစ်ချိန်ကဆို တို့နှစ်ယောက်
ရသမြောက်တဲ့ ကဗျာတွေကိုရေးဖွဲ့
ဘေးမဲ့တဲ့တောမှာ အတူနေ
သေအတူ ရှင်မကွာ
နေကြမယ်ကွာလို့
တိုင်ပင်ခဲ့ကြဖူးတယ် . . . ။
ခုတော့ . .
ကာရန်တွေလည်း ကျိုးပဲ့
ရသတွေလည်း လွင့်စင်
ကဗျာဥယျာဉ်ဆိုတာလည်းဝေလာဝေး
ဘေးမဲ့တောဆိုတာလည်းပေါ်မလာသေး
အတော်ကြာဝေးခဲ့ကြပေါ့မင်းနဲ့ငါ . . . ။
ငယ်ငယ်ကစိတ်နှလုံး
ဖြူစင်တုန်းအရွယ်က
ဘယ်လိုပင်တူညီမျှခဲ့ကြပေမယ့်
လောကရဲ့အကြောင်းကိုနားလည်လာ
ခုနေခါမှာတော့ မင်းနဲ့ငါဟာ
နီးလျက်နဲ့ဝေး ၃နှင့်၎ပမာ
အပြုံးမဲ့တေးကမ္ဘာကို
ရွေးချယ်ကာဖန်တီးမိခဲ့ကြတယ် . . . ။
ကဲ. . . သူငယ်ချင်း
အပြုံးမဲ့တေးကမ္ဘာမှာ
အမုန်းနဲ့ဝေးရာကို
ငါတို့တွေ
ဘယ်တော့ပြေးထွက်ကြမှာလဲ . . . ?
ထွန်းနောင်(ဖောင်းပြင်)
တစ်ချိန်ကဆို တို့နှစ်ယောက်
ရသမြောက်တဲ့ ကဗျာတွေကိုရေးဖွဲ့
ဘေးမဲ့တဲ့တောမှာ အတူနေ
သေအတူ ရှင်မကွာ
နေကြမယ်ကွာလို့
တိုင်ပင်ခဲ့ကြဖူးတယ် . . . ။
ခုတော့ . .
ကာရန်တွေလည်း ကျိုးပဲ့
ရသတွေလည်း လွင့်စင်
ကဗျာဥယျာဉ်ဆိုတာလည်းဝေလာဝေး
ဘေးမဲ့တောဆိုတာလည်းပေါ်မလာသေး
အတော်ကြာဝေးခဲ့ကြပေါ့မင်းနဲ့ငါ . . . ။
ငယ်ငယ်ကစိတ်နှလုံး
ဖြူစင်တုန်းအရွယ်က
ဘယ်လိုပင်တူညီမျှခဲ့ကြပေမယ့်
လောကရဲ့အကြောင်းကိုနားလည်လာ
ခုနေခါမှာတော့ မင်းနဲ့ငါဟာ
နီးလျက်နဲ့ဝေး ၃နှင့်၎ပမာ
အပြုံးမဲ့တေးကမ္ဘာကို
ရွေးချယ်ကာဖန်တီးမိခဲ့ကြတယ် . . . ။
ကဲ. . . သူငယ်ချင်း
အပြုံးမဲ့တေးကမ္ဘာမှာ
အမုန်းနဲ့ဝေးရာကို
ငါတို့တွေ
ဘယ်တော့ပြေးထွက်ကြမှာလဲ . . . ?
ထွန်းနောင်(ဖောင်းပြင်)
No comments:
Post a Comment