တုနှိုင်းမဲ့မေတ္တာ
မြင့်မိုရ်တောင်မင်း|မြင့်မားခြင်းသည်
ပမာတိုင်းဆ|တွက်၍ရ၏။
ပင်လယ်ရေဆင်း|ကျယ်ပြန့်ခြင်းသည်
ပမာတိုင်းဆ|တွက်၍ရ၏။
သမုဒ္ဒရာတလင်း|နက်ရှိုင်းခြင်းသည်
ပမာတိုင်းဆ|တွက်၍ရ၏။
သူရိန်နေမင်း|တောက်ပခြင်းသည်
ပမာတိုင်းဆ|တွက်၍ရ၏။
စန္ဒာလမင်း|အေးမြခြင်းသည်
ပမာတိုင်းဆ|တွက်၍ရ၏။
တိုင်းဆတွက်ရ|ပမာဏနှင့်
မေမေ့မေတ္တာ|ပုံရိပ်လွှာကို
ပမာခိုင်းဆို|မနှိုင်းလိုဘူး
နှိုင်းဆိုတိုင်းက|ရိုင်းရာကြမည်
မေမေ့မေတ္တာ|ပုံရိပ်လွှာကား
တိုင်းဆမရ|အနန္တမို့……။
လင်းတမန်(တန့်ဆည်)
၁၃၇၆ခုနှစ် ပြာသိုလ်လပြည့်အမေ့နေ့
ကဗျာချစ်သောမေမေ့သား
အဝေးတစ်မြေမှ…
ကဗျာဖြင့်ပူဇော်ခြင်း အမှတ်တရ~~~~~
မြင့်မိုရ်တောင်မင်း|မြင့်မားခြင်းသည်
ပမာတိုင်းဆ|တွက်၍ရ၏။
ပင်လယ်ရေဆင်း|ကျယ်ပြန့်ခြင်းသည်
ပမာတိုင်းဆ|တွက်၍ရ၏။
သမုဒ္ဒရာတလင်း|နက်ရှိုင်းခြင်းသည်
ပမာတိုင်းဆ|တွက်၍ရ၏။
သူရိန်နေမင်း|တောက်ပခြင်းသည်
ပမာတိုင်းဆ|တွက်၍ရ၏။
စန္ဒာလမင်း|အေးမြခြင်းသည်
ပမာတိုင်းဆ|တွက်၍ရ၏။
တိုင်းဆတွက်ရ|ပမာဏနှင့်
မေမေ့မေတ္တာ|ပုံရိပ်လွှာကို
ပမာခိုင်းဆို|မနှိုင်းလိုဘူး
နှိုင်းဆိုတိုင်းက|ရိုင်းရာကြမည်
မေမေ့မေတ္တာ|ပုံရိပ်လွှာကား
တိုင်းဆမရ|အနန္တမို့……။
လင်းတမန်(တန့်ဆည်)
၁၃၇၆ခုနှစ် ပြာသိုလ်လပြည့်အမေ့နေ့
ကဗျာချစ်သောမေမေ့သား
အဝေးတစ်မြေမှ…
ကဗျာဖြင့်ပူဇော်ခြင်း အမှတ်တရ~~~~~
No comments:
Post a Comment