Monday, January 5, 2015

ဝန္ဒာမိပါဆရာ

အဆင်းရနံ့ ပေါင်းစုံစွာ
ဆရာ့ဥယျာဉ်ဘုံထဲမှာ
ခိုလှုံသူတို့ဘဝတင့်ဆန်း
လန်းဆန်းနေမှာ စဉ်အမြဲ
ကမ္ဘာမြေကြီးလှဖို့ပြင်
မေတ္တာပန်းဖြင့်အလှဆင်
ပေါင်းမြက်သင်လို့ အနစ်နာပေး
ဆရာ့စေတနာ မမေ့ကြေး
ကျေးဇူးဆပ်ဖို့ ဝန်မလေး
အပြစ်ပေးလို့ စိတ်ကထန်
ပြစ်မှားမိတဲ့တို့များအကြံ
ကန်တော့ခြင်းဖြင့် ချေစို့လား
အပြစ်များလဲ ကျေစေသား
ဝန္ဒာမိပါဆရာများ။ ။

No comments:

Post a Comment