Monday, January 5, 2015

ချစ်သူ သိစေ...💑 ဆုသက်အောင်

ချစ်သူ သိစေ...

အရမ်းလွမ်းတယ်ချစ်သူရယ်
မင်းမရှိတဲ့နေရာတစ်ခုမှာ
ငါရှင်သန်နေရတာ
ပင်ပန်းလွန်းပါတယ်
အနားမှာအမြဲရှိစေချင်ပေမဲ့
ကံကြမ္မာရဲ့စီရင်ချက်အောက်မှာ
အရမ်းချစ်တဲ့ငါတို့နှစ်ယောက်
ဝေးကွာနေရတယ်
ဒီအချိန်လေးတွေ
မင်းငါ့ကိုပုံမှန်သတိရပေးပါ
နောက်တစ်ယောက်မရှာပါနဲ့
နေကောင်းအောင်နေပါ
သတိရတဲ့အခါဖုန်းဆက်ဖို့မမေ့ပါနဲ့
ငါ့ကိုလည်းစိတ်ချထားပေးပါ
မင်းသာငါ့ဘဝမိုလို့ပါချစ်သူ
မင်းကိုဆုံးရှုံးရမှာကြောက်လွန်းတဲ့သူမို့
ငါတစ်ယောက်တည်းကိုသစ္စာရှိရှိချစ်နေပေးပါ
ငါအရမ်း ချစ်လို့ပါချစ်သူရယ်

ဆုသက်အောင်(ထိန်တော-မိုးညို)

No comments:

Post a Comment