လွမ်းသူသက်ထား
သက်ထားရေ
ဟိုးရွှာတော်ဦးဆီက
ထုံးဖြူဖြူစေတီလေးမှာ
ဆည်းလည်းသံတွေကြားတိုင်း
သက်ထားရှိရာခင်တန်းလေးဆီပြေးမြင်မိတယ်..
တောပန်းကလေးတွေဘုရားမှာလှူရင်း
ကြည်နူးမှု့အပြုံးကိုယ်ဆီနဲ့
ဆည်းဆာချိန်ရွှာဝင်လမ်းမှာ
တို့နှစ်ယောက်အတူတူလျှောက်ခဲ့တယ်
သတိမှရပါစေသားသက်ထားရယ်..
ရွှာအဝင်လမ်းလေးဆီလဲမင်းမလာတော့ဘူး
ဆည်းလည်းသံကြားတဲ့ဘုရားဆီကိုလဲပန်းမလှူ
တော့ဘူး
ဘာကြောင့်ရယ်လို့လဲမေးခွင့်မပေးတော့
ရာသီအလီလီပြောင်းခဲ့သော်လည်း
သက်ထားကိုတော့အောင်မေ့မိတယ်
တို့နှစ်ဦးကြားမှာထားရှိခဲ့တဲ့
နားလည်မှု့စာချွန်လွှာလေး
မှင်ရေကြဲစပြုချိန်မှာ
သက်ထားပြောတဲ့သင်္ခါရဆိုတာကို
ငါတို့နှစ်ဦးအတွက်တော့
ခြွင်းချက်ပဲဖြစ်ပါရစေသား
ခု့ချိန်ဆိုတောပန်းလေးတွေလဲပွင့်နေလောက်ပြီ
ဆည်းလည်းသံလေးလဲကြားနေရပြီ
ကိုယ့်အနားမှာမင်းမရှိတာကလွဲရင်
အားလုံးပြည့်စုံလျှက်ပါ
အလင်းရောင်(နမ့်စန်)
သက်ထားရေ
ဟိုးရွှာတော်ဦးဆီက
ထုံးဖြူဖြူစေတီလေးမှာ
ဆည်းလည်းသံတွေကြားတိုင်း
သက်ထားရှိရာခင်တန်းလေးဆီပြေးမြင်မိတယ်..
တောပန်းကလေးတွေဘုရားမှာလှူရင်း
ကြည်နူးမှု့အပြုံးကိုယ်ဆီနဲ့
ဆည်းဆာချိန်ရွှာဝင်လမ်းမှာ
တို့နှစ်ယောက်အတူတူလျှောက်ခဲ့တယ်
သတိမှရပါစေသားသက်ထားရယ်..
ရွှာအဝင်လမ်းလေးဆီလဲမင်းမလာတော့ဘူး
ဆည်းလည်းသံကြားတဲ့ဘုရားဆီကိုလဲပန်းမလှူ
တော့ဘူး
ဘာကြောင့်ရယ်လို့လဲမေးခွင့်မပေးတော့
ရာသီအလီလီပြောင်းခဲ့သော်လည်း
သက်ထားကိုတော့အောင်မေ့မိတယ်
တို့နှစ်ဦးကြားမှာထားရှိခဲ့တဲ့
နားလည်မှု့စာချွန်လွှာလေး
မှင်ရေကြဲစပြုချိန်မှာ
သက်ထားပြောတဲ့သင်္ခါရဆိုတာကို
ငါတို့နှစ်ဦးအတွက်တော့
ခြွင်းချက်ပဲဖြစ်ပါရစေသား
ခု့ချိန်ဆိုတောပန်းလေးတွေလဲပွင့်နေလောက်ပြီ
ဆည်းလည်းသံလေးလဲကြားနေရပြီ
ကိုယ့်အနားမှာမင်းမရှိတာကလွဲရင်
အားလုံးပြည့်စုံလျှက်ပါ
အလင်းရောင်(နမ့်စန်)
No comments:
Post a Comment