Sunday, January 4, 2015

နေရာ​(အောင်​​လေး)

.♥​နေရာ♥

နေဝင်​ဆည်းဆာအလှ
ညတစ်​ညအဖြစ်​​ပြောင်းလဲလို့
လွမ်း​မောဖွယ်​အတိနဲ့
မင်းကို​မျှော်​​နေတတ်​ပြီ
ချောင်းရိုးတစ်​​လျောက်
ဖြတ်​တိုက်​လာတဲ့ ​လေ​ပြေ​အေးက
ကိုယ့်​ကို​ပြောသွားတယ်
မင်း​တော့ရူးသွားပြီတဲ့
အချစ်​​ကြောင့်​လူသားတိုင်း
ရူးသွပ်​နိုင်​တယ်​ဆိုတာ
သူမသိလို့ဖြစ်​မှာပါ
လူသားအားလုံးအတွက်
ဖြူစင်​တဲ့အလင်း​ပေးသူ
လမင်းကြီး​လောက်
အစွမ်းအစ မရှိ​ပေမယ့်
သဘာဝက​ပေးတဲ့ပိုးစုန်းကြူး​လေးလို
အလင်း​ရောင်​နဲ့ကိုယ်​ တတ်​စွမ်းသ​လောက်
ပါရမီဖြည့်​ချင်​သူပါ
ဒါ​ပေမယ့်​....မင်းရဲ့ရင်​ဘက်​ထဲမှာ
ကိုယ့်​အတွက်​ ​နေရာဆိုတာရှိနိုင်​ပါ့မလား?
ချစ်​သူရယ်​..............

(အောင်​​လေး)

No comments:

Post a Comment