Monday, January 5, 2015

မထူးသောပြယုဂ် 💑 လမ်းပြကြယ် ဘဝတက္ကသိုလ် ။

(မထူးသောပြယုဂ် )

သာယာမှုကိုရှာတာမဟုတ်ဘူးဆိုပေမဲ့
မသာယာတဲ့ ငါ့ဘဝကမ်း
လက်ရမ်းပြသွားတာ မင်းပါချစ်သူ

အချစ်ဆိုတာ....ကို
ရှာပုံတွေကလည်းစုံသား
ကိုယ့်ချစ်ကိုရှာ ဆိုလား
သူ့ချစ်ကိုရှာဆိုလား

ဘာပဲဖြစ်ဖြစ်.....
သူချစ်ကိုရှာတော့လည်း
သူမချစ်တော့တဲ့
တစ်နေ့နေခဲ့ရုံပေါ့

ကိုယ့်ချစ်ကိုရှာတော့လည်း
ကိုယ်မချစ်တော့ရင် ထားခဲ့နိုင်တာပဲ

ဒီလောက်အနက်အဓိပ္ပါယ်မဲ့တဲ့အချစ်ကို
ကိုယ့်ရူးသွတ်မှုနဲ့ကိုယ်
ဘယ်လိုပဲထင်ထင်
အကြားအမြင်မရှိပဲ
သိနေတာက
အချစ်ဆိုတာ....
မမြဲတဲ့အရာတွေထဲက
တစ်ခုပါပဲလေ ။

လမ်းပြကြယ် ဘဝတက္ကသိုလ် ။

No comments:

Post a Comment