အလွမ်းဖွဲ့ ရှု့မျှော်ခင်း
နံရံဖွဲ့အခန်းကျဉ်းလေးထဲမှာ
လွတ်မြောက်ပြေးထွက်ဖို့
ဒီကောင်းကင်ပြာကြီးအောက်မှာ
မင်းရှိရာအရပ်ကို
ခဏခဏရပ်ပြီးငေးကြည့်မိတဲ့ငါ
လွမ်းစရာနဲ့ခေါက်ရိုးကျိုး
ညနေတွေထဲ ပြိုကျလု
တိမ်ဆိုင်းကအရိုးစွဲနေတဲ့
မျှော်လင့်ခြင်းမှာချစ်ခြင်းဖွဲလို့။
တုပ်နှောင်ထားတဲ့သတိရမူမှာ
ဖာထေးမရတော့တဲ့
အလွမ်းတွေတစ်နေ့တစ်ခြား
တမ်းတမ်းတတမပျော်ပိုက်ခြင်းတွေထဲ
သွန်ချတဲ့အခါအပိုင်းအစအဖြစ်
ပြိုကျလာမဲ့ရှု့မျှော်ခင်းကို
အဝေးထိုင်ကြည့်ငေးမောရုံလေးပါ။
အညတရ
နံရံဖွဲ့အခန်းကျဉ်းလေးထဲမှာ
လွတ်မြောက်ပြေးထွက်ဖို့
ဒီကောင်းကင်ပြာကြီးအောက်မှာ
မင်းရှိရာအရပ်ကို
ခဏခဏရပ်ပြီးငေးကြည့်မိတဲ့ငါ
လွမ်းစရာနဲ့ခေါက်ရိုးကျိုး
ညနေတွေထဲ ပြိုကျလု
တိမ်ဆိုင်းကအရိုးစွဲနေတဲ့
မျှော်လင့်ခြင်းမှာချစ်ခြင်းဖွဲလို့။
တုပ်နှောင်ထားတဲ့သတိရမူမှာ
ဖာထေးမရတော့တဲ့
အလွမ်းတွေတစ်နေ့တစ်ခြား
တမ်းတမ်းတတမပျော်ပိုက်ခြင်းတွေထဲ
သွန်ချတဲ့အခါအပိုင်းအစအဖြစ်
ပြိုကျလာမဲ့ရှု့မျှော်ခင်းကို
အဝေးထိုင်ကြည့်ငေးမောရုံလေးပါ။
အညတရ
No comments:
Post a Comment