Monday, January 5, 2015

အသက်မဲ့အလွမ်းများ

အသက်မဲ့အလွမ်းများ

လရဲ့ဖြန့်ကြက်ဆိတ်ငြိမ်ခြင်းမှာ
လွင့်ပျံ့ လာတဲ့ နင်အရိပ်တွေနဲ့
ဦးတည်ရာမဲ့ လွင့်ပါးငေးမောလို့။

ဒီအခန်းထောင့်ကျဉ်းလေးထဲ
လရိပ်ဝေတဲ့ လွမ်းဆွတ်မူမှာ
သိုသိပ်ထားတဲ့ငါညတွေက
အလွမ်းတို့နဲ့နှောင်ဖွဲ့လို့။

ငါအိမ်မက်တွေနှလုံးသားရဲ့
ထာဝရတိတ်ဆိတ်မူမှာ
မမေ့မပျောက် ချစ်သူကိုယ်စား
အလွမ်းတွေအဖြစ်မွှေးမြရစ်ပတ်
ချည်နှောင်လို့။

တကယ်တော့
နှလုံးသားချုပ်ရိုးပေါ်က
အမာရွတ်တွေနဲ့ထုဆစ်မူ
အရင်းမြစ်ကိုချပြဖို့တွေ့ဆုံ
နွေးထွေးမူစာမျက်နှာထဲ
သတိရလွမ်းမိတိုင်းမှာ
မျှော်လင့်ချက်မဲ့ဘဝကဘာမှာ
ပြည့်စုံမူမရှိတော့တာတစ်ခုထဲပါ
ချစ်သူရယ်။

No comments:

Post a Comment