Sunday, January 4, 2015

မေ့မရသောနေ့.... 💖 ထွန်းနောင်

" မေ့မရသောနေ့ "

အဲဒီနေ့
အဲဒီနေ့ကပေါ့
နှင်းစက်တို့ကလည်း မကျ
ပျားတို့ကလည်း မချို
ကျိတ်ငိုသံလည်း မကြား
စိတ်တွေကလည်း ထွေပြားခဲ့ရတယ်။

ငါ့ရဲ့မှတ်တမ်းမှာ
ဇာတ်လမ်းတစ်ခုမှာ
စွဲထင်ကျန်ရစ်ခဲ့ပါပြီ။

သေချာပါပြီ
အဲဒီနေ့ကိုတော့
ဒီတစ်သက်မေ့နိုင်တော့မှာမဟုတ်ပါဘူး။

ထွန်းနောင်(ဖောင်းပြင်)

No comments:

Post a Comment