Sunday, January 4, 2015

အချစ်ဆိုတဲ့မြစ် ဘဝဆိုတဲ့ပင်လယ် 💗 အောင်မျိုးချစ်(ပလက်ဝ)

တစ်စက်ပြီးတစ်စက် ပါးပြင်ပေါ်လိမ့်ကျ
အချစ်နဲ့မြစ်ဖျားခံလာတဲ့ဘဝ
အမုန်းမြစ်လက်တက်နဲ့အတွေ့မှာ
အလွမ်းတွေ ဒလဟောစီးဆင်း
အတိုင်းအဆမရှိ မြစ်ဝကျယ်မှာ
နာကျင်ခြင်း နှုန်းမြေတွေအထပ်ထပ်
သတိရခြင်းတွေ တိုက်စားဖန်များလာတော့
အသဲနှလုံးနဲ့တူတဲ့ သဲမြေလည်း
တစ်စတစ်စ ပြိုကျ ကြာလာတော့.....
လက်ကျန်အချစ်အစအနတွေတောင်
ဘဝဆိုတဲ့ ပင်လယ်ထဲရောက်ကုန်တယ်
ဒီနေ့အထိ လက်ပစ်ကူးနေရတုန်းပဲ.....။

အောင်မျိုးချစ်(ပလက်ဝ)

No comments:

Post a Comment