Sunday, January 4, 2015

ဝေဒနာ​တောင်​ကုန်း​ဟောင်း​လေး 💞 အလင်း​ရောင်

ဝေဒနာ​တောင်​ကုန်း​ဟောင်း​လေး

စိတ်​မပါပဲအိပ်​​နေရတာ
နှစ်​ပရိ​စ္ဆေဒ ကြာလာ​တော့
ရော်​ရင့်​လာသလိုပဲ
စိတ္တဇ ည​တွေလင်းကြက်​မတွန်​ခင်
အရိပ်​မဲ​ခြေရာ​တွေ ဟိုးအတိတ်​ဆီက
အမှတ်​​ပေဇယား​လေး သွားရှာ​လေရဲ့
အမှန်​ခြစ်​က​လေးများ အမုန်း​ချောင်းထဲမှာ
ဥ​ပေက္ခာပြုခံလိုက်​ရပြီ
မာနတံခွန်​ ဆီးချင်းထိုးပွဲမှာ
ငါ့နှလုံးသားတပ်​မဟာက
အစကတည်းကအလံဖြူပြ​ခဲ့တာ
မင်းခင်းခဲ့တဲ့အမုန်းတံတား​လေး​အောက်​မှာ
ငါ့နှလုံးသားတစ်​စုံမြုပ်​နှံခဲ့တယ်
မင်း​ကလွဲပြီးဘယ်​သူမှ​ဖော်​ယူခွင့်မရှိ​အောင်
ငါ့သစ္စာ​တွေနဲ့ ပန္နက်​ရိုက်​ခဲ့တယ်
မင်းကစမျက်​ကွယ်​ပြုချင်​တာပဲ
တောင်​စွယ်​​နေကွယ်​​အောင်​​စောင့်​စရာမလိုပါဘူး
စကား​လေးတစ်​ခွန်းနဲ့တင်​ လုံ​လောက်​ပါတယ်
ပြန်​​တော့မယ်​ကွယ်
ဝေဒနာ​တောင်​ကုန်း​ဟောင်း​လေး
အလွမ်းမိုး​စွေ​တော့မယ်
မြေဇာပင်​​လေးသဝဏ်လွှာပို့​နေပြီ

အလင်း​ရောင်​ (နမ့်​စန်​)

No comments:

Post a Comment