Wednesday, January 7, 2015

မဖြစ်စေနဲ့...... သစ္စာ

မဖြစ်စေနဲ့......

မြန်မာ မြန်မာကိုမချစ်တတ်သူ
မှန်ရာ မှန်ရာကိုပုတ်ခတ်သူ
အူတူတူ အ,တတနဲ့
သူများတကာမှိုင်းချက်
နှိုင်းဖတ်လို့လိုက်တတ်ပုံကအစစ
လွပ်လပ်သူအခွင့်ရေး
ရယူချင်သူ့အတွေးတွေနဲ့
အမျိုးကာကွယ်ဖို့လည်း
လူ့အခွင့်ရေး
ဘာသာသာသနာကာကွယ်ဖို့လည်း
လူ့အခွင့်ရေး
နိုင်ငံကာကွယ်ဖို့လည်း
လူ့အခွင့်အရေး
ဟိုနေရာအော်
ဒီနေရာအော်
မတည့်မတော်တာတော့မမြင်
အတည်စော်ကားပင်
ဝါးမျိုတော့မယ့်
မြွေမိစ္ဆာရန်သူကို
အတူတူလမ်းဖွင့်ကာပေး…
ပေးချင်တိုင်းပေးရော့
ကိုယ့်အမျိုးကိုယ်မှသစ္စာမရှိကြတော့။

သစ္စာ

No comments:

Post a Comment