နောင်တမျက်ရည်
အမေမရှိလေတော့
ဖြေမချိလွမ်း နေထိပန်းနှယ်။
ရင်မှာပူပြင်း မီးတောင်ထွန်း။
မဟာဂုဏ်ထူး များကျေးဇူးကို
တစ်မုစာမျှ မဆပ်ရခဲ့။
ရင်မှဖြစ်သွေး တစ်စက်လေးမျှ
မကျေရလို့ နောင်တနှင့်လွမ်း
ငိုမခန်းတော့။
မွေးမိခင်များ ဂုဏ်ပြုထားမှတ်
လပြည့်ရက်က သားလက်ကိုတို့
ငိုဖို့ပြောနေ မျက်ရည်တွေနဲ့ပါ
အမေရယ်....။
နွေဦး
အမေမရှိလေတော့
ဖြေမချိလွမ်း နေထိပန်းနှယ်။
ရင်မှာပူပြင်း မီးတောင်ထွန်း။
မဟာဂုဏ်ထူး များကျေးဇူးကို
တစ်မုစာမျှ မဆပ်ရခဲ့။
ရင်မှဖြစ်သွေး တစ်စက်လေးမျှ
မကျေရလို့ နောင်တနှင့်လွမ်း
ငိုမခန်းတော့။
မွေးမိခင်များ ဂုဏ်ပြုထားမှတ်
လပြည့်ရက်က သားလက်ကိုတို့
ငိုဖို့ပြောနေ မျက်ရည်တွေနဲ့ပါ
အမေရယ်....။
နွေဦး
No comments:
Post a Comment