လေညှင်းပြေးလို့ဝင်လာခဲ့တဲ့
ငါ့နှလုံးသား အခန်းဝမှာ
နင့်အငွေ့အသက်တွေ အေးစက်သွားခဲ့ပြီချစ်သူ...
တစ်ခါတစ်ရံ ခလုတ်တိုက်မိတဲ့
အမှတ်တရတိုင်းမှာလည်း
နင့် ချစ်စကားတွေ
ကြားယောင်မိဆဲပေါ့
ဘာရယ်မဟုတ်ပေမယ့်
ငါမမျှော်လင့်ခဲ့တဲ့
အလွမ်းသင့်နေရက်တွေကို
လှောင်ရယ်ပြု နင်ဖန်တီးသွားခဲ့ပြီပေါ့
ကျေနပ်နေဆဲပါ ချစ်သူ
ငါက နင်မချစ်တော့တာတောင်
တိုးတိတ်စွာ စိုးထိတ်ရင်းနဲ့
နင့်ကို ကြိတ်မှိတ်လို့
တိတ်တဆိတ် ခိုးချစ်နေမှာပါ...
အလွမ်းရင့် ( JK )
ငါ့နှလုံးသား အခန်းဝမှာ
နင့်အငွေ့အသက်တွေ အေးစက်သွားခဲ့ပြီချစ်သူ...
တစ်ခါတစ်ရံ ခလုတ်တိုက်မိတဲ့
အမှတ်တရတိုင်းမှာလည်း
နင့် ချစ်စကားတွေ
ကြားယောင်မိဆဲပေါ့
ဘာရယ်မဟုတ်ပေမယ့်
ငါမမျှော်လင့်ခဲ့တဲ့
အလွမ်းသင့်နေရက်တွေကို
လှောင်ရယ်ပြု နင်ဖန်တီးသွားခဲ့ပြီပေါ့
ကျေနပ်နေဆဲပါ ချစ်သူ
ငါက နင်မချစ်တော့တာတောင်
တိုးတိတ်စွာ စိုးထိတ်ရင်းနဲ့
နင့်ကို ကြိတ်မှိတ်လို့
တိတ်တဆိတ် ခိုးချစ်နေမှာပါ...
အလွမ်းရင့် ( JK )
No comments:
Post a Comment