Sunday, November 30, 2014

စိတ္တဇ ရင်ခုန်သံ ✏ အညတရမောင်

စိတ္တဇ ရင်ခုန်သံ

ငါရဲ့ရင်ခုန်သံအသေနဲ့ဒိုင်ယာရီပေါ်မှာ
ချရေးခွင့်မရတဲ့စာမျက်နှာက
မင်းပေးတဲ့ အလွမ်းနဲ့
ဝေဒနာမချိမဆံ့ ကျဲပြန့်နေလို့
ရင်တစ်ထောက်နားဖို့
ငါတမ်းတခြင်းတွေအတွက်
တစ်ကိုယ်ရေအတွေးနဲ့
စွဲမြဲ ခြောက်ခြား ထင်ကျန်လို့။

လွမ်းဆွတ်မူနဲ့ အငွေ့ပြန့်ကျန်နေတဲ့ဒီ
စိတ္တဇနေ့ညတွေထက်
ကွဲကျတုန်ရီလှစ်ဟာနေတဲ့
သတိရခြင်းတွေထက်
အသက်ရှုရတာစက္ကန့်သံ
ံခြေချတိုင်း အလွမ်းပျိုးသူရဲ့
ရင်ထဲကိုယ်ပိုင်အနာတရနဲ့
ဲ နေသားမကျကြေမွနေတဲ့
အိမ်မက်အသိုးနဲ့
မလွတ်မြောက်သေးတဲ့
့အကွာအဝေးတွေရဲ့
တွန့်ကြေနေတဲ့ရင်ခုန်ခြင်း
အပိုင်းအစတွေနဲ့. . . .။့

တကယ်တော့ . . . . .
သက်ဝင်မူနဲ့မပျောက်ရှတဲ့
အလွမ်းကိုထွေးပိုက်သတိရစိတ်က
ပြန့်လွင့် ရိုက်ခတ်လို့သေမထူး
နေမထူးဘဝထဲမင်းကိုချစ်တဲ့စိတ်နဲ့
ငါအရူးအမူးရှင်သန် နေရစ်ခဲ့ရပေါ့။

မြတ်နိုးခွင့်. ✏ အညတရမောင်

မြတ်နိုးခွင့်

နှလုံးသားကောက်ကြောင်းတွေမှာ
မရေးပဲထင်နေတဲ့ မင်းပုံရိပ်နဲ့
ပွေ့ဖက်ထားတဲ့ သိပ်တည်းမူတွေက
အိမ်မက်မဟုတ်ပါဘူး။

သတိရတိုင်းထထကြည့်ရတဲ့
ညဉ့်နက်မဲ့ အလွမ်းနဲ့
ွခြားနားခြင်းထဲမှာလို
အပ်ချက်တွေဖိတ်စင်ကျလို့
ို့သော့ခတ်သိမ်းဆည်းလိုက်ရတာက
နင်ပေးမဲ့ဘယ်အရာတွေကဘာပဲ
ဖြစ်ဖြစ်ပေါ့။

ဒီအတွက် . . . . . .
ထွက်သွားတော့လို့
နာကျည်းမူနဲ့မင်းနှင်မဲ့
အချိန်တွေထိမင်းအဝေးကပဲ
ငါချစ်ခြင်းအသေကို
အသက်သွင်းထားပါရစေ။

တကယ်ဆို လွမ်းဖို့
ချစ်တဲ့ ငါအတွက်တော့
တစ်နေ့နေ့မှာ ဒီအလွမ်းတွေ
ထွေးပိုက်ရင်းထွက်သွားရမှာမို့
နင်ကျေနှပ်ဖို့နောက်ဆုံးချိန်ထိ
ပေးဆပ်နိုင်ဖို့သက်သက်
မြတ်နိုးတွယ်တာခွင့်ရှိတာကို
ငါကျေနပ်ပါတယ်။

အညတရမောင်

နှောင်​ကြိုး ✏ မောင်ငယ်ရင်သွေး

မတွေ့ မမြင်
မေ့ချင်ပေမယ့်
ခိုင်ကြည်ဖွဲ့ထုံး
သည်နှောင်ကြိုးကြောင့်
မေ့ချင်ပါလျက်
မေ့ဖို့ခက်တယ်...။

မောင်ငယ်ရင်သွေး
(ပန်းတနော်)

အကြွေပန်းတို့သက်သေတည် ✏ မောင်ငယ်ရင်သွေး

အကြွေပန်းတို့သက်သေတည်

ချစ်ဦးသက်လျာ
မောင့်သည်းညှာနှင့်
ပန်းကြွေပင်အောက်
ပန်းကြွေကောက်ဖူး
အတိတ်ဦးကို
မဖြေသာ လွမ်း...
ရင်မှာ နွမ်း လို့
အကြွေပန်းများ
ကောက်ဆဲပင်...

မောင်ငယ်ရင်သွေး
(ပန်းတနော်)

အချစ်ကြီး ✏ မောင်သူရိန်

" အချစ်ကြီး "

လပြည်ည
မိုးကောင်းကင်မှာ
ကြယ်တွေရယ်
အလွန်များ
မေ ရေလို့ရမလား
ကိုကိုအချစ်တွေရယ်
ကြယ်တွေကိုပမာထား
မေ သိစေသား


မောင်သူရိန်( မော်ကျွန်းငရဲသား )

ဒီဆောင်းသို့ရောက်ပြန်ပြီ(ထက်ဝေလျှံ)

ဒီဆောင်းသို့ရောက်ပြန်ပြီ(ထက်ဝေလျှံ)

ကောင်မလေးရေ
နှုတ်မဆက်ဘဲမင်းထားသွားခဲ့တယ်နော်
မလုံခြုံတဲ့အကာအရံနဲ့
ခင်းကျင်းထားတဲ့ငါ့ပတ်ဝန်းကျင်မှာ
နွေးထွေးမှုကိုရှာဖွေရင်း
မလုံလောက်တဲ့အနွေးဓာတ်လေးကိုပဲ
ငါဖက်တွယ်နေမိခဲ့တယ်
ပြက္ခဒိန်တွေတစ်ခုပြီးတစ်ခုလဲခဲ့လည်း
မပြောင်းလဲတဲ့ဝေဒနာမီးတွေက
တစ်စတစ်စလောင်ကျွမ်းရင်း
ဒီဆောင်းသို့တဖန်ရောက်ပြန်ပြီ
ဆောင်းရဲ့အအေးက
ငါ့ရင်ကိုမအေးမြနိုင်ဘူးလေ
ငါဟာကံခေသူတစ်ယောက်လို့ပြောရမလား
အချစ်ဆိုတာနဲ့မအပ်စပ်သူလို့ပြောရမလား
တကယ်တော့
ကိုယ့်အကြောင်းကိုသိနေပေမယ့်
ကမ္ဘာဦးအစကတည်းက
ရှင်သန်ပေါက်ဖွားလာခဲ့တဲ့
ချစ်ခြင်းဆိုတဲ့နိယာမတရားကိုတော့
ှလျှို့ဝှက်သိမ်းဆည်းမထားနိုင်ခဲ့သူပါ
အသွင်မတူတဲ့စည်းတစ်ခုက
ငါတို့နှစ်ယောက်အကြားမှာ
ခြားကွယ်နေလေတော့
အချစ်ဆိုတာကိုရင်မှာသိုဝှက်ပြီး
အရှက်တရားနဲ့ကိုယ်ကျင့်သိက္ခာဆိုတဲ့
လူ့ကျင့်ဝတ်နဲ့စတေးနေရတယ်
အနေကြပ်တဲ့ဘဝဟာ
ငရဲခံနေရသလိုပါပဲ
ပျော်ရွှင်မှုဆိုတဲ့ဆန္ဒကို
လူတိုင်းတောင်းတနေကြတယ်လေ
ဒါပေမဲ့
ပျော်ရွှင်မှုသက်သက်နဲ့
မင်းဘဝထဲငါမလာချင်သလို
ငါ့ဘဝထဲကိုလည်းရောက်မလာစေချင်ဘူး
ငါဟာမင်းအတွက်ပြည့်စုံမှုတစ်ခုပါ
ထပ်လောင်းပေးချင်တဲ့သူပါ။

သူသိပါစေ....( ပြန့်ပြောသူ )

သူသိပါစေ

ချစ်သူမျက်နာ
တနေ့တစ်ခါ
မတွေ့ရ ရင်
ရင်ထဲသည်းက
မနေတတ်၍
စာလွှာရေးခါ
ပေးပို့စာကို
ချစ်သူဖတ်လို့
သိပါစေတော့ . . . . .

ပြန့်ပြောသူ (ဝါးဖြူတောင်)

အလွမ်းသင့် ... ငါ ✏ သက်နောင်

အလွမ်းသင့် ... ငါ

ဘဝကို ပျော်ရွှင်စွာ
ဖြတ်သန်းခဲ့တဲ့ ငါ...
အခုတော့
ပူဆွေးမှု တမ်းတမှု
လွမ်းဆွတ်မှုတွေနဲ့
နွမ်းလျနေတာကို
ထားခဲ့တဲ့ ... နင်သိရင်
ငါ... ကျေနပ်ပါပြီ...

သက်နောင်(ရှောက်ပင်ရိုး)

ခြွေရက်​သူ ✏ သူ့ရှင်​[က​လေး]

ခြွေရက်​သူ
:-* :-* :-* :-*
မင်း ​ခြွေလိုက်​လို့
လွင့်​ ​ကြွေသွားတာ
``ဟုတ်​"
တစ်​ပွင့်​ထဲပါ.. .
ပြီး...ငါ့ရင်​ထဲရှိတာလည်း
မင်း ​ခြွေလိုက်​လို့
လွင့်​​ကြွေသွား​လေတဲ့
တစ်​ပွင့်​ထဲရယ်​ပါ....။

သူ့ရှင်​[က ​လေး]

အထီးကျန်သူအလွမ်း ✏ အသေးလေး .,ရွှေလေး ကြိုးကုန်း

အထီးကျန်သူအလွမ်း*

ပကတိမတိုင်း
ပြန်မဖြစ်နိင်တော့တဲ့
ဘဝတစ်စိတ်ဒေသမှာ
ကြေမွစရာတွေကများပြားလာတယ်
အချိန်တွေရဲ့ပျိုပျကမှုက
အသက်ထက်မကချစ်မိတဲ့မင်းကို
လွမ်းခြင်းတွေထပ်နေမိတယ်
ဘာတက်နိုင်မှာလဲ
ရောင်ရဲတင်းတိမ်မှုရဲ့
ကန့်သက်ချက်တွေက
ဘဝကိုအထီးကျန်စေခဲ့ပြီပဲလေ....

(အသေးလေး .,ရွှေလေး ကြိုးကုန်း)ခရမ်းအတွက်

အမေ့မျက်နှာ ✏ အောင်ကောင်းကင်

*အမေ့မျက်နှာ*

ကောင်းကင်စကြာဝဠာမှာ
မရေတွက်နိုင်တဲ့ကြယ်တာရာတွေ
အများကြီးရှိပေမယ့်
လမင်းလောက်ဘယ်သူမှ
မသာနိုင်ပါဘူး။
အမှောင်ညရောက်လေ
လမင်းကိုတမ်းတလေပါပဲ

သားအတွက်ကတော့
လူ့လောကကြီးထဲမှာ
မျက်နှာတွေအများကြီးရှိပေမယ့်
အမေ့မျက်နှာလောက်
ဘယ်သူမှ မလှနိုင်ပါဘူး--
ဘဝတိုက်ပွဲကိုရောက်လေလေ
အမေ့ကိုမြင်ယောင်မိလေပါပဲ အမေရယ်.---


အောင်ကောင်းကင် နတ္တလင်း

လွမ်းတေးတပုဒ် ✏ အရှင်အာစာရ

#လွမ်းတေးတပုဒ်#

အဖေ-
ရုတ်တရက်နှုတ်မဆက်ပါပဲ
ရှုပ်ပွေတဲ့လောကကြီးထဲမှာ
မျက်စိသူငယ်နားသူငယ်နဲ့
၅၈ဆိုတဲ့လက်မှတ်လေးတစ်စောင်နဲ့
မရဏရထားကြီးကိုစီးနင်းလို့
သားတို့ကိုပစ်ထားခဲ့ပြီပေါ့နော်

ရက်စက်တယ်လို့အဖေ့ကို မဆိုသာရက်ပေမယ့်
အဖေမရှိတော့လို့ အများအလယ်မှာ မျက်နှာငယ်နေရတဲ့
သားတို့ကိုအဖေမငဲ့ကွက်ဘူးလို့တော့
သားပြောချင်တယ်အဖေ

ဝေဒနာတွေကိုဟန်ဆောင်ခြင်းအပြုံးတွေနဲ့
ဖုံးကွယ်နေရပေမယ့် သတိရမိတိုင်း
အဖေ့မေတ္တာတွေကိုတမ်းတပြီး
မျက်ရည်ဝိုင်းခဲ့ရတာ ယနေ့ထက်တိုင်ပါပဲ
အဖေရယ်-------

အဖေမရှိတော့လို့ တနယ်တကျေးမှာ
အားကိုးရာမဲ့နေတဲ့အမေ့ကို
မညှာမတာမထောက်မထား
မိမိအလိုကိုသာဦးစားပေးနေတဲ့
လူသားတွေကြားက
မျက်နှာငယ်ခံနေရတဲ့
အမေနဲ့သားတို့ရဲ့အဖြစ်သနစ်ကို
အဖေတစ်ခေါက်လောက်
လာကြည့်စေချင်တယ်ဗျာ

ဒီအကြောင်းတွေကိုပြန်လည်ကာတွေမိတိုင်း
အသည်းပေါက်မတက်ခံစားရတာ
ယနေ့ထက်တိုင်ပါပဲအဖေရယ်--------

အခုဆိုရင်လေ--
အဖေအရမ်းချစ်တဲ့သားဟာ
အမေနဲ့အကိုကိုမလွဲသာလို့စွန့်ခွါ
အနေဝေးတဲ့ တနယ်တကျေးမှာ
မြတ်ဗုဒ္ဓရဲ့ဒေသနာတွေကိုသင်ယူရင်း
သာသနာ့ဝန်ထမ်း ရဟန်းတစ်ပါးတောင်
ဖြစ်နေပါပြီအဖေ
ရောက်ရာအရပ်မှာအဖေကျေနပ်နိုင်မယ်လို့
သားထင်ပါတယ်----

အဖေဖြစ်စေချင်တဲ့
သားတစ်ယောက်ဖြစ်အောင်ကြိုးစားရင်း
အဖေလည်းရောက်ရာအရပ်မှာ
သာယာချမ်းမြေ့စွာ
နေနိုင်ပါစေလို့ဆုတောင်းရင်း
မိဘလွမ်းတမ်း ဤစာကျမ်းကို
ရေးလိုက်ရပါတယ်အဖေ--


အရှင်အာစာရ ♕ နတ္တလင်း
(ခေတ္တ)ပြည်

ချစ်​သူ​ပေးတဲ့အလွမ်းပွင့်​"✏ ဆူးရင့်​​ရောင်​(ဆီဆုံ)

" ချစ်​သူ​ပေးတဲ့အလွမ်းပွင့်​"

အလွမ်းငိုပန်း​တွေလိုပဲ
ဝေခနဲပွင့်​ဝဲလွင့်​လွင့်​​ကြွေ
မြေမှာကျဲပြန့်​ မဆံ့မကာ
တစ်​ကမ္ဘာလုံးပန်း​တွေဖုံးအုပ်
နစ်​မြုပ်​မတတ်
ဖြတ်​သန်းသွားလာမစွမ်းသာ​အောင်
လွမ်းပန်​​တောင်​လိုပုံ
ချစ်​သူ့ထံပါးလွမ်းတံတားခင်း
ပန်းများနင်း​လျှောက်
ရောက်​​အောင်​ဖြတ်​ကူး
မြူးတူးဆုံစည်းနီးချင်​ပြီ​မောင်

ဆူးရင့်​​ရောင်​(ဆီဆုံ)

ချစ်​သူ........ စမ္ပာယ်​မြိုင်​}နီတာ

ချစ်​သူ........
လေအ​ဝှေ့မှာ လွင့်​​မျောလာတဲ့
မင်းရဲ့ကိုယ်​သင်းရနံ့​ကြောင့်
တခါမှ စကားမ​ပြောဘူးတဲ့
ငါ့နှလုံးသားက
ချစ်​တယ်​ဆိုတဲ့စကား​တွေကို
ထပ်​ခါထပ်​ခါ​ပြောတတ်​​နေပြီ......

စမ္ပာယ်​မြိုင်​}နီတာ

အပြစ်​မမြင်​ ✏ စမ္ပာယ်​မြိုင်​} နီတာ

အပြစ်​မမြင်

မချစ်​ဘူးလို့အခါခါဆို
မုန်းပါတယ်​လို့အကြိမ်​ကြိမ်​​ပြောလဲ
အပြစ်​မပဲမြင်​ချစ်​ခင်​ဆဲပါ......
မင်းရဲ့အမုန်းဒဏ်​ရာ​တွေဗလပွနဲ့ 
ဖြေမ​အောင်​နာကျင်​​နေလဲ
အပြစ်​မတိုး မြတ်​နိုး​နေဆဲပါ....
သင်းရနံ့​မွှေးပျံ့တဲ့
ပန်းတစ်​ပွင့်​ရဲ့ ရနံ့ကို
ခူးနမ်းခွင့်​မရှိလဲ
လေအ​ဝှေ့မှာလွင့်​ပါတဲ့
ရနံ့မျိုးကို
နှစ်​ဆတိုးလို့တန်​ဖိုးထားဆဲပါ.....
အရာရာအပြစ်​မမြင်​တဲ့
ငါ့ကို မချစ်​ခင်​လဲ
တစ်​ဖက်​သက်​အချစ်​နဲ့
ထာဝရလွမ်းရစ်​​နေမှာပါ........."

စမ္ပာယ်​မြိုင်​} နီတာ


ချစ်​သူသို့...... စမ္ပာယ်​မြိုင်​} နီတာ

ချစ်​သူသို့......

နွယ် အချစ်​ဆိုတာ
နူးညံ့တယ်​ သိမ်​​မွေ့တယ်
အေးမြတယ်​ဆို​ပေမဲ့
ခက်​ထန်​တာ နာကျင်​တာ
ရက်​စက်​တာလဲ အချစ်​​တွေပါပဲ .....
နာကျင်​မူ​ ရဲ့အခြားတစ်​ဖက်​မှာ
နူးညံ့သိမ်​​မွေ့ရှိ​နေလိှု့
အချစ်​ဆိုတာပိုပြီး
ရသ​မြောက်​​နေခဲ့တာပါ....."

စမ္ပာယ်​မြိုင်​} နီတာ

အရင်အတိုင်းပါပဲ..... ✏ စနိုး

အရင်အတိုင်းပါပဲ.....

ဘယ်ဆီမှာများ ပုန်းလို့ရှောင်နေသလဲကွယ်
မကြင်နာသူကြီးရယ်လို့ အထင်လွဲပြီး
မုန်းတော်မမူလိုက်ပါနဲ့...
တမင်တကာ စိမ်းလို့တိမ်းလို့
ရှောင်ခဲ့တာကနင်ပါဟာ
ခြေရာလည်းဖျောက်
ရေလည်းနှောက်ခဲ့တဲ့
နင့်နောက်ကိုလိုက်ရင်းဝေးပြီး
ရင်ကွဲမတတ်ခံစားရတာက ငါပါ
မိဘတွေကြောင့်နောက်ဆုတ်နေပေမဲ့
ငါ့ နှလုံးသားထဲမှာနင်က
အရင်အတိုင်းပါပဲ
ရေစက်ရယ်မကုန်
ကံကြမ္မာရယ်တွေ့ခွင့်ကြုံလာပြန်တော့လည်း
မလာနိုင်အားတဲ့ငါ့ကို
နင်အထင်လွဲပြီး ထွက်ပြေးလို့
ပုန်းရှောင်နေခဲ့တာကို
ငါဘယ်လိုပြောရမှာလဲ ချစ်သူရယ်
နှင်းတွေနဲ့အတူ ကျခဲ့တဲ့
ငါ့ရဲ့ အလွမ်းမျက်ရည်တွေက
ငါ့နှလုံးသားထဲမှာတောင်
စမ်းချောင်းလေး ဖြစ်လို့နေပြီ
ချစ်သူရယ် မခမ်းနိုင်တဲ့
စမ်းရေတွေနဲ့အပြိုင်
ငါ့နှလုံးသားထဲက
ချစ်ခြင်းမေတ္တာတွေကလဲ
တစ်ကမ္ဘာခြားခဲ့ရင်တောင်
နင် ကိုပဲ ချစ်လို့နေမယ်ဆိုတာ
နင်သိအောင် ငါ ပြောလိုက်ပါရစေ....
ချစ်သူရယ်
မပြောင်းလဲသော အချစ်များနဲ့ပါ
နိုင်နိုင်ရယ်

စနိုး

မုသားသခင်ရဲ့အမုန်းရှင် ✏ အဖြူလေး

မုသားသခင်ရဲ့အမုန်းရှင်

ည မှောင်မှောင် လ ကမသာပြီမို့
ချစ်သူကိုလည်း မတမ်းတပြီ
ကြယ်ရောင်လည်းမလင်း
တိမ်တွေလည်း ဖုံးအုပ်ခဲ့ပြီမို့
ရင်ထဲက အချစ်တွေကလည်း
မင်း အတွက် ဆိတ်သုဉ်းခဲ့ပြီ သခင်
မုသားတွေ အလီလီသုံးလို့
မင်းရဲ့ဟန်ဆောင် အချစ်တို့နဲ့အတူ
ငါ့ရဲ့ အချစ်တွေကလည်း
လေ နဲ့အတူ လွင့်ပါပြီ
အရာအားလုံး ပျောက်ကွယ်ကုန်ပြီ
သခင်အချစ်ကိုကစားလို့
သစ္စာမရှိ ကတိမတည်သူအတွက်
ကမ္ဘာကြီးပျက်စီးလို့သွားခဲ့ရင်တောင်
ငါ့ ရဲ့အမုန်းတွေက ဘယ်တော့မှ
ပျောက်ကွယ်လို့ ပျက်စီးသွားမှာ
မဟုတ်ဘူး မုသားသခင်

အဖြူလေး

အတွေးမမှားပါနဲ့ ✏ စနိုး ( နတ်မောက် )

အတွေးမမှားပါနဲ့

အတိတ်ဆိုတာ လွမ်းနေဖို့မလိုဘူး
မကောင်းသော အတိတ်ကို
အနာဂတ်မှာ သယ်ဆောင်ခြင်းဟာ
အောင်မြင်ခြင်းကို ဖျက်ဆီးခြင်းပဲ
အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်
အနာဂတ်အတွက်တွေးပြီး
ပစ္စုပ္ပန်မှာ ကြိုးစားကြည့်လိုက်ပါ
အောင်မြင်မူတွေရပြီး
ပျော်ရွှင်ခြင်းတွေကို ခံစားရမှာပါ
တန်ဖိုးရှိတဲ့ အချိန်တွေကို
မဖြုန်းမိပါစေနဲ့

စနိုး ( နတ်မောက် )

အမေ ✏ စနိုး ( နတ်မောက် )

အမေ

သံသရာမှာ ကျင်လည်နေသမျှ
လောကဓံရဲ့ ရိုက်ချက်တွေက
ပြင်းထန်လှပါတယ် အမေ

ဗေဒါလို လှိုင်းထန်ထန်တွေရဲ့အောက်မှာ
အရှုံးမပေးပဲ အနိုင်ယူလိုက်ချင်ပေမဲ့
လောကဓံကြီးကို ရင်ဆိုင်ရင်းနဲ့
မမြင်ရတဲ့ ကံကြမ္မာရဲ့အနိမ့်အမြင့်
အကွေ့အကောက်တွေကို
ကြောက်ရွံ့ရင်းနဲ့ လက်နက်ချ
အရှုံးပေးလိုက်ချင်တော့တယ် အမေရယ်

စနိုး ( နတ်မောက် )

အိပ်မက်လိုအချစ်..... မိုးဦးငယ် ( နတ်မောက် )

လေလွင်နေတဲ့ ဘဝ
အထီးကျန်နေတဲ့ အသည်း
ငိုကြွေးနေတဲ့ နှလုံးသားက
အရွယ်နဲ့ မမျှဘူး ကိုကို
ကလေးအရွယ်
ရူးမိုက်မူသက်သက်ရယ်လို့
ကိုကိုထင်ခဲ့ ရက်စက်ခဲ့တယ်
ဆယ်ကျော်သက်အရွယ်
ရင်ခုန်စွာစွဲလန်း
အမြဲတမ်း ရင်မှာချစ်ခဲ့
အိပ်ရာဝင်အတွေးများ
ကိုကိုဟာ မင်းသားပါပဲ
ရူးမိုက်တယ်ပဲ ဆိုဆို
အချိန်တိုင်းမှာ ကိုကို ကိုပိုလို့
ချစ်ခဲ့တယ် ကိုကို
ချစ်တာဟာ ရူးသလား
ချစ်ခဲ့တာဟာ အပြစ်တဲ့လား
အချစ်မှာ အရွယ်ရှိလား
ကိုကို ပြန်စဉ်စား
ဒါပေမဲ့ ရက်စက်တဲ့
နှလုံးသား ဆုံးဖြတ်ချက်အမှားနဲ့
အဝေးတစ်နေရာ ပြေးခွာလို့ရှောင်ပုန်း
အဲဒီတုန်းကအဖြစ် အိပ်မက်လို့ အချစ်ကို
နားမလည်ခဲ့....
ခုတော့ ကိုကိုရဲ့ အချစ်တွေနဲ့အတူ
လေလွင့်နေတဲ့ ဘဝ
အထီးကျန်နေတဲ့ အသည်း
ငိုကြွေးနေတဲ့ နှလုံးသားနဲ့အတူ
ယောင်္ကျားတွေရဲ့ အချစ်
မယုံဖြစ်တော့လို့ ခုထိငယ်လေး
လူကြီးမဖြစ်သေးဘူး ကိုကို

မိုးဦးငယ် ( နတ်မောက် )

ငါ့အပေါ်သစ္စာရှိရှိချစ်ပေးပါချစ်သူ ✏ မင်းသွေးခန့်

(ငါ့အပေါ်သစ္စာရှိရှိချစ်ပေးပါချစ်သူ)

ငါ့အပေါ်ကောင်းလိုက်
မကောင်းလိုက်မလုပ်ပါနဲ့
ငါမနေတက်လို့ပါချစ်သူ
ငါကိုချစ်တယ်ဆိုရင်
လှေနံနှစ်ခွနင်းတာမျိုး
မလုပ်ပါနဲ့လာချစ်သူ
ငါလည်းစားခဲ့ရတာကို
မကြိုက်လိုပါချစ်သူ
ငါကိုချစ်တယ်ဆိုရင်
ငါပေါ်သစ္စာရှိရှိချစ်ပေးပါ
ငါသံသယတွေမပွားချင်လိုပါချစ်သူရယ်///

မင်းသွေးခန့်(ပြည်)

သတိရတယ်ဆိုတာ ✏ မင်းသွေးခန့်

သတိရတယ်ဆိုတာ
မေ့တတ်သူတွေပြောတဲ့စကားပါချစ်သူ
ဒါကြောင့်မို့ငါ နင်ကိုသတိမရဘူး
ဘာဖြစ်လို့လဲဆိုတော့ နင့်ဆိုတာ
ငါဘယ်တော့မှမေ့မရတဲ့သူ
ဖြစ်နေလိုပါချစ်သူရယ်///

မင်းသွေးခန့်(ပြည်)

ရင်ခုန်သံတွေဘယ်လိုထပ်တူကျမလဲချစ်သူ ✏ မင်းသွေးခန့်

(ရင်ခုန်သံတွေဘယ်လိုထပ်တူကျမလဲချစ်သူ)

သစ္စာဖောက်မူဆိုတာ
ယုံကြည်ရတဲ့သူဆီကရလာတာပါချစ်သူ
နာကျင်ခြင်းဆိုတာ
ကိုယ်မြတ်နိုးတဲ့သူဆီကရလာတာပါချစ်သူ
ဥပေက္ခာဆိုတာ
ကိုယ်တန်ဖိုးထားတဲ့သူဆီကရလာတာပါချစ်သူ
မုန်းရတဲ့သူထက်
ချစ်ရတဲ့သူတွေကသာ
ကိုယ့်ကိုနာကျင်စေတာပါချစ်သူ//

မင်းသွေးခန့်(ပြည်)

တောင်းဆု ✏ သူရအောင် ( မြိုင်နယ်သား )

''တောင်းဆု''

တစ်ဆောင်းသစ်ခဲ့ပေမယ့်
အဟောင်းဖြစ်တဲ့ဝေဒနာတွေက
မပြောင်းလဲခဲ့ပါဘူး နှင်းရယ်

မင်းအကြောင်းမတွေးပဲနေရက်နဲ့
အဆွေဓါတ်ခံတွေကြောင့်
အတွေးစိတ်နဲ့မင်းကိုလွမ်းမိတယ်

မဖြစ်နိုင်တာကိုအချစ်စိတ်က
အနိုင်ယူသွားတော့လည်း
သိလျက်နဲ့ခံစားရပြီပေါ့

ဪ...ကံကြမ္မာရယ်
သံသရာတစ်ကွေ့မှာ
ကြုံတွေ့ခွင့်ပေးမယ်ဆိုရင်
ဆုံဆည်းခဲ့တုန်းကလိုမဖြစ်ပါစေနဲ့
အလွမ်းများနဲ့မကျန်စေလို
တမ်းတရတဲ့နေ့ရက်တွေ
မကျော်ဖြတ်ချင်လို့ ...

သူရအောင် ( မြိုင်နယ်သား )
အမရပူရ ကွက်သစ်နယ်မြေ ၁ မှာ
နေသွားဖူးတဲ့ နှင်း တစ်ယောက်အတွက်

လွမ်း​နေဆဲ ✏ လွမ်း

"လွမ်း​နေဆဲ"

မမှန်းရဲပါဘူး
မလွမ်းရဲလို့မဟုတ်
နန်းပလ္လင်​နှင့်​ ကြမ်းပြင်​ဘဝက
အများအမြင်​​တော့ မလှဘူး​ပေါ့
မမြင်​ရာဟိုအ​ဝေး
တမင်​ကာ​ရှောင်​​ပြေးချင်​​ပေမဲ့
မချိတင်​ကဲကိုယ်ယ့်ရင်​ထဲမှာ
လွမ်းမြဲလျက်​ လွမ်း​နေဆဲပါ

လွမ်း မုံရွာ

လေ့လာပါ ✏ အရှင်ကေသရ

( လေ့လာပါ )

ဘဝကို ဓမ္မနဲ့ တည်ဆောက်ပါ
အရာအားလုံးကို သတိဖြင့်ထိမ်းချုပ်ပါ
ပညာနဲ့မျှော်ကြည့်ပါ တကယ်ကောင်းတယ်ဆိုတဲ့
အရာတွေကို တကယ်ကောင်းအောင်
အသုံးချပါ အသုံးချတတ်အောင်
လေ့ကျင့်ပါ ကိုယ့်ကိုယ်ကို
စိုးစိုးပိုင်ပိုင်ဖြစ်အောင်
အားထုတ်ထားပါ
အမြဲတမ်းလေ့လာနေပါစေ""

အရှင်ကေသရ( ဖောင်းပြင် )

ဖြေသိမ့် တေး ✏ နေမင်းရဲ့ သားတော်

*&*ဖြေသိမ့် တေး*&*

အဖော်မဲ့ အလွမ်း
ရင်ခွင်ကျွမ်းလည်း
ကျွမ်းပါစေမေ
ဆက်ချစ်နေမယ်

အလွမ်းကို အဖော်ပြု
တစ်ကိုယ်ထဲ ချောင်မှာထိုင်
ငိုင်တိုင်တိုင်မျက်ရည်စတွေနဲ့
သူအကြောင်းတွေး ဆွေးနေတယ်

အိပ်ပျက်ညမှာ
နှိပ်စက်တာ မင်းမျက်နှာလေးပဲ
လှသလောက် နှုတ်ချို
သိပ်ပိုတယ် ယဉ်ကျေးမှုတွေက
အိပ်ပျက်တာနဲ့ တန်ပါတယ်ကွာ။

နေမင်းရဲ့ သားတော် (မြန်အောင်)

သူငယ်ချင်း(ကျော်နှင်းဆီ)

သူငယ်ချင်း(ကျော်နှင်းဆီ )

သူငယ်ချင်း
ဟိုအရင်အချိန်က
ကြေကွဲခြင်းတွေကို
မေ့ပစ်လိုက်တော့
ဘဝဆိုတာဒီလိုပါပဲ
အောင်မြင်မှုထက်
ရှုံးနိမ့်မှုကပိုများတယ်
ဒါကလည်းတကယ်တော့
မဆန်းကြယ်လှပါဘူး
လူတိုင်းကြုံတွေ့ရတာပဲ
အက်ကြောင်းဆိုတာ
လူတိုင်းမှာရှိတယ်
့မင်းတစ်ယောက်တည်း
ခံစားရတာမဟုတ်ပါဘူး
ဒီတော့
အားတင်းပြီး
ဆက်လျှောက်နော်

မာန(ကျော်နှင်းဆီ)

မာန(ကျော်နှင်းဆီ)

ချည်နှောင်မိတဲ့ အဖြူသက်သက်
သံယောဇဉ်ကြိုးကို ဖြတ်ဖို့ခဲယဉ်းပေမယ့်
အဖြူရောင်ကို အမဲဆိုးပေးချင်တဲ့
မနာလိုရန်လိုသူအတွက်
ငါ့မှာလည်းမာနရှိတာပဲ
ဒီတော့စိတ်ချ
ဒီဖုန်းကိုဘယ်တော့မှ
မဆက်တော့ဘူး
ငါ့အသက်နဲ့ထပ်ပြီး
ကတိပေးတယ်။်

ဘာကြောင့်များ ✏ စောခေတ်သစ်

အစကတည်းက
ဝေးရမယ်ဆိုတာသိလျက်နဲ့
ခဏတာဆုံခဲ့မှုလေးတွေနဲ့
ဘာကြောင့်များ
တို့နှစ်ယောက်
အရမ်းချစ်နေမိကြတာလဲ?

- - စောခေတ်သစ်

(ခွင့်) နွေလွင့်ကြယ်.မှော်ဝန်း

(ခွင့်)

နွေကမ္ဘာလိုပူလောင်တဲ့
ဝေဒနာကိုယူဆောင်လာသူပေးရင်လည်း
ရှောင်တိမ်းမသွားပဲ
မောင်သိမ်းထားပါမယ်
မချစ်ဖူးသူကိုယ့်အသဲမှာ
အချစ်ဦးဟာမင်းမို့
အနစ်စူးဆုံးမေတ္တာတွေနဲ့
အရူးအမူးချစ်ခဲ့တယ်
မုန်းမသွားပါနဲ့နော်
နှလုံးသားလေးဟာ နုနယ်သေးတာမို့
အရှုံးသ္မားဆိုတဲ့ဘွဲ့ကိုလည်းမခံယူချင်ဘူး
သဏ္ဍာန်မတူတာကြောင့်
အရံလူဖြစ်ခွင့်မရရင်တောင်
ရင်တွင်းကအချစ်ကိုတော့
တင်သွင်းခွင့်လေး ရချင်သေးတယ်....

နွေလွင့်ကြယ်.မှော်ဝန်း

ချစ်ခြင်းတစ်သက်တာ ✏ဝေယံပဲခူး

ချစ်ခြင်းတစ်သက်တာ ✏ဝေယံပဲခူး
သက်ဆိုင်သူ။မအတွက်

မခွဲမခွဲပဲအမြဲထာဝရ
မကိုချစ်တယ်
မဆိုစိတ်မညိုငြင်တဲ့
မရဲ့အပြုံး
မမုန်းရင်မှာ မပြယ်မေတ္တာနဲ့
ချစ်ကြိုးသွယ်ဖို့
အကြင်နာလက်ကလေး
ကမ်းစေချင်းတယ်
မရယ်

မာယာ ✏ ဝေယံပဲခူး

မာယာ ✏ ဝေယံပဲခူး

သက်ဆိုင်သူအတွက်
အရိပ်တွေထင်ဆဲ
စိတ်ကူးထဲမယ်
လွမ်းလျှရှိုက်မော
အချစ်တောဝယ်
အချစ်အသည်းမခိုင်မြဲ၍
စွန့်လွတ်ပြစ်ခွာ
ပြေးရှာလေသော
မိစိမ်းကားရေ
မာယာစကား
မင်းအညာများကြောင့်
ငါ့မှာကြေကွဲ
နုနယ်အသည်းနဲ့
အရိပ်ထင်ဆဲ
အမှောင်ထဲမှာ
စိတ်ကူးရက်စက်
လွမ်းညရက်နဲ့
နှိစက်ဖန်လာ
အလွမ်းဒဏ်ရာက
မဖြေသာခဲ့ပေ မာယာ

ဝေယံပဲခူး

နွယ်တစ်ခွေ ✏ဝေယံပဲခူး

နွယ်တစ်ခွေ ✏ဝေယံပဲခူး
သက်ဆိုင်သူသို့

ကဗျာနုနု စာနုနုနဲ့
သူ့ရင်ခုန်သံ
ဆောင်းခက်သံလေး
နာမှာလျံ
စကားသံလေးထိုဖွဖွ
အယုယပိုပို
သမုဒယချိုချိုနဲ့
အခုမှကိုပိုပိုချစ်
ကြာလေကြာလေ
တစ်ရစ်တစ်ရစ်တိုးတဲ့
နွယ်တစ်ခွေ

မင်းတစ်ယောက်သာ ✏ ဝေယံ ပဲခူး

လမင်းကြီးပမာ သာယာလှပ
စမ်းရေပမာ အေးချမ်းလှ
ပန်းရနံ့ပမာ မွှေးကြိုင်လှ
ပန်းလေးပမာ လှပတင့်တယ်
ဥယျာဉ်မှုးပမာ ကျွန်နော်ဟာ
ချစ်ပန်းတစ်ပွင့် ရင်မှာစိုက်ပျိုး
မညိုးနွမ်းအောင် ကြင်နာယုယ
ချစ်မေတ္တာနဲ့ တွေးပိုက်ထားမယ်
မင်းတစ်ယောက်သာ

ဝေယံပဲခူး
ချစ်သောသူအတွက်

ကျေနပ်ပါတယ် သီတာ ✏ ဝေယံ ပဲခူး

ဂုဏ်ငွေကြွယ်ဝ လူဘဝက
ရာမမင်းပဲ ထားပါတော့
သီတာရာမ ချစ်ရည်မျှဖို့
ဒဿကိုယ်လေ ဝေးရာမြေသို့
ပြေးနေပါမယ်
တစ်ကယ်လိုသာ မယ်သီတာကို
ရာမမင်းသား ခွဲခွါသွားရင်
စိတ်အားတွေငယ် လောကနယ်မှာ
ဒဿကို ကိုယ့်ကိုမင်းတမ်းတရင်
ကျေနပ်ပါတယ် သီတာရယ်

ဝေယံပဲခူး

ပျက်​ပြယ်​ ✏ များစွာပျားဘုရား

ပျက်​ပြယ်

ဆန္ဒ​တွေအကြိမ်​ကြိမ်​ထားခဲ့ဖူးတယ်
အကြိမ်​ကြိမ်​ပျက်​ပြယ်​ခဲ့တယ်
နှလုံးသားလဲယိုင်​နဲနဲနဲ့
ပြိုလဲမတက်​ခံစားခဲ့ရတယ်
အချစ်​ကနူညံ့သ​လောက်​လည်း
ပူ​လောင်​ခံစားရတယ်
မေတ္တာက​အေးမြတယ်​တဲ့
အ​နေ​တွေနီး​တော့လည်း
နှလုံးသားမှာ
အချစ်​က​လေး​တွေဖြစ်​တည်​ခဲ့
သံ​ယောဇဉ်​အမျှင်​တန်း​တွေ
ရစ်​​နှောင်​ခဲ့တယ်
အ​နေ​ဝေးသွား​တော့
သြော်​..........ဒီအချစ်
ပျက်​ပြယ်​သွားပြီိ​ပေါ.

များစွာပျားဘုရား

လက်​လှမ်းမမှီ ✏ များစွာပျားဘုရား

လက်​လှမ်းမမှီ

ပင်​ယံနန်းမှာ တင့်​တိုင်းလှ​နေတဲ့
ပန်းတစ်​ပွင့်​လို လှပ​နေတဲ့မိန်းမ​ချော
အလှနတ်​တစ်​ပါး မခြူရက်​ဘူး
ရှေ့ဘဝကံ​ခေသူမို့ နုညံ့မှုမရှိတဲ့
ငါ့အသွင်​ပြင်​ ဒါ့​ကြောင်​မို့
စက္ခုအမြင်​အ​ဝေးကပဲ ​ကြွေလွင့်​​နေ​တော့မယ်

များစွာပျားဘုရား

ရက်​စွဲမရှိ ✏ များစွာပျားဘုရား

ရက်​စွဲမရှိ

လွမ်းတယ်​ဆိုတာရက်​စွဲမရှိ
သတိရတယ်​ဆိုတာ​နေရက်​မရှိ
မျှော်​ရတယ်​ဆိုတာလဲအတူတူပါပဲ
မင်းကိုချစ်​ခဲ့တာကလဲ
ရက်​စွဲမရှိခဲ့ဘူး
ဘယ်​အချိန်​က
ကိုယ်​ရင်​ခွင်​ထဲမှာ
နေရာယူလိုက်​လဲ မသိခဲ့ဘူး
သတိရမိ​တော့
ငါမင်းကိုချစ်​ခဲ့မိပြီ
သေချာတာက
မင်းကို​မေ့ဖို့အတွက်​လဲ
ကိုယ့်​ရင်​ခွင်​နဲ့
နှလုံးသားမှာ
ရက်​စွဲမရှိနိုင်​ပါဘူးကွာ

များစွာပျားဘုရား

စကား​တွေအမျာကြီး မ​ပြော​စေလိုပါဘူး ✏ များစွာပျားဘုရား

စကား​တွေအမျာကြီး
မ​ပြော​စေလိုပါဘူး

အမှားတွေပါမှာဆိုလို့ပါ
ငါ့ရဲ့အပြစ်​​တွေကို
မသိ​စေချင်​ဘူး
ဒါ​ကြောင့်​မို့
ပြုံးမပြလိုက်​ပါနဲ့
မိန်​က​လေးရယ်
ဒီရင်​မခိုင်​လို့
ယိမ်းယိုင်​​တော့မဲ့
နှလုံးသားကို
ယိသဲ့သဲ့မလုပ်​ပါနဲ့လို့
ပြောထားပါရ​စေ
သံ​ယောဇဉ်​အမြစ်​က​လေး
နှလုံးသားမှာ
တုပ်​​နှောင်​ခံထားရသူမို့
မျက်​​စောင်း​လေး​တော့
မထိုးလိုက်​ပါနဲ့​နော်

များစွာပျားဘုရား

မိဘတိုင်းဆုံးမပေးကြပါ ✏ မောင်ကေ

မိဘတိုင်းဆုံးမပေးကြပါ

ဗုဒ္ဓဘာသာမိမာတာနှင့်
ပိတာဖခင်ကျေးဇူးရှင်တို့
ရင်မှဖြစ်သောသမီးချောကို
အပြစ်ကင်းစင်နုနယ်စဉ်၌
နောင်ခါအရေးဘဝင်အေးအောင်
အမျိုးပျက်မည့်အရေးတို့ကြောင့်
ဝံသတရားလက်ကိုင်ထား၍
အခါမရွေးဆုံးမပေးပါ။
တို့ပြည်မှာနေ တို့ရေကိုသောက်
ဆန်ရေစပါးယူသုံးစားလျှက်
ဥစ္စာပစ္စည်းအပိုင်စီးကာ
မောဟတဏှာ အဝိဇ္ဇာကြောင့်
မဖြောင့်စိတ်ထားကောက်ကျစ်များ၍
ကျွေးသောလက်ကိုက်ခွေးမိုက်ပမာ
သစ္စာမဲ့စွာလူယုတ်မာနှင့်
ရှောင်ကာကွေ့ကွင်းမပေါင်းသင်းအောင်
သတိတရားအမြဲထား၍
နေ့ညမဟူဆုံးမပေးကြပါ
မိခင်ဖခင်ကျေးဇူးရှင်တို့။

မောင်ကေ(သောတုဇန)

အမေ----- မောင်ကေ

အမေ---
သမုဒ္ဒရာကြီးမှာ
ကမ်းမမြင်ပေမယ့်
ကမ်းဆိုတာရှိပါတယ်
အမေ---။
လူတွေမှာ
ငွေမရှိပေမယ့်
ဘဝဆိုတာရှိပါတယ်
အမေ-

ဘယ်သူ့ကိုမှ
အထင်မသေးပါနဲ့
အားပေးလိုက်ပါ
မွေးမေမေ။

မောင်ကေ(သောတုဇန)

ညီမလေးရယ် ✏ မောင်ကေ(သောတုဇန)

ညီမလေးရယ်

သိတတ်ခြင်းဆိုတာ
မသိတတ်ခြင်းကစခဲ့တာပါ
ချစ်တတ်ခြင်းဟာလည်း
မချစ်တတ်ခြင်းကစခဲ့တာပါ
မကျော်သင့်တဲ့စည်း
မျှော်လင့်ချက်ကိုခါးသီးစေတယ်
မကျွံသင့်တဲ့မေတ္တာကို
ငါဘယ်လိုထိန်းသိမ်းထားရမလဲ
လူတစ်ယောက်ရဲ့ရင်ကို
အဓိပ္ပာယ်မဲ့စွာတားဆီးပိတ်ပင်ဖို့
အဘယ်ချစ်ခြင်းကခွင့်ပြုမှာလည်း
ညီမလေးရယ်။

မောင်ကေ(သောတုဇန)

ညီမလေးရယ် ✏ မောင်ကေ

ညီမလေးရယ်
ချစ်တတ်ခြင်းတွေကို
ငါမကြိုဆိုချင်ပါ
တမ်းတရတာတွေကိုလည်း
မုန်းတီးမိပြီ
မျှော်လင့်ချက်တွေကိုလည်း
ခါးသီးစွာနဲ့
ရင်မှာပိုက်ထားရမြဲပါ
ခံစားချက်တွေကို
ဖွင့်ဟတိုင်တည်ဖို့
တစ်စုံတစ်ယောက်ကို
တမ်းတမိပေမယ့်
လက်တွေ့မှာတော့
လောကကြီးကပေးတဲ့
ခံစားချက်တွေကို
တနင့်တပိုးသယ်ဆောင်ရင်း
အဆုံးမရှိတဲ့ခရီးလမ်းကို
ယောင်ဝါးဝါးနဲ့
ငါတစ်ယောက်ထဲ
လျှောက်လှမ်းမြဲပေါ့
ညီမလေးရယ်။

မောင်ကေ(သောတုဇန)

မချစ်တတ်သူသို့.... ✏ လျှို့ဝှက်လွမ်း

မချစ်တတ်သူသို့. (လျှို့ဝှက်လွမ်း)

ဥသြမတွန်
စမ်းမသွန်တဲ့
ရွက်ခြောက်သာကြွေ
ပန်းမဝေသော
ကန္တာရနှလုံးသား
အမုန်းများခံရာဒေသ
မေကတော့ဘယ်စာနာနိုင်ပါ့ 
တစ်နေ့တစ်ချိန်
အချစ်နဲ့တွေ့ချိန်မှာ
စာနာသနား
အချစ်များနဲ့
ကိုယ့်နှလုံးသားမှာ
နားလှည့်ပါ့ 

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

ဘယ်လိုမှမေ့မရပါလား ✏ မောင်ကေ

ဘယ်လိုမှမေ့မရပါလား

ညီမလေးရယ်
နေစွယ်ညိုလို့
မိုးချုပ်တာဟာ
မဆန်းပါဘူး
ချစ်ရဲပြီပဲ
မုန်းလည်းမုန်းရဲမှာပေါ့
မေ့ပျောက်ရတာဟာ
ခက်လှပါတယ်လို့
ဘယ်သူပြောနိုင်မှာလည်း
သူမုန်းရဲပြီပဲ
ကိုယ်လည်းမေ့ရဲရမှာပေါ့
ထာဝရဆိုရင်တော့
တဒင်္ဂအတွက်
ဆန့်ကျင်ဘက်
သူရက်စက်တိုင်း
ကိုယ်စိတ်ပျက်ရမှာလား
သူနဲ့ကိုယ်ဟာ
ဟိုအခါက
သူစိမ်းပဲဆို
ခုလည်းဟိုအခါကလိုပေါ့
ခုတော့မဟုတ်
မိုမချုပ်နိုင်
ငုတ်တုတ်မှိုင်ငေး
လွမ်းဆွေးတမ်းတ
စိတ်ပျက်ညများ
မမုန်းရဲ မမေ့ရဲ
အမြဲသတိရ
အို---ဘယ်လိုမှမေ့မရပါလား
ညီမလေးရယ်။

မောင်ကေ(သောတုဇန)

ညီမလေးသို့ ......✏ မောင်ကေ

ညီမလေးသို့ ......

နှလုံးသားက ပွင့်အန်ထွက်
စကားတိုင်းရဲ့ အလွမ်းစာ
အခုရေးနေတာ အသည်းကွဲကဗျာ
အလှမျက်နှာ ကဗျာတစ်ပုဒ်
သီးချင်းတစ်ပုဒ် ပန်းတစ်ဆုပ်ပေါ့
နှလုံးသားရဲ့ တောင်းတမှုကို
ခံနိုင်ရည်မရှိဘူး ဒါကြောင့်
နှင်လိုကနှင်နိုင်တယ်
သေဆိုရင်တော့
ရင်ကွဲနာကဗျာတစ်ပုဒ်
ညီမလေးအတွက်
ရေးပေးခဲ့ပါရစေဦး
ညီမလေး။

မောင်ကေ(သောတုဇန)

ခြွေရက်​သူ ✏ သူ့ရှင်​[က​လေး]

ခြွေရက်​သူ

မင်း ​ခြွေလိုက်​လို့
လွင့်​ ​ကြွေသွားတာ
"ဟုတ်​"
တစ်​ပွင့်​ထဲပါ.. .
ပြီး...ငါ့ရင်​ထဲရှိတာလည်း
မင်း ​ခြွေလိုက်​လို့
လွင့်​​ကြွေသွား​လေတဲ့
တစ်​ပွင့်​ထဲရယ်​ပါ....။

သူ့ရှင်​[က ​လေး]

Wednesday, November 26, 2014

ချစ်နေဆဲပါ... ဇွဲသူရကို

ချစ်သူကိုမျှော် လွမ်းစိတ်ဖော်ပြု
နေသမှုကို အရေးမပြု
မင်းအကျင့်ကို ငါလေစိတ်ညစ် မေ့ပစ်ချင်လည်း စိတ်ကမရ
ဖြစ်သမြဲမို့ ချစ်မြဲချစ်သူ
ချစ်နေသူကို ချစ်နေဆဲပါ
မိန်းခလေးရယ်

ဇွဲသူရကို ရင်ခွင်မဲ့နှလုံးသားပိုင်ရှင်

ညောင်ညိုပင်တေးတစ်ပုဒ် ✏ ဝေယံသက်ဆိုင်သူသို့

ညောင်ညိုပင်တေးတစ်ပုဒ်
ဝေယံသက်ဆိုင်သူသို့

နွေတစ်ရက်
ရွက်ခတ်လေပွေတစ်သုတ်
သစ်ရွက်ကြွေသံတွေတစ်ဖြုတ်
လက်တံကျဲတွေအဖော်လုပ်လို့
ခပ်အုပ်အုပ်တေးညီးညည်း
သံတွေနဲ့။
ငုတ်တုတ်အထီးကျန်နေခဲ့
တာက။
လရောင်စောင်းတဲ့
နွေတစ်ပေါင်းအောက်က
ညောင်ညိုပင်ပါ
ဝေယံပဲခူး

ဝမ်းနည်းခြင်း ✏ thuyaaung

့ဝမ်းနည်းခြင့်း

မင်းရဲ့အပြောတွေအောက်မှာ
ငါရဲ့မာနတွေ ခဝါချမယ်လို့
မင်းထင်မှာပေါ့
လူတစ်ယောက်ကို
အထင်သေးတတ်တဲ့
မင်းရဲ့အကျင့်တွေကို ငါအမုန်းဆုံးပဲ..။
အခုတော့လဲ မင်းရဲ့မာနတွေ ဘယ်ရောက်ကုန်လဲ
ဝဋ်ဆိုတာ လည်းတတ်တယ်လို
မင်းလေးတွေးမိလောက်မှာပါနော့်
မင်းလေးအတွက်
ငါရဲ့လက်ဆောင်တစ်ခုက
ကျေးဇူးပါ မိန်ကလေးတဲ့....

thuyaaung@
သင်းရနံမြေ့

နေ့....

နေ့

၂၄နာရီမပြည့်ပဲ
ကုန်လွန်သွားတဲ့နေ့ရှိချင်ရှိမယ်

ကိုယ့်အတွက်တော့
ချစ်သူမင်းကိုသတိမရပဲ
နိုးထတဲ့နေ့

ချစ်သူမင်းကိုမလွမ်းပဲ
ကုန်လွန်သွားတဲ့နေ့

ချစ်သူမင်းကိုထားခဲ့ပြီး
ခွဲခွာသွားမယ့်နေ့

ချစ်သူမင်းကိုမချစ်တော့ပဲ
မုန်းသွားမယ့်နေ့

ချစ်သူမင်းမပါပဲ
ကိုအသက်ရှင်လို့ရတဲ့နေ့ဆိုတာ
ဘယ်တော့မှမရှိနိုင်ပါဘူးချစ်သူ

ပုံပြင်လေးလိုပဲ ✏ မောင်ဝဏ္ဏ

ပုံပြင်လေးလိုပဲ

တွေ့ကြဆုံကြ လမ်းခွဲကြနဲ့
ရယ်ကြပြုံးကြ ငိုကြွေးကြနဲ့
ကြည်နူးရွှင်ပြ လွမ်းဆွေးကြနဲ့
ဘဝထိုထို ဒို့လူ့ဘုံက
တစ်ကယ့် ပုံပြင်လေးလိုပါပဲ

မောင်ဝဏ္ဏ(ဒီပဲရင်း)

ချစ်ညီမလေးတို့ သတိပြုဖို့.... မောင်ဝဏ္ဏ

*ချစ်ညီမလေးတို့ သတိပြုဖို့*

မိစ္ဆာဒိဋ္ဌိ မွတ်ကုလားတွေဟာ
မရသေးခင်တော့
ကိုယ်နှစ်သက်တဲ့ဘာသာကို
ယုံကြည်ကိုးကွယ်ပါတဲ့
ရပြီးပြန်တော့လည်း
သူတို့ဘာသာထဲကို
မဝင်နိုင်ဘူးဆိုရင်
တစ်ရားဝင်မယားအဖြစ်
မသက်မှတ်နိုင်ဘူးတဲ့
အဲဒီလိုအဖြစ်ဆိုးတွေ
မကြုံရလေအောင်
မွတ်ကုလားဆိုရင်
ဝေးဝေးကရှောင်ကြပါ
ချစ်ညီမလေးတို့....

မောင်ဝဏ္ဏ(ဒီပဲရင်း)

မဖြစ်နိုင်ပေမယ့် ချစ်နေနိုင်တယ် ✏ နေမင်းရဲ့ သားတော်

မဖြစ်နိုင်ပေမယ့် ချစ်နေနိုင်တယ်


တစ်ခြားသူနဲ့ သင်ကပျော်
ငါ့မှာကြတော့ လွမ်းလို့နော်
ချစ်တဲ့ စိတ်တွေ အပြည့်ထား
သင့်အကြောင်းနေ့စဉ် ငါ"စဉ်းစား"

"စဉ်းစား"ရင်းနဲ့ ဝမ်းနည်းချင်
ငါ စိတ်ထိမ်းရင်း စာတွေစဉ်
ချစ်သူသင် မချစ်ရင်ထား
ငါ ချစ်တာတော့ သင်"မတား"

"မတား"ပါနဲ့ ချစ်သူရယ်
ငါ့ အချစ်က စစ်လွန်းတယ်
သင့်လိုလေ ပစ်ကာထား
ငါ့ရဲ့ စိတ်တွေ "နေမအား"

"နေမအား"လို့ စာတွေစဉ်
သင်က အရူးလို့ထင်
ထင်ပါလေ ချစ်သက်ထား
ပေးဆပ်လျက်သာ ငါချစ်သွား။ ။

နေမင်းရဲ့ သားတော် (မြန်အောင်)

နေမင်းရဲ့ သားတော် ✏ တစ္ဆေကပ်တဲ့ နေ့တွေ

*&*တစ္ဆေကပ်တဲ့ နေ့တွေ*&*

မိုင်တွေက အဆတစ်ရာ
သေချာတာက ဝေးကွာမြဲ
တစ်နေ့ တစ်နေရာဆိုတဲ့
အတွေးကြောင့်သာ။ ။

ချစ်ခဲ့ကြတဲ့ အကြောင်းတွေကို
ဟောင်းနွမ်းမသွားစေဖို့
ကြောင်းလန်းနေမိတယ်
မနေ့တနေ့ကလို ဖြစ်စေဖို့။ ။

တမ်းတဖော်သူတစ်ယောက်ကို
လွမ်းရတာ သိပ်များလို့
ခမ်းနားတဲ့ မြို့ကြီးတောင်
လမ်းသလားတဲ့ မောင့်ကို
ဆိတ်သုဉ်းပျောက်ကွယ်စေပြီ။ ။

နေမင်းရဲ့ သားတော်(မြန်အောင်)

ချစ်တယ် ✏ မိုးထက်

( ချစ်တယ် )
***
မိန်းကလေး
မင်းရဲ့မျက်နာ ပုံရိပ်လွှာကို
မြင်သည်အခိုက် နှစ်လုံးရှိုက်မှာ
လှိုက်လှိုက်လဲလဲ အသဲစွဲအောင်
ချစ်မိခဲ့ကြောင်း ဤစာကြောင်းဖြင့်
ထပ်လောင်းခါခါ ရေးသားပါရစေ

မိုးထက်( ဖောင်းပြင် )

ခွင့်လွှတ်ပါတယ် "ဧရာဝတီ " ✏ မင်းဝေ

ခွင့်လွှတ်ပါတယ် "ဧရာဝတီ "

တံလျှပ်ကို ရေထင်
ရွှေသမင် အလိုက်မှား
ငမိုက်သားက ကိုယ်ပါပဲ ဧရာဝတီ

ရေဇလာဆီကို တိုင်တည်ပေမယ့်
ဧရာဝတီ မင်းကတော့ မသိရှာတော့
အချစ်ညာမိသူကလဲ ကိုယ်ပါပဲ

နဂိုသာမြဲ ချစ်ခဲ့ပေမယ့်
အပြစ်မဲ့တဲ့နှလုံးသားကို
ဧရာဝတီရယ်.....မင်း
အသဲခွဲရက်တယ်နော်

ခွင့်လွှတ်ပါတယ် ဧရာဝတီ
စွဲမြဲစွာ ချစ်ခဲ့မိသူတစ်ယောက်ရဲ့
အသဲထဲမှာ ထာဝစဉ်ကိန်းနေမယ့်သူက
မင်းပါပဲ ဧရာဝတီ...

သစ္စာတွေ ဖောက်လွှဲ
မေတ္တာတွေ ခြောက်မွဲသွားခဲ့ပေမယ့်
တစ်ယောက်ထဲ အသဲကွဲရင်း
ဧရာဝတီရယ်.....မင်းကိုတော့
ကိုယ်က ထာဝရချစ်နေဆဲပါပဲ.....
မင်းဝေ(မန်းလေး)

ခွင့်လွတ်လိုက်လို့ရပါတယ်.....✏ မင်းသွေးခန့်

ခွင့်လွတ်လိုက်လို့ရပါတယ်

မေ့ဖြစ်လိုက်ဖို့တော့ မဖြစ်နိုင်အောင်
ပြင်းထန်နေတုန်းပဲချစ်သူ

နားလည်းပေးလိုက်လို့
ရပါတယ်ချစ်သူ
တွေးမိတိုင်းတော့
စကားလုံးရှာမရအောင်
ဆွံအ နေတုန်းပဲချစ်သူ

စွန့်လွတ်လိုက်လို့ရပါတယ်
ကတိတွေနဲ့ အမှတ်တရတွေကြောင့်
ချစ်မိနေတုန်းပဲချစ်သူ

ဒါကြောင့်......
နာကျင်နေတုန်းပဲချစ်သူ//

မင်းသွေးခန့်(ပြည်)

အဝေးရောက်ချစ်သူသို့...... မင်းသွေးခန့်

(အဝေးရောက်ချစ်သူသို့)

လူတစ်ယောက်ကို
သတိရနေမိတာက
ဝေးခြင်းနီးခြင်းနဲ့ မဆိုင်ပါဘူး ချစ်သူ
အနားမှာရှိနေဖြစ်တဲ့အတိုင်း
ပိုနေချစ်ရသလို
အဝေးမှာရောက်တော့လဲ
ပိုဂရုစိုက်နေမိတတ်သလိုပဲပေါ့ချစ်သူ
တကယ်တော့
အချစ်ဆိုတာကလည်း
အနားမှာရှိမှ ပိုချစ်ရမယ်ဆိုတဲ့
တားမြစ်ချက်လည်း ရှိမနေဘူးလေ....
ပိုင်ဆိုင်ခဲ့ဖူးတဲ့ အမှတ်တရလေးတွေနဲ့
ပြန်ဆုံဖြစ်မဲ့အနာဂတ်ကိုမျှော်လင့်ရင်း
အဝေးကချစ်သူတစ်ယောက်ကို သိပ်လွမ်းတယ်ချစ်သူ.....

မင်းသွေးခန့်(ပြည်)

Tuesday, November 25, 2014

ဥပေက္ခာရယ် ✏ နေမင်းရဲ့ သားတော်

*%*ဥပေက္ခာရယ် *%*
__

လွမ်းသံ ဆွေးသံတွေနှင့် ကြွေးကြော်……
တေးဖော်ကာ စာသားတွေနှင့်
နေ့ကိုကျော် လကိုကူးလည်း
ချစ်သူ အမူဘာမှမထူးတယ်
ရူးချက်က ကဲ။ ။

နေမင်းရဲ့ သားတော် (မြန်အောင်)

လေညင်းသံလေး... ဝေယံ

လေညင်းသံလေး
သဲ့သဲကြားသော်
ချစ်သူခေါ်သံ
လာလေသလား
စိတ်မှာဝေဝါး
အတွေးမှာအောင်
သံယောဇဉ်မျှင်
ခိုင်မြဲပြီးမို့

ဝေယံ ✏ ညောင်လေးပင်

တစ်ဖက်သတ် ❆ ✏ နေမင်းရဲ့ သားတော်

#$တစ်ဖက်သတ်$#

နှင်းဆီနှင့်တူ
မင်းလိုလူကို
တစ်ဖက်သတ်ချစ်
ငါ့ အဖြစ်က
ပန်းခူးသောလက်
သွေးယိုထွက်မှ
ဆူးခက်ရှိမှန်း
သိရပြီ။ ။

နေမင်းရဲ့ သားတော် (မြန်အောင်)

မကြင်နာအပြုံး အိပ်ပျက်ညကဗျာ ✏ နေမင်းရဲ့ သားတော် (မြန်အောင်)


တမ်းတသူငါ့ကို
လွမ်းတာက နှိပ်ဆက်
အိပ်ပျက်ပေါ့ ညတွေ
ခါခါပေါ့ နေ့စဉ်။ ။

ဝမ်းနည်းလို့ တီထွင်
ကဗျာစဉ်ပေမယ့်
ကြင်နာမှုမပေး
ပစ်ခွာသာပြေးတယ်။ ။

မသိသလိုလေး
အိချိုသွေးတဲ့ နင့် အပြုံး
နတ်သမီးရှုံးတယ်
ငါ ဒီမှာ ရူးတော့မယ်။ ။
**

အချစ်ဦး သို့...... (နိုင်နိုင် သိစေဖို့) စနိုး

ဟေမာန်ဆောင်းကို
ရောက်ခဲ့ပြီမောင်ရယ်
ဒါပေမဲ့.....
မောင်နဲ့ပြန်ဆုံတွေ့ခွင့်
မရသေးဘူးနော်
လွမ်းတယ် မောင်ရယ်
နှင်းတွေဝေတိုင်း
မေ့နှလုံးသားထဲကအချစ်တွေက ပြန်လည်နိုးထလာခဲ့ကြတယ်
ရာသီစက်ဝန်းတွေတိုင်း
မောင့်ကိုချစ်ခဲ့ပါတယ် မောင်
ဒါပေမဲ့
ဆောင်းတစ်ညက မောင်ကိုပိုလွမ်းပြီး
ချစ်မိတယ်
စူးရှတောက်ပပြီး
လှပတဲ့ မျက်ဝန်းတစ်စုံကိုပေါ့
ဒီမျက်ဝန်းလေးကိုပဲ မေစွဲလန်းပြီး
ချစ်ခဲ့မိတာ နှင်းတွေနဲ့အတူ
ဝေးခဲ့ကြသလို နှင်းတွေနဲ့အတူပြန်ဆုံချင်ပါတယ်မောင်
အလွမ်းတွေကိုပန်းလိုမပန်ပါရစေနဲ့
ဒီဆောင်းနဲ့အတူ မေ့
ရင်မှာ အေးချမ်းချင်ပါတယ် မောင်
မောင်ရင်ထဲမှာ မေ အမြဲရှိနေသလို
မေ ရင်ထဲမှာလဲ မောင်အမြဲ
ရှိနေခဲ့ပါတယ် မောင်ရယ်

ပြန်ဆုံဖို့ မျှော်လင့်လျှက်

(နိုင်နိုင် သိစေဖို့)

စနိုး နတ်မောက်

ရနံ့ပျောက်နေတဲ့ နှင်းဆီပွင့်လေးတွေရယ် .......နေဝန်းသစ်

ရနံ့ပျောက်နေတဲ့
နှင်းဆီပွင့်လေးတွေရယ်
နွမ်းခြောက်နေတဲ့
ခရေကုံးလေးတွေရယ်
ဒါတွေပါပဲ ချစ်သူရယ်
ရင်ပွင့်မတတ် ချစ်ခဲ့ပေမဲ့
ရင်ဖွင့်မချစ်ရဲခဲ့လေတော့
ငါ့ သံယောဇဉ်တွေကို
စည်းတားဘောင်ခတ်ရင်း
ခပ်စိမ်းစိမ်း နေခဲ့ရခြင်းပါ
သိပါသလား ချစ်သူ
ဒီလောကကြီးထဲက ပေါ့ပျက်ပျက် လူတစ်ယောက်ရဲ့ ရင်ထဲမှာ
မင်းအကြောင်းတွေ လေးလေးနက်နက် ရှိနေတယ် ဆိုတာကိုပေါ့
သေချာပါတယ်
မင်းသိရုံသက်သက်ချစ်ခဲ့တာ
မဟုတ်ဘူးဆိုတာကိုပေါ့

နေဝန်းသစ်

ညီမလေးသို့...✏ မောင်ကေ(သောတုဇန)

ညီမလေးရယ်
နေမင်းရဲ့ဆည်းဆာဟာ
မိုးသောက်ချိန်နဲ့
နေဝင်ချိန်မှာ
လှပတင့်တယ် တယ်ဆိုပေမယ့်
နေ့လယ်ဘက်မှာ
သူပေးတဲ့ရလဒ်ကတော့
လူသားတွေအတွက်
အပူဒဏ်ပါ
ညီမလေးရယ်။

မောင်ကေ(သောတုဇန)

ရင်ခွင်သစ်မှာပျော်ပါစေ.... မောင်ကေ

ရင်ခွင်သစ်မှာပျော်ပါစေ
တမင်ရက်စက်သူပြေးထွက်လို့
ရရှိဒဏ်ရာပြင်းထန်ပါလည်း
ကြင်နာအရိပ်အလွမ်းစိတ်က
ဖြေနိုင်အားမဲ့-
အိပ်မပျော်ညသန်းခေါင်ယံက
ပါးထက်မျက်ရည်စိုနေပါလည်း
ချစ်သူအတွက်
ဆုတောင်းလျှက်ကွယ်
ရင်ခွင်သစ်မှာပျော်ပါစေ***

မောင်ကေ(သောတုဇန)

အရှုံးသမားငါ့ဘဝရဲ့နောက်ဆုံးရှိုက်သံ ✏ မောင်ကေ(သောတုဇန)

အရှုံးသမားငါ့ဘဝရဲ့နောက်ဆုံးရှိုက်သံ

အကြင်နာတစ်ဖက်ကမ်းမှာ
နင်သာလက်လှမ်းမယ်ဆို
ရင်မှာမပြတ်နွမ်းခြောက်ပါစေ
ငါအရောက်လှမ်းခဲ့မှာပါ
အခုတော့
အိပ်ပျော်မြဲဖြစ်တဲ့
ငါ့နှစ်လုံးသားထဲကို
မဖိတ်ခေါ်ဘဲ
နင်ဝင်လာခဲ့တယ် မဟုတ်လား
သိပ်ပျော်နေဆဲ
ငါ့အိမ်မက်တွေကိုလည်း
အပျင်းပြေ
မင်းနင်းချေခဲ့လို့
ရှင်လျှက်သေနေတဲ့
ငါ့ဘဝကို
မြင်လျှက်နဲ့
နေရက်တယ်---ချစ်သူ
တစ်ဘဝတာအပြစ်ဖွဲ့ပေးလို့
ထာဝရအချစ်နဲ့ဝေးခဲ့ရတဲ့
ငါဟာ
နွေကမ္ဘာတစ်ဖက်ကမ်းရဲ့
ဝေဒနာလမ်းမှာ
မပြေသာအလွမ်းတွေနဲ့
ရှင်သန်နေဆဲပဲဆိုတာယုံပါ။
ခက်ထန်ကြမ်းတမ်းတဲ့
ငါ့ဘဝမှာ
လန်းစန်းတဲ့
အချစ်စစ်ကို
ရှာခဲ့ပေမယ့်
အကြင်နာမဲ့တဲ့
အပြုံးများနဲ့
နင်လာခနဲ့တဲ့အသုံးစကားကြောင့်
နှလုံးသားပြိုကွဲ
အရှုံးသမားငိုဆဲပါ
ကောင်မလေး။

မောင်ကေ(သောတုဇန)

ကျိန်စာ ✏ မောင်ကေ(သောတုဇန)

ကျိန်စာ

သိပ်တွေ့ချင်ပေမယ့်
တွေ့ရင်-ရင်မောရမယ်ထင်
မေ့စေချင်လို့တမင်ဦးအောင်
မေ့ယောင်ဆောင်ပြီး
ကွယ်ရှောင်ပုန်းပြေး
သည်ဝဋ်ဘေးက
အပြေးကလေးလွတ်ချင်ပြီ
တွေ့နေရရင်
အကြင်နာများထပ်ဆင့်ပွားကာ
ကြီးမားလာမယ်
မေ့ပါရစေ ချစ်သူရယ်
အမြင့်ပန်းမှ
ဆွတ်လှမ်းခြူလို့
မောင်လိုလူကို
ရန်သူအဖြစ်
ကျိန်စာရစ်လို့
အချစ်ရန်တွေ့ပစ်ပါတော့
ကောင်မလေးရယ်။

မောင်ကေ(သောတုဇန)

ညီမလေးသို့....၂✏ မောင်ကေ(သောတုဇန)

ညီမလေးရယ်
တစ်ခါတစ်လေ
စဉ်းစားကြည့်ပါဦး
မမြင်နိုင်တဲ့ကံကြမ္မာက
ကိုယ်တို့ကိုဆုံဆည်းစေခဲ့တယ်
အဲဒီကံကြမ္မာကပဲ
ကိုယ်တို့ကို
ဝေးစေပြန်ခဲ့တယ်
မဟုတ်လား
ညီမလေးရယ်။

မောင်ကေ(သောတုဇန)

ညီမလေးသို့.. မောင်ကေ

ညီမလေးရယ်
ဖွင့်မပြောခဲ့တဲ့စကားတစ်ခွန်းနဲ့
နှစ်ဦးသားနားလည်ခဲ့တဲ့
အကြည့်တွေကို
မေ့မရခြင်း အသိတစ်ခုတည်းနဲ့
ချစ်တယ်လို့ရဲရဲကြီးယုံလိုက်ရတယ်
အတွေးနက်နက်ထဲမှာ
အမေ့ခက်တဲ့မင်းမျက်ဝန်းဟာ
နှလုံးသားစကားဆိုလာပါတယ်
သိပ်သတိရတာပဲတဲ့
ညီမလေးရယ်။

မောင်ကေ(သောတုဇန)

မဟောင်းသောအသစ် (လျှို့ဝှက်လွမ်း)

မဟောင်းသောအသစ် (လျှို့ဝှက်လွမ်း)

ညကမှောင်ပေမို့
လရောင်တို့မစမ်းသော်လည်း
တစ်ချိန်ကအချစ်ထူးသည့်
ငယ်ချစ်ဦးသို့လွမ်းမိရင်
မကြွေသေးတဲ့
ကြယ်ကလေးကို
မြန်မြန်ကြွေပေးပါပြောရင်း
ပြန်ဆုံဖို့ဆုတောင်း
ရင်ဟောင်းလောင်းထဲမှာ
အတ္တတွေသာပြည့်နှက်ခဲ့ 
မုန်းမရသူကို
မေ့ဖို့ကြိုးစားတာတောင်
အချစ်ရဲ့လှောင်ပြောင်ခြင်းကိုခံရတယ်
မတွေးတော့ဘူးချစ်သူ
မဆွေးတော့ပါဘူး
အပေးအယူမတည့်တဲ့
ချစ်ခြင်းအပူကို
ဇွတ်အတင်းမယူတော့ပါဘူး
ပုံမပြောင်းတဲ့အချစ်တွေကိုနောင်ဘဝမှ
အသစ်ဖြစ်စေပါတော့မယ့့် 

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

ဆောင်းနဲ့အတူ (လျှို့ဝှက်လွမ်း)

ဆောင်းနဲ့အတူ (လျှို့ဝှက်လွမ်း)

တန်းဆောင်းသစ်နဲ့အတူ
ခွာညိုရနံ့တွေလည်း
သင်းပျံ့လို့နေပြီနော်
ဒီလိုဆောင်းရဲ့မြူနှင်းကြား
တို့အတူပျော်ပါးခဲ့တာကိုတော့
အတိတ်ကDateတွေကြည့်ရင်
မင်းအမှတ်ရနေမှာပါ့ 
ဘာပဲပြောပြော
ခွာညိုရနံ့နဲ့မင်းဟာ
ကိုယ့်ဘဝအတွက်
မေ့လို့ရတာတွေမဟုတ်တော့
တမ်းတမိတိုင်း
လွမ်းလို့နေရတာပေါ့ 
အလွမ်းတွေဆွေးမသွားခင်
အချစ်တွေဟာ
အသစ်တွေဖြစ်မသွားအောင်
ဒီဆောင်းမှာပဲ
ကိုယ်တို့ပြန်ဆုံကြရအောင်နော့့် 


လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

နွမ်းလွင့်ကြွေတဲ့အသဲပန်း(လျှို့ဝှက်လွမ်း)

နွမ်းလွင့်ကြွေတဲ့အသဲပန်း(လျှို့ဝှက်လွမ်း)

အမုန်းတွေချေပြီး
အပြုံးတွေဝေမဲ့နေ့ကိုစောင့်ခဲ့တာ
နှစ် လတွေသာကုန်ဆုံးသွားတယ်
ငါ့အသဲကတော့ရှုံးမြဲရှုံးဆဲပါပဲ
အရင်တုန်းက
မကြင်နာတုန်းမို့
တမင်တကာမုန်းတယ်လို့ထင်ခဲ့တာ
အခုတော့
မကြင်နာအစစ်နဲ့
ရင်မှာရှိတဲ့အချစ်ကိုယူကာ
ထာဝစဉ်ပစ်လို့သွားတော့
ကျန်နေသူရဲ့အသဲပန်းဟာ
နွမ်းလွင့်ကာကြွေခဲ့ရပြီပေါ့ 

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

အချစ်​ရဲ့ ​ရေ​သောက်​မြစ် ✏ စမ္ပာယ်​မြိုင်​} နီတာ

* အချစ်​ရဲ့ ​ရေ​သောက်​မြစ်​*

တဒင်္ဂ ပြုံးလိုက်​တဲ့
မင်းရဲ့အပြုံး​တွေ​ကြောင့်
ငါ့ရဲ့ရင်​ခုန်​သံ​တွေဆူညံခဲ့ဖူးတယ်....

နီးစပ်​ဖို့မလွယ်​ကူနိုင်​တဲ့
ရင်​ခုန်​သံ​တွေကိုလဲ
မြတ်​နိုးမူ များစွာနဲ့လဲ
သိမ်းထားခဲ့တယ်......

မင်းနဲ့ပတ်​သက်​သမျှ
မေ့မရ​​နိုင်​​အောင်​လဲ
စွဲလမ်းခဲ့မိတယ်......

မင်းနဲ့​တွေ့ရင်​လဲစွံ့အ သွားတဲ့အထိဖြစ်​ခဲ့ဖူးတယ်.......

အိပ်​မက်​​တွေထဲအထိ
မင်းရဲ့စကား​တွေဆို
အကြွင်းမဲ့ယုံကြည်​ခဲ့မိတယ်.......

နိုးထလိုက်​တဲ့အခါ
အလွမ်း​တွေနဲ့ပြည့်​နက်​​ခဲ့တယ်......

အချစ်​ရဲ့​ရေ​သောက်မြစ်​ဖြစ်​တဲ့အလွမ်း​တွေက
နိုးထလိုက်​တဲ့အခါတိုင်း တိုးပွား​နေပြီ......"

စမ္ပာယ်​မြိုင်​} နီတာ

အမြင်​မှန်​ ✏ စမ္ပာယ်​မြိုင်✏ နီတာ

(အမြင်​မှန်​)

မင်းနဲ့စကား​တွေ​ပြောဖို့
ငါ့မှာဆန္ဒမရှိ​တော့ဘူး....
မင်းပို့ထားတဲ့ Message​တွေဖတ်​ဖို့
ငါ့မှာအချိန်​မရှိ​ဘူး.....
မင်းဓာတ်​ပုံ​တွေကြည့်​ဖို့
ငါ့မှာအလွမ်း​​တွေမရှိ​တော့ဘူး.............
တစ်​ကြိမ်​တစ်​ခါမှ
မမြင်​ဘူးတဲ့ မင်းအ​ကြောင်းကို
စိတ်​ကူးယဉ်ခြင်းက
လက်​​တွေ့ဘဝမှာ
ဘာမှအသုံးမကျလို့ပါ..''

စမ္ပာယ်​မြိုင်✏ နီတာ

သူသိစေချင်ပါသည်.... လွမ်းသူ

သူသိစေချင်ပါသည်

တနေရာအဝေးဆီမှ
ကိုချစ်နေရတဲ့သူလေးရယ်
အကိုဘဝက အညတြဆန်
အကျည်းတန်လို့အထီးကျန်
ဆန်လွန်းလှသူမို့
ချစ်ရတဲ့သူအတွက်
သူများခူးမှာလဲကိုမလို
ကိုယ်ချူဖို့လဲမဝံ့ရဲနဲ့အသဲနင့်အောင်
ချစ်နေရတဲ့သူ့အတွက်
ရတက်မအေး သောကဆိုတဲ့
စိတ်တွေနဲ့ပူဆွေးနေရပါပြီ
ချစ်သူရယ်


လွမ်းသူ ဖေါင်းပြင်

ချစ်ရလွန်းတဲ့သူလေးသို့...✏ မောင်လွမ်းသူ

ချစ်ရလွန်းတဲ့သူလေးရေ
အစ်ကိုရဲ့ဘဝက
ကိုယ်မြတ်နိုးနေရတဲ့ပန်းကလေးတစ်ပွင့်ကို
သူများခူးမှာကိုလဲ ကိုယ်မလိုလား
ကိုယ်ခူးဘို့လဲမဝံ့မရဲနဲ့
အသဲအသက်မက
ချစ်နေမိတဲ့သူအတွက်
ရတက်မအေး သောကဆိုတဲ့
စိတ်တွေနဲ့ပူဆွေးနေရပါပြီ
သူလေးရယ်

မောင်လွမ်းသူ ဖေါင်းပြင်

မေ့မရသူ✏ ပျိုတို့မောင်

သူငယ်​ချင်းသံ​ယောဇဉ်​က​နေ
ချစ်​သူလို့သံ​ယောဇဉ်​ဖြစ်​ခဲ့လို့
ငါဖွင့်​​ပြောခဲ့တယ်​​နော်
မင်းက​ပြောတော့
တွေ့ကြတာ ခဏဆို​ပေမဲ့
ငါရင်​မှာ​တော့ရှည်​ကြာတဲ့​တွေ့ဆုံ​မှုလို့
ငါ​မေ့မရခဲ့ဘူး
ငါမင်းကိုမြင်​မြင်​ခြင်း
ချစ်​သွားတာလား
ချစ်​မိလို့မြင်​မြင်​​နေတာလား
ငါ​ဝေခွဲမရ​တော့ဘူးဟာ
ငါ့နှလုံးသားကမိုး​လောက်​မရှိ​ပေမဲ့
မင်းကိုမိုး​လောက်​ချစ်​တယ်
ဖုံးကွယ်​လို့မရတဲ့ အရာ​တွေထဲမှာ
အချစ်​ဆိုတဲ့အရာလည်းပါတယ်
အဲဒါ​ကြောင့်​ငါ့ရင်​ထဲကခံစားချက်​ကိုနားလည်း​ပေးပါ ချစ်​သူ။

ပျိုတို့​မောင်​(မန္တ​လေး)

အလွမ်းလှေ ✏ မောင်ဥာဏ်လင်းရောင်

အလွမ်းလှေ
…………………
ပိတုန်းရောင်သန်းတဲ့ ဆောင်းညဟေမန္တာ
ဝင့်ဖြာကျတဲ့ ငွေရောင်လရိပ်နဲ့
ညပန်းချီလှကို တန်ဆာဆင်
အေးမြတဲ့ လထက်ရင်ခွင်မှ
တေးဖက်ကာပြောသည့် ရေခဲပမာ
ဖြူချောပါ သူ့ ပြုံးအလှတွေနဲ့
မာနကိုတဲ့ဘဝဂ်တင်
ရှုမြင်သူရူးမလောက်အောင်
မေးထောက်ခံ အလှရှင်
ဆောင်းညရဲ့အလှသခင်ပါလို့
သူ့ အထင် ပြောခဲ့ပေမဲ့.....
ကျောက်စိမ်းရောင် ရှေ့တောင်တန်းဆီက
လှမျက်နှာ ရွှေရောင်သနပ်ခါးနဲ့
နှုတ်ခမ်းနီမသုံးပဲ ရဲရဲနီ
ပြုံးနှင်းဆီ နေခြည်တွေ့တော့
နွေရာသီ သူ့ရင်ခွင်မျိုး
မုတ်သုန်မိုး ပြိုစွေသည့်သွင်
ငေးကြည့်ရင်း မျက်ရည်သွန်လာ
မြစ်ဧရာ သူ့အသဲ နှလုံး
ရင်တစ်ခုလုံး သမုဒ္ဒရာနှင့်
ကြင်သူကယ် ချစ်သူကမ်းဆီသို့
နောက်ဆုံးတော့.....
အလွမ်းလှေကလေးနဲ့ ပဲ
လှော်နေရရှာပါလား...
မောင်ဥာဏ်လင်းရောင်{ရွှေသင်း}

စက္ကူစွန် ✏ အညတရမောင်

စက္ကူစွန်

ထွက်သွားတော့လို့ မနှင်ပေမဲ့
ငါမြင်တဲ့ ထောင့်တစ်နေရာစာက
မင်းဖို့မလိုအပ်မဲ့ ကွက်လပ်လေး
တစ်ခုဖြစ်ခဲ့ပေါ့။

တကယ်တော့. . . .
ကြိုးတစ်စရဲ့ ဖြတ်တောက်မူနဲ့
ဲ့စွန်တစ်ကောင်ရဲ့
နိဂုံးဟာ သူခင်တွယ်ခဲ့တဲ့
ကောင်းကင်ဟာသူအတွက်
ခိုနားရာမဟုတ်ဘူးဆိုတာ
သိခွင့်မရတဲ့ တဒင်္ဂကလေးမှာ
လေနှင်ရာလွင့်လို့တိမ်တွေနဲ့
ဲကြည်နူးခွင့်ရခွင့်ရှိခဲ့တာလေ. . .။

အညတရမောင်

ခင်ကြည်ယောက်ျား ကိုနေကို( တောင်ကြီး)

ခင်ကြည်ယောက်ျား

ကုတ်သွေးမစုတ် တို့ဗိုလ်ချုပ်က
အနေစုတ်လည်း ရွှေထုပ်ပဝါ
ကမ္ဘာအလယ်မှာ ဝင့်ထည်ခဲ့တယ်
သူငယ်ချင်း။

ကုတ်သွေစုတ်တဲ့
ဟိုး. .လူရှုပ်တွေက
အနေမစုတ် သမိုင်းအစုတ်နဲ့
အထုပ်ပိုက်ကာ ကမ္ဘာအလယ်မှာရွံစရာ။

ခင်ကြည်ယောက်ျား ဗိုလ်စစ်သားက
ကိုယ်ကျိုးအတွက် အပ်တစ်ချောင်းတောင်
မယူခဲ့ဘူး။
ဒါပေမဲ့. . . .ယူသွားတာ. . . .
မင်းတာ မင်းတို့ ငါတို့ နှလုံးသား။

စိန်ခင် မြေခင် ဂုဏ်ခင်ယောက်ျား
ဟိုး ...လူရမ်းကားတွေကတော့
ကိုယ့်အကျိုးအတွက်"ဆယ်သက်"စာကို
ယူသွားရက်တယ်။
ဒါပေမဲ့ . . .မယူနိင်တာ. . . .
မင်းတို့ ...ငါတို့ နှလုံးသား . . . . .

ကိုနေကို( တောင်ကြီး)

ခွင့်လွတ်ပေးကြပါ ✏ မိုးထက်(ဖောင်းပြင်)

ခွင့်လွတ်ပေးကြပါ

ကောက်ကျစ်စဉ်းလဲတဲ့
လူတစ်စုကြောင့်
နုပျိုတဲ့ အမေကို
ရင့်ရော်အောင် နှိုပ်စက်ကြတယ်
ရုပ်တွေ အိုးမင်းရင့်ရော်ခဲ့ပေမယ့်
နုပျိုလွန်းတဲ့စိတ်ကြောင့်
တစ်ခါ တစ်ခါ အမှားလုပ်မိတာကို
ခွင့်လွတ်ပေးကြပါ

မိုးထက်(ဖောင်းပြင်)

ကလေးရယ် ✏ thuyaaung

ကလေးရယ်.....
မထင်ရှားတဲ့ အသွင်နဲ့
ချဉ်းကပ်ခဲ့ပါရဲ့
အဲဒါကို သူလေးမသိခဲ့ဘူး
ုဒဏ်ရာတွေပေး
လွမ်းစရာတွေပေးပြီး
ထားခဲ့မှာလားဆိုတဲ့အတွေးနဲ့
ချဉ်ကပ်မိတာ ခွင်လွတ်ပါ ကလေးရယ်....
မယာတွေနဲ့ လှည့်စားပြီး
အထီးကျန်ဘဝနဲ့
မထားခဲ့ပါနဲ့ ကလေးရယ်......

thuyaaung@ (သင်းရနံမြေ )

Thursday, November 20, 2014

ကြွေရုပ်လေးသို့.... မိုလ်းသူရိန်

ကြွေရုပ်လေးသို့....

ပြန်ပြောရင် ရင်နာမယ်ထင်လို့
သံယောဇဉ်အကြင်နာများစွာနဲ့
မမြင်သာလမ်းအဝေးက
ိုပြေးထွက်လို့လာခဲ့ရပေမယ့်
မေ့ရက်တယ်ကြွေရုပ်လေးထင်လား
အကြင်နှစ်ဆင့်ပိုကဲ
ကြွေရုပ်လေးကိုပဲ
လွမ်းတယ်ဆိုတာ
ကိုယ့်ကိုယ်တိုင်သာအသိဆုံးပါ
မုန်းဖို့ဆိုတာမမြင်
မေ့ဖို့ကိုပဲကြိုးစား
အခက်ဗျာပါဆင့်နေပြီဆိုတာ
ကြွေရုပ်လေးသာသိမယ်ဆိုရင်
ကြွေရုပ်လေးရယ်
အသက်ရှုတိုင်းသတိရတယ်
ကြွေရုပ်လေးရယ်

မိုလ်းသူရိန်

မျက်နိုးလွန်းလို့ ✏ မိုလ်းသူရိန်

မျက်နိုးလွန်းလို့

နမ်းခွင့်ကြုံပေမယ့်
ပန်းဝတ်မှုန်ကြွေမှာဆိုးလို့
ဟိုးအဝေးကရူရှိုက်
မိုက်တယ်လို့ပြောချင်ပြောပါ
အလိုက်သိတာကို
ကြွေရုပ်လေးသိရင်
ကိုယ့်ရင်မှာကျေနပ်ပါတယ်

ဟိုးအဝေးကကြွေရုပ်လေးရေ
မိုးရက်မိုးစက်တွေကုန်ဆုံးပြီး
မိုးရွာခြင်းတွေပြီးဆုံးသွားတဲ့အခါ
ရေခိုးရေငွေ့တွေအဖြစ်နဲ့ 
ကြွေရုပ်လေးဆီအရောက်လာခဲ့မှာပါ
ကိုယ့်ကိုယ်မိုးစက်တွေအဖြစ်နဲ့
ပြန်မနှင်လိုက်ပါနဲ့နော်

ခူးခွင့်ကြုံပေမယ့်
ပန်းဝတ်မှုံမြေမခစေဖို့
နီးနားကဂရုစိုက်
အလိုက်သိတာကို
ကြွေရုပ်လေးသိရင်
ကိုယ့်ရင်မှာကျေနပ်ပါတယ်
ကြွေရုပ်လေးရယ်

မိုလ်းသူရိန်

ခွင့်ပြုပါ ✏ မိုးထက်(ဖောင်းပြင်)

ခွင့်ပြုပါ

မိန်းကလေး
မင်းကိုမြင်ရ တဒင်္ဂမှာ
မဖြစ်စဖူး အချစ်ထူးတွေ
ဖြစ်ခဲ့ရလို့ ရင်မှာပေါက်ဖွား
အကြင်နာစကားများ
ပြောခွင့်ပြုပါ

မိုးထက်(ဖောင်းပြင်)

ညီမလေးဖတ်ဖို့ "၆" (လျှို့ဝှက်လွမ်း)

ညီမလေးဖတ်ဖို့ "၆" (လျှို့ဝှက်လွမ်း)

ညီမလေးရေ
ဘဝတွေဝေးကွာနေလို့
ကိုယ်ကဆွေးကာနေသော်လည်း
ညီမလေးကတော့
မေ့နေလောက်ရောပေါ့

မချစ်တတ်တဲ့ညီမလေးကို
အချစ်ငတ်တဲ့ကိုယ်တစ်ယောက်
ဘဝတွေဝေးတဲ့
ညီမလေးရဲ့အဝေးကပဲ
လွမ်းရင်း ဆွေးရင်း
တမ်းတရင်း မှန်းဆရင်းနဲ့
အဝေးတစ်နေရာမှာ
အဆွေးကမ္ဘာလေးတည်ဆောက်နေပါ့မယ်


လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

ညီမလေးဖတ်ဖို့"၅"(လျှို့ဝှက်လွမ်း)

ညီမလေးဖတ်ဖို့"၅"(လျှို့ဝှက်လွမ်း)

ဖြစ်ခဲ့သမျှအားလုံးကို
မှားပါတယ်လို့ ဝန်ခံခြင်းပြုလို့
ကိုယ့်ခြေလှမ်းတွေရှေ့မတိုးမိအောင်
ကိုယ်ကိုတိုင်ရိုက်ချိုးပြီး
တိုးတိုးလေးပဲ ငိုကြွေးမိတယ်
အရမ်းချစ်ခဲ့ပေမယ့်
အနမ်းမဖြစ်ခဲ့တဲ့
အလွမ်းဒဏ်ရာတွေက
ကိုယ့်အသဲကိုခြေမွ
မြေခစေခဲ့ပြီ ညီမလေး
ဟိုအတိတ်ဝေဒနာတွေဟာ
မရေရာပါပဲ
သူ့နေရာသူဖြန့်ခင်းရင်း
အိပ်မပျော်တဲ့နတ်ဆိုးကို
ရိုးမယ်ဖွဲ့နေရတယ်
သိပ်ချစ်ပါတယ် ညီမလေး
ဒါပေမယ့်
တိတ်တိတ်လေးရယ်ပါ

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

ဘယ်တော့မှ မေ့မရ ✏ နိုင်

* ဘယ်တော့မှ မေ့မရ *

ညီမလေးရေ...
တစ်နယ်စီ ခွဲခွါလာခဲ့ရတဲ့ ရက်တွေ တစ်ရက်တစ်ရက် ရက်တွေဘယ်လိုပဲ ကြာညောင်းလို့ ရာသီတွေ ဘယ်လိုပဲ ပြောင်းလဲပါစေ ညီမပါးပြင်က သနပ်ခါးရနံ့လေးတွေကို
အကို ဘယ်တော့မှ မေ့မရပါဘူး ညီမလေးရယ်

နိုင် (ညောင်ဦး)

အပြုံး ✏ အောင်ကောင်းကင်

*အပြုံး*

တွေ့ဆုံခဏ ခင်မင်ကြလည်း
အချိန်တန်တော့ကိုယ့်လမ်း
ကိုယ်လျှောက်ရတာဓမ္မတာပါပဲ
ဒါ့ကြောင့်မို့
နောင်ခါတစ်နေ့
ပြန်လည်ဆုံတွေ့ခဲ့ရင်
မမေ့တတ်သူက
ပြုံးပြရမယ်နော်သူငယ်ချင်း

သင်တန်းတက်စဉ်ကသူငယ်ချင်းများအတွက်

အောင်ကောင်းကင် နတ္တလင်း

သတ္တိ ✏ အရှင်အာစာရ

###သတ္တိ###

လူဆိုတာမှားတက်တာပါပဲ
မမှားသောရှေ့နေ
မသေသောဆေးသမား
ဟူသောဥပမာနဲ့အညီ
မိဘလည်းမှားတက်တာပါပဲ
သားသမီးလည်းမှားတက်တာပါပဲ
ဆရာလည်းမှားတက်သလို
တပည့်လည်းမှားတက်တာပါပဲ မှားခြင်းကိစ္စမှာ
ဘယ်သူကမှားတယ်ဆိုတာ
အရေးမကြီးပါဘူး
မိဘတွေမှားရင်လည်း
မှားတယ်လို့ ဝန်ခံရဲတဲ့
သတ္တိရှိရမယ်
သားသမီးမှားရင်လည်း
ဝန်ခံရဲတဲ့သတ္တိရှိရမယ်
ဆရာမှားရင်လည်မှားတယ်လို့
ဝန်ခံရဲတဲ့သတ္တိရှိရမယ်
တပည့်မှားရင်လည်း
မှားတယ်လို့ဝန်ခံရဲတဲ့
သတ္တိရှိပါ
ဒီအတွက်ရှက်စရာမလိုပါဘူး
ကြောက်စရာမဟုတ်ပါဘူး
ဝန်ခံခြင်းသည်သတ္တိဖြစ်၏

အရှင်အာစာရ နတ္တလင်း
(ခေတ္တ) ပြည်

ကိုယ့်အဖြစ် ✏ အောင်ကောင်းကင်

ကိုယ့်အဖြစ်

ညဆိုရင်ကြောက်တတ်တဲ့
ညီမအတွက် ညရောက်တိုင်း
ညီမတစ်ခုခုဖြစ်မလားဆိုတဲ့
ကိုယ့်ရဲ့စိတ်တွေက ကိုယ့်ကို
ကြောက်ရွံ့စေခဲ့တယ်

ညီမနေမကောင်းတဲ့ညတွေမှာ
အဖျားတွေတက်ပြီး
အိပ်လို့မှပျော်ပါ့မလားလို့
ကိုယ်တွေးပြီး ညတိုင်း
အိပ်ရေးပျက်ခဲ့ရတယ်

ကိုယ်နေမကောင်းတိုင်းလည်း
ကိုယ့်အတွက်စိတ်များပူနေမလားလို့
တွေးမိတိုင်း
ကိုယ့်စိတ်တွေလှုပ်ရှားခဲ့ရတယ်

ညီမကိုမိဘတွေမုန်းတိုင်း
ညီမစိတ်အားငယ်ပြီး
ငိုနေမလားလို့စဉ်းစားမိတိုင်း
မျက်ရည်ဝေ့ခဲ့ရတယ်

ကိုယ့်မှာညတိုင်းစက္ကန့်နာရီတွေကို အဖော်ပြုပြီး
အလွမ်းတွေကိုအဖော်ပြုလို့
ညီမဖုန်းလေးကိုမျှော်နေမိတယ်
ကိုယ့်ချစ်တဲ့ညီမအတွက်
ကိုယ့်ရဲ့ပျော်ရွှင်မူ့
ကိုယ့်ရဲ့အနာဂတ်အားလုံးကို
ညီအတွက်ပုံအော
ပေးအပ်ထားပါတယ်ညီမရယ်
ရင်ထဲကအချစ်သူသိပါစေ

အောင်ကောင်းကင်
နတ္တလင်း

တမာခါးခါး ✏ အညတရဘိက္ခု

တမာခါးခါး

အညာတမာ ဝါတာတာနဲ့
ရသာခါးခါး ငါမစားဟု
ဆိုရိုးညာတိ စကားရှိ၏
ဆိုရိုးညာတိ စကားရှိလည်း
သူ့အားသူ့အင် သူ့အသွင်က
လာပါ,နားပါ စားလှည့်ပါဟု
စေတနာက မခါးလှပေ.....

အညတရဘိက္ခု
( အညာမြေ )

တထပ်တည်း..... thuyaaung@

တထပ်တည်း.....

ပိုင်ဆိုင်ခွင့်မရှိမှန်း ငါသိတယ်
မရနိုင်မှန်းလဲ ငါသိခဲ့တယ်
အဲဒါကို
ချစ်ဖြစ်အောင် ချစ်မိသွားတာ
မိုက်ရူးတယ်လို ထင်မလား
အရာရာတိုင်းဟာ
တထပ်တည်း မကျဘူးဆိုတာ
သိပါတယ်.......

thuyaaung@
သင်းရနံမြေ

တဖက်​သတ်​ရင်​ခုန်​သံ ဆူးရင့်​​ရောင်​(ဆီဆုံ)

" တဖက်​သတ်​ရင်​ခုန်​သံ "

မလာမှန်းသိတဲ့ဖုန်းတခုကို
ငါ ​မျှော်​​နေမိတယ်
Viber ဖွင့်​တိုင်း
နင်​များOnline မှာရှိ​နေမလားလို့
မျှော်​လင့်​ရတာလည်းအ​မောပဲ
ငါ့ ဆီကိုများmessage ပို့​လေမလားလို့​ပေါ့
တစ်​ရက်​ပြီးတစ်​ရက်​သာကုန်သွားတယ်
နင် ငါ့ကို မဆက်​သွယ်​ခဲ့ဘူး​နော်​......
ရပါတယ်​ ချစ်​သူ
နင်​​တောင်​​မေ့နိုင်​​သေးတာပဲ
ငါလည်းကြိုးစားရမှာ​ပေါ့လို့
စဉ်းစားမိ​တော့ ပါးပြင်​မှာ
မျက်​ရည်​တစ်​စက်
သြော်​ ဒီတစ်​သက်
ငါ နင့်​ကို​မေ့နိုင်​ပါဦးမလားဟာ

ဆူးရင့်​​ရောင်​(ဆီဆုံ)

နွေသင်​တိုင်း

နွေသင်​တိုင်း ​ငေး​မျှော်​ရသည်
မျက်​လုံး​လေးရှက်​စဖွယ်
လူသူ​လေးပါး
ခေတ်​သစ်​အလှတရား​တွေကိုထိုး​ဖောက်
ချိတ်​သမင်မ​လေးတစ်​​ယောက်​ရဲ့
မြန်​မာ့အလှတပါးကို
နှလုံးသားကပန်းတို့ရဲ့ လျှို့ဝှက်​ချက်အတိုင်း
ဖူးမြင်​ချင်​ပါရဲ့
လူသားမို့ဆို မလိုချင်​တာ​တွေထဲက
တစ်​ခု​ရွေးပြပါဆိုရင်
ဒီိတစ်​ခါ
ဒီရွက်​​ကြွေ​တွေလိုပဲ
သူတို့ရဲ့မြန်​မာ့အလှတရား
အစိုဓာတ်​ခမ်းသွားမှာကိုပဲ
စိုးရွံစိတ်​ပိုသည်
နွေသင်​တိုင်း
ချွေပင်​ကိုင်းရိုးတံလို
ခိုကိုးရာမဲ့ပူကျွမ်း
သြော်​......
သည်​ရဲ့ပူပန်​မှု
သစ္စာမှန်​ပါက
သူရဲ့အလှတရား
မြန်​မာဆန်​ပါ​စေသား.......။

ချစ်သောသူ ✏ လင်းသုတ

ချစ်သောသူ

မင်းအသံလေးကိုကြားတိုင်း
ငါ့နှလုံးသားတံတိုင်းကြီး
ခဏခဏအရည်ပျော်ပြီး
အချစ်တွေစီးဆင်းနေတယ်
မင်းနဲ့ပတ်သက်ပြီးမှ
ငါ့ကိုယ်ငါ ဘာဖြစ်မှန်းမသိ
မင်းကိုတော့ ချစ်မိတာ
သေချာနေပြီ
ဝေဒနာကလာပေးတဲ့ဒဏ်ရာ
မင်းကြောင့်ငါ နှလုံးသားတွေနူးညံ့လာပြီ
ဖမ်းစားလာတဲ့မင်းမျက်နှာ
ဘဝတစ်သက်စာမေ့မရ
ငါ့နှလုံးသားမှာနေရာယူ
မင်းက ငါ့ရဲ့
ချစ်သောသူပါ မိန်းကလေးရယ်။

လင်းသုတ

မင်းကြောင့်.... (လင်းသုတ)

မင်းကြောင့်
**
အိပ်မရတဲ့ ဆောင်းည
အလွမ်းတွေနဲ့ အသဲနှလုံး
ဘယ်လိုများပြုံးနိုင်မလဲ
တွေးတိုင်းက မင်းပုံရိပ်
ငါ့နှလုံးသားမှာ တိတ်တဆိတ်ဝင်ရောက်
ဘယ်လိုများရောက်နေပါလိမ့်
ခက်ပြီနော်....ဖျောက်လို့လဲမရ
မျက်ဝန်းလှလှတွေက ငါ့ကိုဆွဲဆောင်
နှလုံးသားကိုချည်နှောင်
ဆောင်းမှာတောင်မချမ်းတော့ဘူး။

လင်းသုတ

ဟေမာန်ဆောင်းနဲ့ချစ်မေမေ. (အရှင်အာလောက-ရေဝိုင်း)

ဟေမာန်ဆောင်းနဲ့ချစ်မေမေ
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
ဟေမာန်ဆောင်းရာသီလေးထဲကို
ဝင်ရောက်လို့လာပြီဆိုတော့
တစ်ချိန်တုန်းကဟေမာန်ရက်တွေကို
သတိရတမ်းတမိပါတယ်အမေ
အမေရှိစဉ်အခါက
အမေ့ရဲ့နွေးထွေးကြင်နာမှုတွေနဲ့
ဟေမာန်ရက်တွေကို
ကျော်လွှားနိုင်ခဲ့ပေမဲ့
အမေမရှိတော့တဲ့နောက်ပိုင်း
ဟေမာန်ရက်တွေတိုင်းဟာ
သားမောင်ကိုလှောင်ပြောင်ပြီး
ရယ်မောနေကြပြီအမေ
သူတို့ရဲ့ရယ်မောသံတွေအောက်မှာ
သားမောင်အမြဲတမ်း
အားငယ်ခဲ့ရတယ်အမေ
အမှန်တိုင်းပြောရရင်
အခုလိုအေးမြတဲ့
ဟေမာန်ရက်တွေကိုရောက်တိုင်း
နွေးထွေးတဲ့အမေ့ရဲ့
ရင်ငွေ့သက်ကလေးကို
သားမောင်တမ်းတမိပါတယ်
ချစ်မေမေရယ်...

(အရှင်အာလောက-ရေဝိုင်း)

အမုန်းဆုံး နှလုံးသား ✏ ( ငြိမ်းချမ်းလွင်)

*အမုန်းဆုံး နှလုံးသား*

အသဲက ဒဏ်ရာ သူမသိပါလဲ
ဖွင့်ပြောဘို့ရာ မဖြစ်သာလို့
ရင်မှာကြိတ်မှိတ် တိတ်တဆိတ်နဲ့ပဲ
နုတ်ပိတ်ကာ ငိုခဲ့ရ
တမ်းတကာ လွမ်းခဲ့ရပြီ
လွမ်းရပ်တွေက ရှည်ကြာလေတော့
ရင်ထဲမှာ နာကြီးစရာတွေက
အမှောင်လမ်း စမ်းလျှောက်ရသလို
မဖြစ်သာ အပြစ်တင်စရာကမရှိ
နောက်ဆုံး စိတ်ကုန်မိတာကတော့
အမုန်းကို မသိ အချစ်ပဲရှိတယ်ဆိုတဲ့
ဒီကောင်ရဲ့နှလုံးသားပဲပေါ့

(ရွှေအိုင်မြေ မှ ငြိမ်းချမ်းလွင်)

မရှိလဲကောင်းရှိလဲကောင်း (ရွှေအိုင်မြေ မှ အမုန်းလူသား)

မိန်မဟူဘိ ဣိထ္ထိယကား
အားလျှင်သန်းတုတ် အတင်းအုပ်
ပြင်းရင်ချေဆင်း ထမီးခင်း
ပြောလျှင်မချန် အကုန်လှန်
စားလျှင်မစင် မရှောင်ချင်
အိပ်လျှင်မခြား လူသေကောင်အလား
ထိုထိုဂုဏ်ရည်များနှင့် ပြည့်စုံလှဘိ
ဣိထ္ထိယကား
မရှိလဲကောင်းရှိလဲကောင်း

(ရွှေအိုင်မြေ မှ အမုန်းလူသား)

ချစ်သူသို့....နှိုင်းမမီ ....သိမ်ကုန်း

ချစ်သူသို့....

ပင်မြင့်ယံက ပန်းသဇင်
ပန်းပလ္လင်မှာ မြန်းဝင်ထိုက်တဲ့
ပန်းသဇင် အလှဘုရင်လေးကို
မခူးရက် မလှမ်းရက်တာကြောင့်
အဝေးကပဲ လှမ်းကြည်နေဆဲ
သို့ပေမဲ့လေ
မြတ်နိုးသည်ပန်း သူများနမ်း၍
ခူးခြွေမှဖြင့် မနှစ်မြိုတာ
အမှန်ပါ ပန်းကလေးရာ....

နှိုင်းမမီ ....သိမ်ကုန်း

လူငယ် ✏ တော်ဝင်မြန်မာ

လူငယ်

ယခုလူငယ်ရှေ့လူငယ်

ဘယ်ဟာပါကြောင့်ခြားနားစေ

ယခုမြန်မာနောင်သာသနာ

တိုးတက်ဖို့က ယခုလူငယ်

တော်ဝင်မြန်မာ(ဆရာနွယ်)

ချစ်သူသို့..... ဆုသက်အောင်

ချစ်သူသို့.....

ချစ်သူ......အသည်းနင့်အောင်ချစ်ခဲ့တာ
အလွမ်းဆိုတဲ့ဝေဒနာခံစားဖို့မှမဟုတ်တာ
မိုင်ပေါင်းကုဋေဝေးကွာနေရလည်း
ငါ့နှလုံးသားထဲမင်းအမြဲစိုးမိုးထားတယ်
ဟိုး...အဝေးဆုံးဆိုတဲ့တစ်နေရာမှာ
မင်းရှိနေရင်တောင်
မိုးကောင်းကင်တစ်ခုတည်းအောက်မှာ
မင်းရှိနေတယ်ဆိုတဲ့အတွေးနဲ့ငါရှင်သန်နေမယ်
ဒါပေမဲ့ချစ်သူရယ်
မင်းသာသစ္စာရှိမယ်ဆိုရင်လေ
အလွမ်းတွေကိုထွေးပိုက်ရင်း
ဆုံစည်းနိုင်မဲ့နေတွေကိုရေတွက်ရင်း
ငါအမြဲစောင့်နေပါ့မယ်
တစ်ကယ်လို့များ
ဆုံစည်းခွင့်ဆိုတဲ့အရာတစ်ခု
ငါတို့ကြားမှာရှိမနေတော့ရင်လည်း
မင်းပုံရိပ်တွေမြင်ယောင်ရင်း
ချိုမြိန်တဲ့ချစ်စကားတွေတမ်းတရင်း
နွေးထွေးတဲ့အပြုံးတွေလွမ်းဆွတ်ရင်း
အချစ်ဆိုတဲ့အရာနှလုံးသားထဲမှာ
အမြဲတမ်းမြုပ်နှံထားပါတော့မယ်

ဆုသက်အောင်(ထိန်တော-မိုးညို)

ချစ်သူသို့..... ဆုသက်အောင်

ချစ်သူသို့.....

ချစ်သူ......အသည်းနင့်အောင်ချစ်ခဲ့တာ
အလွမ်းဆိုတဲ့ဝေဒနာခံစားဖို့မှမဟုတ်တာ
မိုင်ပေါင်းကုဋေဝေးကွာနေရလည်း
ငါ့နှလုံးသားထဲမင်းအမြဲစိုးမိုးထားတယ်
ဟိုး...အဝေးဆုံးဆိုတဲ့တစ်နေရာမှာ
မင်းရှိနေရင်တောင်
မိုးကောင်းကင်တစ်ခုတည်းအောက်မှာ
မင်းရှိနေတယ်ဆိုတဲ့အတွေးနဲ့ငါရှင်သန်နေမယ်
ဒါပေမဲ့ချစ်သူရယ်
မင်းသာသစ္စာရှိမယ်ဆိုရင်လေ
အလွမ်းတွေကိုထွေးပိုက်ရင်း
ဆုံစည်းနိုင်မဲ့နေတွေကိုရေတွက်ရင်း
ငါအမြဲစောင့်နေပါ့မယ်
တစ်ကယ်လို့များ
ဆုံစည်းခွင့်ဆိုတဲ့အရာတစ်ခု
ငါတို့ကြားမှာရှိမနေတော့ရင်လည်း
မင်းပုံရိပ်တွေမြင်ယောင်ရင်း
ချိုမြိန်တဲ့ချစ်စကားတွေတမ်းတရင်း
နွေးထွေးတဲ့အပြုံးတွေလွမ်းဆွတ်ရင်း
အချစ်ဆိုတဲ့အရာနှလုံးသားထဲမှာ
အမြဲတမ်းမြုပ်နှံထားပါတော့မယ်

ဆုသက်အောင်(ထိန်တော-မိုးညို)

အချစ်ကြီးသူ..... ဆုသက်အောင်

အချစ်ကြီးသူ

ချစ်သူရေ နင်မေ့နေလည်း
ငါသတိရနေတာ
နင်မချစ်တော့လည်း
ငါချစ်နေမှာ
နင်ထားသွားလည်း
ငါသစ္စာရှိနေမှာ
အဲဒါဘာဖြစ်လို့လဲသိလား
တစ်သက်မှာ
တစ်ယောက်ပဲချစ်တတ်တဲ့
မိန်းကလေးအချစ်မိုလို့ပေါ့ချစ်သူရယ်

ဆုသက်အောင်(ထိန်တော-မိုးညို)

အ.ထ.က ထိန်တောသူငယ်ချင်းများသို့..... ဆုသက်အောင်

အ.ထ.က ထိန်တောသူငယ်ချင်းများသို့.....

ထာဝရအမှန် ခင်မင်သော်လည်း
ရေစက်ကုန်၍ ခွဲခွာရကာ
မိဘရပ်ထံ ဌာနေကိုပြန်
သူငယ်ချင်းများနှင့် ဝေးကွာခဲ့၏
သို့ပါသော်လည်း ခင်မင်မှုတို့
ရင်၌ပြန့်ပွား ဖြတ်ရခက်တဲ့
သံယောဇဉ်ရယ်

ဆုသက်အောင်(ထိန်တော-မိုးညို)

လမ်း ✏ ထွန်းနောင်

"လမ်း"

@ အချစ်ဋီကာတွေဖွဲ့
စိတ်ကူးယဉ်တဲ့ စကားလုံး
ကျွန်တော် သုံးခဲ့ဖူးတယ် . .။

@ ချွဲချွဲနွဲ့နွဲ့ တီတီတာတာ
ပလီဗလာ သူ့အပြုံးကိုမှ
ရင်ထဲမှာ အနှစ်သက်ဆုံး
ဖြစ်ခဲ့ဖူးတယ် . . . ။

@ သမုဒယတဏှာ၏ စေခိုင်းမှုကြောင့်
ဤလူ့ဘဝ ဤလူ့ရွာမှာ
ဒုက္ခမိုးတွေ အငြိုးတကြီး
ရွာချခဲ့ဖူးတယ် . . . ။

@ မြတ်ဗုဒ္ဓ၏ ဒေသနာ
သေချာစွာလေ့လာမှု မပြုခင်
အချိန်တစ်ခုကပေါ့ . . . ။

@ ယခုတော့လေ . .
သမုဒယနဲ့ ဒုက္ခတရား
ရှောင်ရှားရာ မဂ္ဂင်လမ်း
တကယ်ရှိမှန်း သိလိုက်ရတဲ့အခါ
ကာမဂုဏ်ကို မျက်နှာလွဲ
အာရုံကို ဖြတ်ရဲတဲ့သတ္တိ
ရှိ, မရှိ ချိန်စက်
ဓမ္မအားမာန် အပြည့်အနှက်နဲ့
ဘဝပန်းတိုင်အဆုံးထိ
ရှေ့ဆက်ကြည့်ချင်တယ်ဗျာ . . . . . ။

ထွန်းနောင်(ဖောင်းပြင်)

မဖြေသာ သူ့ရှင်​ [က ​လေး]

မဖြေသာ

ရင်​နာစရာ သူ့စကားရယ်​​ကြောင့်
မကြင်​နာ လိုရာသွား​ပေဟု
ရက်​စက်​စွာ ရင်​မှာထားလိုလဲ
ချိန်​ခါတန်​ ​စေတနာမှန်​အလှကို
သူဧကန်​ မြင်​တန်​​ကောင်းရယ်​လို့
မျှော်​လင့်​ကာ စိတ်​ဗျာ​ဇောရယ်​နဲ့
သူရယ်​....
လွမ်းလှတယ်​​လေ.....။

သူ့ရှင်​ [က ​လေး]

မငိုတော့ဘူးမောင်ချစ်သူ (လဝန်းသစ်)

*မငိုတော့ဘူးမောင်ချစ်သူ*

#သူ့မျက်ဝန်းကြည်လဲ့လဲ့
ကိုယ်....
နှုတ်ဆက်ခဲ့တဲ့အခါ
အကြင်နာမျက်ရည်ခ
ကြွေကျမယ်ထင်ခဲ့တာ#
#ဒါပေမယ့်....
သူ့အသည်းကမာ
ဝေဒနာရင်မှာမြိုသိပ်
နှုတ်ဆိတ်နေရှာ#
#စိတ်ချပါချစ်သူ
မရေရာမျှော်လင့်ချက်နဲ့
ဝေဒနာဟို..တစ်ဖက်ကမ်းဆီ
ထွက်ခွာသွားတဲ့ငါ
မင်းကိုသတိရလွန်းလို့
ဝမ်းနည်းလွန်းတဲ့အခါ
ကိုယ်လည်း...
ငိုမနေတော့ပါဘူးကွာ#

(လဝန်းသစ်)

စိတ္တဇညတွေ ✏ အမေ့ပုံရိပ်

စိတ္တဇညတွေ

တိတ်တခိုးနဲ့ ချစ်မိသူမို့
တိတ်ဆိတ်တဲ့စိတ္တဇညမှာ
ကျိတ်မှိတ်ကာအိပ်သော်လည်း
အိပ်လို့ရယ်မရ
ကျိတ်ကျိတ်ကာဆွေးရ
လွမ်းရတဲ့မောင့်ဘဝပါ

အမေ့ပုံရိပ်-ဆည်းဆာ

ရင်တွင်းစကား ✏ အမေ့ပုံရိပ်

ရင်တွင်းစကား

မေတ္တာနှောင်ကြိုး
ချစ်စကားကို
ပြောမည်ပြောမည်
စိတ်ကရည်လည်း
အသည်းစကားမို့မပြောဖြစ်
ရာသီတွေရယ်အလျှားနှစ်
နှစ်လုံးသားမှာသောကရစ်-တဲ့

အမေ့ပုံရိပ်-ဆည်းဆာ

အပြုံးကြောင့် ✏ အမေ့ပုံရိပ်

အပြုံးကြောင့်

သိပ်ချစ်တတ်မှန်းသိလို့
တမင်ပြုံးပြတာလား
အပြုံးလှလှလေးတွေကြားမှာ
ရုန်းမရတော့လို့
နင်မမုန်းလိုက်ပါနဲ့နော်
ငါမခံစားနှိုင်လွန်းလို့ပါ
တကယ်လို့
နှလုံးသားကိုအတုလုပ်
အပျော်သဘောလေးနဲ့
ချစ်ချင်ဟန်ဆောင်ကာ
အမုန်းမိုးတွေချွေတော့မည်ဆိုရင်တောင်
နှလုံးသားလေးအရမ်းနုတာမို့
ကျေးဇူးပြု၍ ဒို့ကိုဖြေးဖြေးလေးပဲ
မုန်းပေးပါ

အမေ့ပုံရိပ်-ဆည်းဆာ

ပြောရအုံးမယ် ✏ မောင်လွမ်းသူ

( ပြောရအုံးမယ် )

တာဝါစိုက်တဲ့ မြို့ဖေါင်းပြင်
တိုင်းမူးလာတော့ ကျေးဇူးတင်
မြင်သာမြင်လို့ ဆက်မရ
Gဖုန်းအောက်တန်းကျ
သူများဝမှ ဒို့ကကိုင်
ကျလှဒီစတိုင်
သူကိုင်,ကိုယ်ကိုင် ရှိုးထုတ်ရ
မောနိုင်ပါဘူးဗျ
တာဝါထိမ်းတဲ့ အစောင့်တွေ
ဘေးရန်ရှင်းလို့ ကင်းပါစေ
နင်တို့လဲလေ သတိတာထား
ပြောရအုံးမယ်ဗျား

မောင်လွမ်းသူ ဖေါင်းပြင်

အောက်မန်လည်

ဖိနပ် ✏ မိုလ်းသူရိန်

ဖိနပ်

အတွေးကိုကချဲ့ထွင်လို့ 
ထင်ရာကိုစိုင်းချင်ပေမယ့်
မသွားချင်တဲ့ဒုက္ခရယ်

အပါးတော်မြဲပြီးမခွဲစတမ်းမို့ 
လှမ်းပါများတဲ့ခြေလှမ်းတွေကြောင့်
တစ်ဖြည်းဖြည်းနဲ့ပါးခဲ့ရပြီ

ဖဝါးတော်နုနုသွေးခြေဥလို့
ဒဏ်ရာဒဏ်ချက်တွေက
များလို့ရယ်လာရပေမယ့်
ဆက်လို့ရယ်သွားရအုံးမယ်

ငိုတော့မယ့်မျက်နှာကို
ချော့ရတာခက်လို့
ပြောမထွက်ခဲ့ပါ

နာပေမယ့် အံကြိတ်လို့တောင့်ခံ
ဒဏ်ရာကိုမေ့ထား အသနားမခံတော့
ဖြစ်ချင်ရာဖြစ်လို့ ပါးတာကိုစီးရင်း
ခရီးရယ်ဆက် ကိုယ့်အထက်ကလူ
ကူပါ့မလဲ.................

ဘယ်အချိန် ရပါ့မလဲ
ဘယ်အချိန်.........
စောင့်လို့ရယ်မျှော်ပေမယ့်
ဖြစ်မလာတာတော့ ဘယ်သိမလဲ...

ခုဖိနပ်ကိုက
ပါးပါးလေးရယ်
ဒဏ်ရာများလို့နာလှပြီကွယ်
အသစ်ရယ်ဘယ်ချိန်လဲ .......
စောင့်ရအုံးမယ်
သြော်......
ဘဝကဆိုးတယ်
စောင့်ရအုံးမယ်ထင်တယ်

ပုံ မိုလ်းသူရိန်

ပန်းတောင်တန်း ✏ မိုလ်းသူရိန်

ပန်းတောင်တန်း

ကြွေရုပ်လေးရယ်......
မင်းကိုလွမ်းတိုင်းသာ
ပန်းတစ်ပွင့်ပွင့်မယ်ဆိုရင်
လွမ်းရောင်သမ်းနေတဲ့
ပန်းတောင်တန်းက
ရှမ်းတောင်တန်းထက်
မြင့်လိမ့်မယ်ကြွေရုပ်လေးရယ်

မိုလ်းသူရိန်

ကျောင်းသူမလေး ✏ မိုလ်းသူရိန်

ကျောင်းသူမလေး

ဖြူစင်အင်္ကျီ စိမ်းရောင်ထဘီနဲ့ 
အပြုံး,ချိုမြ ကျောင်းသူမလေးရယ်
ရင်မှာတွယ်ရစ် အချစ်စစ်ကို
ဖွင့်ဟကြေငြာ မဖြေသာလို့
ခိုးချစ်နေရ ကိုယ့်ဘဝကို
ကျောင်းသူမလေး သိပါစေ.....

မိုလ်းသူရိန်

ချစ်မိခဲ့ပြီ.... မိုလ်းသူရိန်

"ချစ်မိခဲ့ပြီ"

သူ့ကိုတွေ့စ မြင်ကတည်းက
တည်ငြိမ်ခဲ့သော နှလုံးသားသည်
လှုပ်ရှားယိုင်းယိုင် မခိုင်နိုင်တော့
ငိုင်တွေးငေးမော လွမ်းမောဖွယ်ရာ
တည်ငြိမ်မှုကင်း အလျင်းမရှိ
ရင်တွင်းဝေဒနာ သေချာစစ်တော့
အသဲနင့်အောင် ချစ်မိသွားပြီ
ကြွေရုပ်လေးရယ်

ပုံ မိုလ်းသူရိန်

သော့ခလောက် ✏ ကမ္ဘာ(လ.ပ.ဇ)

သော့ခလောက်

မလိုတမာ လိုသကာကို
အပြောချိုသည့် မင်းလိုမိန်းမလှ
ငါကြောက်လှ၏
နောက်နောင်တွေများ တွေ့သော်ငြားလဲ
မင်းရဲ့လှည်စား မာယာစကားကို
ငါ၏သောတ မေတ္တာနားမှာ
မကြားရအောင် ရှောင်ဖယ်နေပါ
မေတ္တာနှလုံး အစဉ်ပြုံးသော
မောင့်ရဲ့ရင်ခွင် ရွှေဘဝင်ကို
မာယာများသူ မလာရဟု
နှလုံးသားကို သော့ခတ်ထားပြီ။

ကမ္ဘာ(လ.ပ.ဇ)

အမုန်းဆုံးနှလုံးသား ✏ ကမ္ဘာ

(အမုန်းဆုံးနှလုံးသား)

ရင်ထဲကဒဏ်ရာ သူမသိပါလဲ
ဖွင့်ပြောဖို့ရာ မဖြစ်သာလို့
ရင်မှာကြိတ်မှိတ် တိတ်တဆိတ်နဲ့
နှုတ်ပိတ်ကာငိုခဲ့ရ
တမ်းတကာလွမ်းရပြီပေါ့
ရင်ထဲမှာနာကြီးစရာက
အမှောင်လမ်း စမ်းလျှောက်ရသလို
မဖြစ်သာအပြစ်တင်စရာက မရှိ
နောက်ဆုံးစိတ်ကုန်မိတာက
အမုန်းကိုမသိ
အချစ်ပဲရှိတဲ့ဒီကောင်ရဲ့
နှလုံးသားပဲပေါ့.......

ကမ္ဘာ(လ.ပ.ဇ)

သိပ်ချစ်တဲ့ကလေး... thuyaaung

သိပ်ချစ်တဲ့ကလေး...

ပင်လယ်ပြင်ကို သယ်ဆောင်လာတဲ့
လေဟာနယ်ကို မကြောက်ဘူး
ပတ်ဝန်ကျင်ရဲ့ လေဟာနယ်ကို
အရမ်းကြောက်တယ် ကလေးရယ်

သူတကာတွေမြင်ရင် အပြောခံရမှာ
အရမ်းစိုးရိမ်းတယ်
စိုးရိမ်းစိတ်နဲ့ ဖွင့်မပြောဘဲနေတာကို
တစ်မျိုးမထင်ပါနဲ့
ဖွင့်မပြောလည်း ကလေးသိမှာပါ

thuyaaung@ သင်းရနံမြေ

ကောင်းကင်ပြိုတဲ့နေ့.... အောင်ကောင်းကင်

ကောင်းကင်ပြိုတဲ့နေ့....

မိုးရွာရင်ဝမ်းနည်းတက်သလို
ကြယ်တစ်ပွင့်ကြွေတိုင်းလည်း
ကြေကွဲရလွန်းတဲ့ကောင်လေးက....ငါပါ
ငယ်စဉ်ကအတွေးနဲ့
နုနယ်တဲ့ ခံစားချက်တွေမှာ
ငါသနားခဲ့တာက
အထီးကျန်တဲ့လမင်းကြီးကိုပေါ့
ကောင်မလေးရယ်

ငါ့ရင်ခွင်က ကောင်းကင်ဖြစ်မှ
ငါ့ကိုယ်ငါ စာနာတတ်ခဲ့တယ်
တကယ်တော့ကြယ်ကြွေတိုင်း
ရင်ကွဲရတာ
နူးညံ့တဲ့မိုးကောင်းကင်ကြီးပါ
ကောင်မလေးရယ်

မိုးကောင်းကင်ဟာသူ့ရဲ့
စို့နင့်ခြင်းတွေကို
မိုးအဖြစ်ရွာချပေမဲ့
ကောင်းကင် ရင်ခွင်ကတော့
သူ့ရဲ့နာကျင်ခြင်းတွေကို
နှလုံးသားထဲမှာ မြုပ်နှံခဲ့ရတယ်

ကွာဟတဲ့ရပ်တည်မူ့တွေထဲမှာ
ကြယ်တစ်ပွင့်ကြွေတိုင်း
အပွင့်ပေါင်းများစွာ
ပြန်ပျိုးနိုင်တဲ့မိုးကောင်းကင်ဟာ
ကြယ်နဲ့လမင်းအစဉ်မခွဲ
တတွဲတွဲပေါ့
ငါ့ကောင်းကင်ရင်ခွင်တော့
လမင်းကွယ်လို့ကြယ်တွေလည်းကျဲ
အမှောင်တွေထဲဗလာနတ္ထိပါပဲ
အက်ကြောင်းရာဗလဗွနှင့်
မိုးရာသီဖြစ်ခဲ့ရတဲ့
ငါ့ကောင်းကင်ရင်ခွင်မှာ
ရင်ကွဲခတ်သံတွေသာ
ထစ်ချုန်းခဲ့ရတယ်
တကယ်လို့များကောင်မလေးရယ်
ဘာဆိုဘာမှမရှိတဲ့ငါ့ကောင်းကင်ရင်ခွင်မှာ
ငါ့ကြယ်နတ်သမီးလေ
မင်းသာကြွေသွားခဲ့ရင်
အဲဒီနေ့က ကောင်းကင်ပြိုတဲ့နေ့ပေါ့
ကောင်မလေးရယ်

အောင်ကောင်းကင် နတ္တလင်း

အမုန်း (ဝေဇင့်အတွက်လက်ဆောင်) အောင်ကောင်းကင်

အမုန်း

မင်းအမုန်းတွေက
ကြောက်ဖို့ကောင်းလိုက်တာနော်....
မင်းရဲ့အမုန်းဒဏ်ကြောင့်
ငါ့ရင်ဘက်ဟာလောင်စာဖြစ်ခဲ့ရင်
ကမ္ဘာကြီးတောင်
ပြာကျလောက်တယ်....
မင်းရဲ့အမုန်းဟာ
ကမ္ဘာတည်သရွှေ့
မပျက်သုဉ်းတော့ဘူးလား
ကောင်မလေးရယ်

ဝေဇင့်အတွက်လက်ဆောင်

အောင်ကောင်းကင် ✏ နတ္တလင်း

အမေ

အမေ

လွမ်းစရာတွေကို
ရယ်စရာအဖြစ် ပြောင်းလဲပြီး
ပြုစုခဲ့တာလည်း အမေပါ

ယုယမှု အပေါင်းနဲ့
နွေးထွေးမှုတစ်ရာမကတာတွေကို
ပေးအပ်ခဲ့တာလည်း အမေပါ

ထာဝရခင်မင်မှု ✏ မောင်မေတ္တာနွယ်

ထာဝရခင်မင်မှု

တစ်နေ့တစ်ရက် အတွေ့ခက်လို
့ဒို့နှစ်ယောက်ရဲ့ ခင်မင်မှုလေးတွေ
အရင်ကလို အနှစ်သာရ
မပြည့်ဝတော့ပြီထင်ပါရဲ့
တစ်သက်မှာ တစ်ယောက်တည်းသာ
ချစ်ခွင့်ပေးတဲ့
ကိုယ့်ရဲ့နှလုံးသား အတွက်တော့
နှစ်တွေဘယ်လောက် ပြောင်းပြောင်း
မဟောင်းတဲ့ ခင်မင်မှုတွေက
ထာဝရ ခင်မင်လျက်ဆိုတာ
သူလေးသိစေချင်ပါတယ်

မောင်မေတ္တာနွယ် ( ရမ္မာမြေ )်

လက်​​ချောင်း​လေးရဲ့တန်​ဖိုး´ နီတာ

လက်​​ချောင်း​လေးရဲ့တန်​ဖိုး´

အောင်​မြင်​တဲ့အခါ လက်​ခုပ်​တီး​ပေးတဲ့
လက်​ဆယ်​​ချောင်းထက်
ကျရှုံးတဲ့အခါ မျက်​ရည်​သုတ်​​ပေးတဲ့
လက်​​ချောင်း​လေးက
ပိုးပြီးတန်​ဖိုးရှိပါတယ်​''

(စံပါယ်​မြိုင်​)နီတာ

Sunday, November 16, 2014

ညီမလေး...သို့....့ (ဆရာနွ)

ညီမလေး...သို့

မျိုးရိုးမြန်မာဘာသာခြားဘိ

မျိုးရိုးကိုပင်ဖျက်ဆီးရဲ၏

မြန်မာနာဂတ်ဘယ်သူဖန်တီး

တော်ဝင်မြန်မာ့(ဆရာနွ)

အဖြူရောင်အလင်းတန်း ✏ ကိုစိုင်း ဘုတလင်

အဖြူရောင်အလင်းတန်း

သူများတကာတွေပျော်ရွှင်တိုင်းလည်း
ပျော်ချင်မိတယ်
ဘေးပတ်ဝန်းကျင်က
အမေဆိုတဲ့စကားတစ်ခွန်းကို
ခေါ်သံကြားတိုင်းခေါ်ချင်မိတယ်
ဒါပေမဲ့.....မဖြစ်နိုင်တော့ပါဘူး
ကျနော်တို့ဘ၀က
တခြမ်းမရှိတဲ့လတစ်စင်းလိုပဲ
ကျွန်တော်တို့.....
ဟိုငယ်ငယ်လေးကတည်းကနေ
အခုချိန်ထိအဖေ့ရဲ့အေးချမ်းတဲ့
မေတ္တာအလင်းတွေ ရခဲ့ပေမယ့်
အမေကတော့ ကျွန်တော်တို့အတွက်
ထာဝရလမိုက်ခြင်းဆိုတာကိုပဲ
ပေးအပ်ခဲ့တယ်

ကိုစိုင်း ဘုတလင်

ဟေမာန်ဆောင်းရဲ့ဒီအလွမ်း ✏ အရှင်အာလောက

*ဟေမာန်ဆောင်းရဲ့ဒီအလွမ်း*

ဆောင်းဟေမာန်နံနက်ခင်းရဲ့
နှင်းပွင့်တွေကြားထဲမှာ
မေမေ့ကိုတမ်းတရင်း
စမ်းတဝါးဝါးနဲ့ သားမောင်
လမ်းသလားနေမိပြီအမေ။

ချမ်းလိုက်တာအမေရယ်
ချမ်းလိုက်တာ
မေမေ့ကိုလွမ်းတဲ့
အလွမ်းအဆွေးတွေက
ဟေမာန်ဆောင်းရဲ့
နှင်းစက်တွေနဲ့အတူ
အပြိုင်အဆိုင်ဝေနေခဲ့ပြီအမေ

ဖြေဆေးရှိမယ်ဆိုရင်
ကျမ်းဂန်တွေထဲသားမောင်
လှန်ရှာကြည့်ချင်ပါတယ်
ဟေမာန်ဆောင်းရဲ့
နှင်းစက်တွေဟာ
သီချင်းတေးတွေသာဆိုရင်
သားကိုပျက်ရယ်ပြုနေလောက်ပြီ
သနားလိုက်တာတဲ့။

အမေရှိစဉ်အခါက
အမေ့ရဲ့နွေးထွေးမှုတွေနဲ့
ဟေမာန်ရက်တွေကို
ကျော်လွှားနိုင်ခဲ့ပေမယ့်
အမေမရှိတော့တဲ့နောက်
ဟေမာန်ရက်တွေဟာ
သားမောင်ကိုအမြဲတမ်း
ထိတ်လန့်နေစေခဲ့ပြီအမေ။

(အရှင်အာလောက-ရေဝိုင်း)

တရားခံဘယ်သူလဲ..... မိုးထက်

(တရားခံဘယ်သူလဲ)

အတိတ်အကြောင်းတွေ
ပြန်မတွေးချင်ဖူး
ပစ္စုပ္ပန်လုပ်ရပ်တွေ
ရပ်တန့်သွားမှာ ကြောက်လို့
အနာဂတ်မှာ အကောင်းဆုံးဖြစ်ချင်တယ်
ဘယ်သူက....
ဘယ်လို ပြောပြော
ဘယ်သူက....
ဘယ်လို ဆိုဆို
ကိုယ့်သမိုင်းမှာ ကိုယ်ဟာ
အဓိက တရားခံ.....

(မိုးထက်)ဖောင်းပြင်

(တစ်ရာ နဲ့ တစ်ရက်) ✏ (မိုးထက်)

(တစ်ရာ နဲ့ တစ်ရက်)

အတ္တ,မာန အပြင်ဗဟိဒ္ဓတွေနဲ့
ဟန်ဆောင်လှည့်စားပြီး
အသက်ရှင်ခြင်းထက်
နောင်တကင်းကင်းနဲ့
သေခြင်းက မြတ်ပါသေးရဲ့

(မိုးထက်)ဖောင်းပြင်

လမ်း ✏ ထွန်းနောင်

"လမ်း"

@ အချစ်ဋီကာတွေဖွဲ့
စိတ်ကူးယာဉ်တဲ့ စကားလုံး
ကျွန်တော် သုံးခဲ့ဖူးတယ် . .။

@ ချွဲချွဲနွဲ့နွဲ့ တီတီတာတာ
ပလီပလာ သူ့အပြုံးကိုမှ
ရင်ထဲမှာ အနှစ်သက်ဆုံး
ဖြစ်ခဲ့ဖူးတယ် . . . ။

@ သမုဒယတဏှာ၏ စေခိုင်းမှုကြောင့်
ဤလူ့ဘဝ ဤလူ့ရွာမှာ
ဒုက္ခမိုးတွေ အငြိုးတကြီး
ရွာချခဲ့ဖူးတယ် . . . ။

@ မြတ်ဗုဒ္ဓ၏ ဒေသနာ
သေချာစွာလေ့လာမှု မပြုခင်
အချိန်တစ်ခုကပေါ့ . . . ။

@ ယခုတော့လေ . ....
သမုဒယနဲ့ ဒုက္ခတရား
ရှောင်ရှားရာ မဂ္ဂင်လမ်း
တကယ်ရှိမှန်း သိလိုက်ရတဲ့အခါ
ကာမဂုဏ်ကို မျက်နှာလွဲ
အာရုံကို ဖြတ်ရဲတဲ့သတ္တိ
ရှိ, မရှိ ချိန်စက်
ဓမ္မအားမာန် အပြည့်အနှက်နဲ့
ဘဝပန်းတိုင်အဆုံးထိ
ရှေ့ဆက်ကြည့်ချင်တယ်ဗျား . . . . . ။

ထွန်းနောင်(ဖောင်းပြင်)

မျက်​နှာများတဲ့ ​ကောင်​မ​လေး ✏ ပျိုတို့​မောင်

-မျက်​နှာများတဲ့ ​ကောင်​မ​လေး-

ဝေးကွာခြင်း​တွေကို
ဓာတ်​မှန်​ရိုက်​ကြည့်​လိုက်​တိုင်း
မ​ရေးမရာတဲ့ အ​ရေးအ​ကြောင်း​​​တွေပဲ
တွေ့တယ်
လှပါတယ်​ဆိုတဲ့ လမင်းကြီး​တောင်
မျက်​နှာ​ပေါ်အရိပ်​​တွေ ရှိသလို​ပေါ့
ငါက​တော့ဘယ်​အရာကိုမှ
အရိပ်​မည်း​တွေအဖြစ်​မမြင်​ခဲ့ဘူး
အဲဒီတုန်းက
ငါဟာ အချစ်​အရိပ်​မည်းကြီး​ပေါ့
လဝန်းလည်း​ရှောင်​​ပြေးတက်​တာပဲ
ဒါ​ပေမဲ့.....
သူကချိန်​ထားရင်​အချိန်​မှန်​တယ်
ငါမနှစ်​မြိုတာက
ငါမကြိုက်​တဲ့ ကြယ်​​တွေနဲ့
ပလူးပလဲလုပ်​တာပဲ
ဇာတ်​လမ်းကို အဆုံးသတ်​ဖို့
လာခဲ့ရပါပြီ လဝန်းငယ်​ရယ်​။

ပျိုတို့​မောင်​(မန္တ​လေး)

(အချစ်ရဲ့ကျေးကျွန် ) မောင်လွမ်းသူ

ခင်မင်မှုမှ နိဒါန်းစခဲ့တဲ့
ဒို့နှစ်ယောက်
တံတိုင်းကြီးနဲ့တူတဲ့ဘဝတွေ
ကာရံ သမုဒ္ဒရာဆိုတဲ့
အလွှာတွေကအလီလီခြား
ဖြစ်နိုင်ပါ့မလားဆိုတဲ့
အားငယ်စိတ်တွေကဝင်
အသွင်ကလဲမလှ
ဘဝင်ကအမြဲမကျ
သောကစိတ်တွေမွှန်
တနေ့တနေ့နဲ့ သြော်
ကျနော်ဟာအချစ်ရဲ့ကျေးကျွန်

(အချစ်ရဲ့ကျေးကျွန် )

မောင်လွမ်းသူ ဖေါင်းပြင်
မန်လည်

မြင်စေချင်စမ်းပါ့ ✏ (အောင်ကိုဦး)

မြင်စေချင်စမ်းပါ့

လူတိုင်းမှာအလွဲအကွဲဒဏ္ဌာရီတွေနဲ့
မျက်နှာပြုခဲ့ရတယ်
နောက်ဆံတင်းတဲ့ဆန္ဒတစုံကို
ရှေ့တန်းတင်ပြီးလိုက်ခဲ့ရပေါင်းလဲများလှပေါ့
ညနေချမ်းဆည်းဆာတွေကို
အဖော်ပြုခွင့်မသာခဲ့တဲ့
ငါ့အတွက်ညချမ်းအလှဟာ
စိမ်းကာလိုက်စမ်းပါ
ငိုစရာမျက်ရည်တွေကို
ကောင်းကင်ကြီးကမပေးခဲ့ပေမဲ့
ငါစုဆောင်းခဲ့တယ်
ကမ္ဘာမြေကြီးရဲ့ဗဟိုချက်မှာ
ထည့်သိပ်ထားတာမြင်ဖူးဖို့
ငါ့မျက်စိတွေတပ်ပေးမယ်

(အောင်ကိုဦး)

Saturday, November 15, 2014

သတိရခြင်းကို ✏ အောင်ကိုဦီး

သတိရခြင်းကို အတောင်တပ်ဖို့ 
ချစ်ခြင်းတွေတော့စိုက်ပျိုးခွင့်ပြုပါ
အရော်အစားမရောထားတဲ့
ပင်လယ်ရေဟာ
သူ့သဘောအတိုင်းငံနေပေမဲ့
သူ့သတ္တိကိုပြခွင့်ရှိသေးတာပဲ
ငှက်တစ်ကောင်လောက်မှ
လွတ်လပ်မှုမရတဲ့ ရင်ခုန်ခြင်းက
အဏုမြူထုတ်ရာ ဓာတ်ပေါင်းဖိုများဖြစ်နေမလား

အောင်ကိုဦီး

မင်းသိပါစေ.....သူရိန်စိုး

မင်းသိပါစေ
………………………
မင်းအလှအောက်
မေးထောက်မိတဲ့အချိန်ပေါ့
ကိုယ်တစ်ယောက်ထဲ
ချစ်စကားတွေကို
အကြိမ်ကြိမ်ပြောခဲ့ဘူးတယ်…ချစ်သူ
မင်းကိုငါသိပ်ချစ်ပါတယ်လို့ 
ဒါကိုမင်းတစ်ယောက်သိနိုင်ပါ့မလား
မင်းတစ်ယောက်လည်းသိပါစေလို့ 
ပြောလိုက်ပါရစေ အချစ်.....

သူရိန်စိုး{ရွှေသင်း}

ရေစက်ရှိရင်ပြန်ဆုံပါရစေ....✏ Thureinsoe

ရေစက်ရှိရင်ပြန်ဆုံပါရစေ....

ချစ်လေပြေသွေးမှုကြောင့်
ရင်ခုန်မှုလှိုင်းထန်
ကာလာမဲ့နှလုံးနံရံမှ
ကမ်းပြိုအောင်စီးဆင်း
ချစ်ခြင်းဆိုတဲ့သံယောဇဉ်နှင့်အတူ
မမြင်ရတဲ့ကြိုးတစ်မျှင်က
ကိုယ့်ရင်ခွင်ကိုလာငြိမိတော့
မြုံးမိတဲ့ငါးတစ်ကောင်လို
ရုန်းထွက်လို့ မရနိုင်တော့ပါလား
ရေစက်ရှိရင်ပြန်ဆုံခွင့်ပြုပါလား...
အချစ်ရယ်....

Thureinsoe(shwethinmyo)

အချစ်စစ်ဖြစ်နိုင်ပါ့မလား ✏ သူရိန်စိုး

အချစ်စစ်ဖြစ်နိုင်ပါ့မလား

ချစ်အဆိပ်မိခဲ့လို့ 
နိုးခြင်းမရှိအိပ်ခဲ့ရာ
အိပ်မက်ထဲမှာတိုးတိုးနဲ့ 
ကိုယ့်နှလုံးသားကိုနှိုးခဲ့
ချစ်မိုးလင်းပြီထ…တဲ့
အိပ်မက်ဟာတကယ်ဖြစ်
အချစ်ရဲ့အရုဏ်ဦးမှာ
ချစ်ပါးပြင်နှင်းဆီဖူးကို
ခူးခွင့်ပေးပါလား…ချစ်သူ....

သူရိန်စိုး(ရွှေသင်းမြို့ )

အတွေးယူဆချက် ✏ အောင်ကောင်းကင်

##အတွေးယူဆချက်##

အချစ်ဆိုတာချို မြိန်ခြင်းနှင့်
တည်ဆောက်ထားသော
ပန်းဥယျာဉ်ထဲက
အလင်းအိမ်မက်လို့
ယူဆတယ် သင်ရော
ဘယ်လိုယူဆပါသလဲ

အောင်ကောင်းကင်
နတ္တလင်း

လွမ်းနေလျက်ပါအမေ. ✏ အရှင်အာစာရ

##လွမ်းနေလျက်ပါအမေ##

တသက်လုံးမမက်မဆုံးတဲ့
အပြုံးအလှပိုင်ဆိုင်သူဘဝဂ်အဆုံး နှလုံးလှပါတဲ့
အမေလိုလူ
ဇဗ္ဗူ မှာတစ်လူဖွားပေမို့
သူမတူ ရှားမှရှားပါတဲ့အမေ
သားတို့မှာဖြင့်လွမ်းစိတ်တွေဝေ
ကွဲကွာလို့ခွဲခွါရတာလား
ခွဲခွါလို့ကွဲကွာရတာလား
ခွဲခြား၍မသိပါအမေ
ထားခဲ့သွားတဲ့အမေ့ကို
သံသရာပြန်တစ်ရာ
ဖန်ခါခါတွေးရေးအတွက်
နတ်စည်းစိမ်ဆယ်သက်
တကယ်မမက်ပါအမေ
ရုတ်တရက် နုတ်မဆက်ပဲ
ထွက်ခွါသွားတဲ့အမေ
အပြုံးစစ နှလုံးလှလှနှင့်
အမုန်းဇမရှိတဲ့ အမေ့ကို
အဆုံးတသသနဲ့
လွမ်းနေလျက်ပါအမေရယ်

အရှင်အာစာရ နတ္တလင်း
(ခေတ္တ)ပြည်

ထိန်းသိမ်းကြပါစို့..✏ အယ်ဖိုးကို(အင်းလေး)

''''ထိန်းသိမ်းကြပါစို့''''

ရေပြင်အင်းလေး ဖော်ရွေတေး
ခရီးသွားများငေး
ငေးမောလောက်တဲ့အလှဟာ
အင်းလေးကန်မှာပါ

ယခုအခါအင်းလေးမှာ
တိမ်ကောသွားတော့မှာ
အသိတရားရှိသူများ
ထိန်းသိန်းကြစို့လား

အယ်ဖိုးကို(အင်းလေး)

one kiss. ✏ လဝန်းသစ်

one kiss

မျက်လုံးလေးဝှေ့
တစ်ချက်ကြည့်
heartထိလှတယ်
ချစ်သူရယ်။ ။

ခရေ စပါယ် နှင်းဆီရယ်
ဘယ်လိုမွှေးပါစေ
မင်းပါးပြင်ထက်
သင်းပျံ့ပျံ့
ရနံ့လှိုင်ကာနေ
ခရေမမွှေး
နှင်းဆီဝေး
မင်းပါးလေးပဲမွှေးမယ်မေ
အာ.......ဘွား
ဟိ... ရှက်သွားပြီ

လဝန်းသစ်

တမ်းတအလွမ်း ✏ ဆုသက်အောင်

တမ်းတအလွမ်း

နှလုံးသားက အခါခါရူး
အလွမ်းများနဲ့
ကိုယ့်ဆီပြန်လာပါလို့
တမ်းတဖူးလည်း
ကိုယ်ချစ်သောချစ်သူ
ပြန်မလာခဲ့ပြီ

ဆုသက်အောင်(ထိန်တော-မိုးညို)

ဆန္ဒ. ✏ ၀န်းရံခ(သလ္လာဝတီ)

ဆန္ဒ

တိတ်ဆိတ်ငြိမ်သက် နင့်အိပ်မက်မှာ
အိပ်စက်ခွင့်လေး ပြုပေးပါ. . .။

ဝန်းရံခ(သလ္လာဝတီ)


Desire

In your tranquil dream,
Give me a chance to sleep.

By Wonyan Kha (Sallarvati)

ပြည်တော်ဝင်ခွင့်” ✏ ဝန်းရံခ(သလ္လာဝတီ)

ပြည်တော်ဝင်ခွင့်”

ကိုယ်ကျိုးကိုစွန့်
အများအကျိုးပဲ လုပ်သလိုလိုနဲ့
ပွဲလန့်တုန်းခင်းတဲ့ ဖျာတစ်ချပ်စာနေရာက
တပ်ပိုင် ဦးပိုင်မြေထက် ကျယ်လွန်းမကကျယ်တယ်....။

ပရိသတ်ပေးတဲ့ လက်ခုပ်သံလောက်နဲ့
ကိုယ့်ကိုယ်ကို ဂုဏ်ယူမာန်ဝင့်တတ်တာက
ဆပ်ကပ်ထဲက တိရိစ္ဆာန်တွေပါကွယ် ....
ဒါနဲ့များ အတ္တကို အိုးမဲသုတ်
အချင်းချင်း ဘာလို့ပြန်ခွပ်နေကြပါလိမ့် ...။

လူ့စွမ်းအားအရင်းအမြစ်ပညာရှင်တွေက
သယံဇာတကို အရင်းအမြစ်မကျန်
ဖျောက်ဖျက်နိုင်တဲ့
တန်ခိုးသတ္တိရှိသားကိုး ...
ဒီလိုနဲ့ မြေစာပင်တို့ရဲ့ စိတ်ဝိညာဉ်ဟာ
နွားနှစ်ကောင် ချိုသွေးတဲ့ကြားမှာ
လည်စင်းခံခဲ့ကြရတယ် ....။

ဆန္ဒကို အရောင်တင်ခွင့်ရှိမယ်ဆိုရင်
မရဏပိုင်တဲ့ ဒီဒေသမှာ
"မကျူးကျော်ရ နယ်မြေ” လို့
အတ္တကို ဆေးထပ်မထိုးကြဖို့ တောင်းဆိုပါရစေ ...။

ကိုယ်ပိုင်မဟုတ်ပေမယ့်
ကိုယ်ဆိုင်တဲ့ ဒီရုပ်ခန္ဓာမြေမှာ
အကျင့်သိက္ခာ နာမ်ဓမ္မတို့
ခြေပြန်ချခွင့်ရချင်တယ် ...။

ဝန်းရံခ(သလ္လာဝတီ)

Thursday, November 13, 2014

အပေး နှင့် အယူ ✏ မိုးထက်(ဖောင်းပြင်)

အပေး နှင့် အယူ

ကြွေးယူတုန်းမူ ပြုံးပြုံးကြည်လင်
တရွှင်ရွှင်တည်း ပေးရက်ကျလျှင်
စိတ်ကငြူစူ မကြည်ဖြူတည့်
သြော်'......လောကလူသား
စိတ်ဓာတ်များက ပျက်ပြားအံ့ဖွယ်
ကောင်းတော့သည်.....

မိုးထက်(ဖောင်းပြင်)

ရသစာစု ✏ အရှင်ဥတ္တရ ( ပြည် )

'လောကမှာ တတ်သိတဲ့လူများပါတယ်l
သိတတ်တဲ့လူက ရှားပါတယ်ဘုရား'တဲ့...
ဒီစကားလေးကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့
ဒကာကြီးဦးသုခ(ဆရာကြီးဦးသုခ)က
ဆရာတော် အရှင်ဆန္ဒာဓိကကို
လျှောက်ခဲ့ဘူးတဲ့ စကားလေးပါ။
အရမ်းမှန်ပြီး အရမ်းလည်းတန်ဘိုးရှိတဲ့ စကားလေးပါပဲ။
ဟောဒီ့လောကကြီးမှာ အသိပညာ,
အတတ်ပညာမျိုးစုံမှာ ကျွမ်းကျင်တတ်သိတဲ့
လူတွေ အရမ်းများပါတယ်...ဒါပေမယ့်
အဲဒီလို အတတ်ပညာတွေကျွမ်းကျင်တတ်သိဖို့
မေတ္တာ,စေတနာ,အနစ်နာတွေနဲ့
မျိုးစုံထောက်ပံ့ပေးခဲ့တဲ့ မိဘနဲ့တကွ
သင်ဆရာ,မြင်ဆရာ,ကြားဆရာအပေါင်းတို့ရဲ့
အပေါ်မှာ သိတတ်စွာနဲ့ ကျေးဇူးဆပ်ကြတဲ့
လူတွေကတော့ တော်တော်ရှားသွားပါပြီ...
တစ်ချို့များဆို မသိတတ်ရုံသာမက
မိဘ,ဆရာသမားတွေကို ခြေစုံကန်သွားတဲ့
သူတွေတောင် ရှိကြသေးပါတယ်။
ဒါ့ကြောင့် စာဖတ်သူ သူတော်ကောင်း
အပေါင်းတို့လည်း တတ်သိတဲ့လူတွေဖြစ်သလို
သိတတ်တဲ့လူတွေဖြစ်အောင်
ကြိုးစားနိုင်ကြပါစေလို့ စေတနာဖြင့်
သတိပေးလိုက်ရပါတယ်။

အရှင်ဥတ္တရ ( ပြည် )

ဖေ့စ်ဘုစ်နဲ့ နှင့်မျက်နှာ ✏ မောင်လွမ်းသူ

ဖေ့စ်ဘုစ်နဲ့ နှင့်မျက်နှာ
ခွဲလို့မရတဲ့ ဒီရောဂါ
အင်တာနက်ပါ နှောလိုက်သေး
အိဇာဆိုတဲ့ ကောင်မလေး
နှစ်ဆယ့်လေးနာရီ တစ်ရက်မှာ
အိပ်ချိန်စားချိန် မလွတ်ပါ
ကုလို့မရတဲ့ ရောဂါမျိုး
အီဘိုလာထက်ဆိုး
ကြောင်းကျိုးဆက်စပ်အဖြေရှာရင်
လင်ရမှာတော့ အဖတ်တင်
နေ့ညအစဉ် ကြည့်နေကျ
မောနိုင်အောင်ဘဲဗျ

ဖေါင်းပြင် မောင်လွမ်းသူ

မန်လည်

Tuesday, November 11, 2014

အမေဟာ အမေ. ✏ အရှင်အာစာရ

*အမေဟာ အမေ**

သင်ပြစရာစာမတက်ပေမယ့်
ရင်ကလာ သဒ္ဓါဓာတ်တွေနဲ့
သင့်အနားမှာ
အမေအမြဲရှိတယ်
ပဟေဠိအဖြေညှိမရ
ဧဟိအတိ အဖေမရှိရင်တောင်
သေသိအထိအမေရှိတယ်

*လောကမှာသင်ရိုးစာမကျေ
တောကလာအစဉ်ရိုးတာ
နေပေမယ့်
ပြောပြစရာအပင်မျိုးဖြာနေတဲ့
သြဝါဒ ဥယျာဉ်လေး
အမေ့မှာရှိတယ်

*အမေ့မှာပေးစရာရွှေငွေမရှိ
အမွေပေးစရာ အိမ်မြေမရှိပေမယ့်
ရင်လေးစရာအမေမတွေးပါနဲ့
အထင်သေးစရာအမေ့မှာ
ဘာမှမရှိပါဘူး

*တဲကုတ်မှာပြဲစုတ်တဲ့ထမီနဲ့
ဈေးရောင်းကျွေးတဲ့
ဈေးသယ်မအမေလည်းအမေပါ

မြို့လယ်မှာဈေးယူ
ရွာလယ်မှာဈေးရောင်း
ဈေးတောင်းရွက်ကျွေးတဲ့
ဈေးသယ်မအမေလည်း
အမေပါ

ဆံကဖြူ သွားကကျိုး
ဘာမှ ကူမလုပ်နိုင်တဲ့
အမေအိုလည်းအမေပါ
ဘယ်အရပ် ဘယ်ဘဝ
ရောက်နေနေ
အမေဟာအမေပါပဲလေ

အရှင်အာစာရ နတ္တလင်း
(ခေတ္တ) ပြည်

အလွမ်းဥယျာဉ် ✏ သူရိယ

(အလွမ်းဥယျာဉ်)

အလွမ်းမပြေတဲ့
ကိုယ့်ရင်ထဲမှာ
အလွမ်းပန်းတွေ
ဝေနေဆဲပါ
အခြေနေမဲ့တဲ့
ကိုယ်ဘဝဟာ
အခုတော့ဖြင့်
အလွမ်းပန်းတွေ
ဝေဝေဆာနေတဲ့
အလွမ်းဥယျာဉ်
ဖြစ်နေပါပြီ

သူရိယ(လ.ပ.ဇ)့

အလွမ်းစာမျက်နှာ ✏ ၀န်းရံခ

''အလွမ်းစာမျက်နှာ''

"မိတ္ထီလာကန်တော်အောက်က တေးကို လွမ်းတယ်

ဘဘုန်းရဲ့ ကြိမ်လုံးကို လွမ်းတယ်

အသီးတစ်ရာ အညှာတစ်ခုကို
လွမ်းတယ်

ဒီဘ၀တွက်တော့ မဖြစ်နိုင်လို့
သံသရာအတွက် ပါရမီဖြည့်ချင်စိတ်နဲ့
လူ့ဘ၀ကို အဆုံးစီရင်သွားရှာတဲ့
ရည်းစားကို လွမ်းတယ်

ဘယ်လောက်ဝေးဝေး ဘယ်လောက်နီးနီး
နေမကောင်းရင် အလိုလိုသိနေတတ်တဲ့
ချစ်သူကို လွမ်းတယ်

ဆေးပေးမီးယူ လုပ်ပေးတဲ့
အိမ်သူသက်ထားကို လွမ်းတယ်

ယောက်ျားမှာလည်း အသည်းနဲ့ပါကို လွမ်းတယ်

အမုန်းခွန်အား ပေးသနားပါကို လွမ်းတယ်

တေဘုမ္မာကို လွမ်းတယ်

ပုခက်ကစခဲ့တဲ့ သံသရာနယ်က ခန္ဓာ
သင်္ချိုင်းဝနားနီးလာတော့
အားလုံး အားလုံးထက်
အိမ်ဦးခန်းက အမေ့ကြေးစည်သံကို
ပိုလွမ်းတယ် . . .။

ဝန်းရံခ(သလ္လာဝတီ)

အဆုံးမဲ့ ချစ်ခြင်း လွမ်းရိပ်ဝေ

အဆုံးမဲ့ ချစ်ခြင်း

လာမယ်ဆိုခင်းနင်းမသွားခဲ့ ပန်မယ်ဆိုခူးညွတ်ဦး
ညွတ်လို့မဆင်ခဲ့
လိုတယ်ဆိုအပြေးရောက်
မေးထောက်လို့မှမကြိုပြန်ဘူး
ကိုယ့်ဘက်ကဒီလိုအလေးထား မင်းနဲ့ပါတ်သက်လာရင်
အသေးအမွှးကစ
ဂရုတစိုက်နေချင်ခဲ့တာတောင်ဆိုတဲ့စကား
ခါးပါတယ်ဆိုလဲ မပြောပဲနေယုံပေါ့
ဒါပေမယ့်..... မင်းရဲ့အမုန်းဒဏ်ကို
ရှုံးဟန်ပြလဲကြဖို့တော့
ဝါသနာပါမလာဘူးနော်
အဲ့ဒါကိုတင်းခံ...
ငြင်းဆန်လို့မုန်းမယ်ဆိုလည်း မုန်းပေါ့
မှားပါတယ်လို့ဝန်ခံ
တောင်းပန်မယ်တော့မထင်လိုက်နဲ့
ကိုယ်ဘက်ကတော့
လုံးဝ sorry ပဲ

(အဆိပ်သင့်ရင်ခွင်)လွမ်းရိပ်ဝေ (ဒိုက်ဦး)

ဘာသာပြန် အမှား ✏ ကောင်းခန့်(ရွှေကျွန်းမြေ)

ဘာသာပြန် အမှား

အမှတ်တမဲ့ အပြုံးတွေခြွေခဲ့ပြီး
အမှတ်မထင် ရင်ကိုလှုပ်ခတ်စေခဲ့တာ
မာယာလမ်းလွှဲမှာ အသည်းခွဲဖို့လားကွယ်..။

ရန်ငြိုးတွေမရှိခဲ့ပေမယ့်
အဖြစ်ရတဲ့ မောင်လေးနှလုံးသားကို
မင်း ကစားသွားခဲ့တာ ခဏတာဆိုပေမယ့်
တစ်ဘ၀စာ ရင်ကျိုးခဲ့ရတာ အစ်မသိမှာစိုးတယ်..။

တကယ်ဆို မတော်တဆ ဖိတ်ကျဖူးတဲ့
မင်း အကြည့်တစ်ချက်ကိုတောင်
နှလုံးသားမှာ ဘောင်ခတ်ပြီး သိမ်းထားခဲ့တဲ့သူပါ အစ်မရယ်

ကောင်းခန့်(ရွှေကျွန်းမြေ)
မန္တလာမြေမှအစ်မတစ်ယောက်အတွက်
ရင်တွင်းခံစားချက်လေး

အိပ်မက်နှင့်တိမ်တိုက် ✏ ဇာနည်ဘွား

အိပ်မက်နှင့်တိမ်တိုက်

စိတ်ကူးဆိုတာလည်း
ငှက်မွှေးတစ်သိုက်ကို
အိမ်ခေါင်မိုးပေါ်ကနေသွန်ချလိုက်
ဟိုတစ်စ ဒီတစ်စနဲ့
ဖမ်းယူလို့လည်းမရ
အိပ်မက်ဆိုတာလည်း
အတူတူပါပဲ အိပ်မက်ထဲမှာ
ဘယ်လိုပျော်ရွှင်ကြည်နူးနေပါစေ တစ်ခဏတာနဲ့ပဲ
လန့်နိုးလာတဲ့ အချိန်မှာ
ကြည်လိုက်တော့ ကို့ရဲ့ဘေးမှာ ခြင်ထောင်ရယ်
စောင်လေးရယ်
ခေါင်းအုံးလေးရယ်
ဒါလောက်ပါပဲ
အချစ်ဆိုတာလည်း မဆုံဆည်းနိုင်သရွေတော့
အိပ်မက်နဲ့တိမ်တိုက်တွေလိုပါပဲ
ကိုသိပ်ချစ်တဲ့အချစ်တွေ
မင်းအပေါ်ထားရှိခဲ့တဲ့
ကို့ရဲ့မေတ္တာနဲ့သစ္စာတရားတွေကို သက်ဆိုင်သူရယ်
အိပ်မက်နဲ့တိမ်တိုက်တွေလို
မမျောလွင်ပါရစေနဲ့နော်

ဇာနည်ဘွား

လွမ်းနေပါတယ်-------ဖေဖေရယ် ✏ လဝန်းသစ်

လွမ်းနေပါတယ်-----ဖေဖေရယ်
့+++++++++++++++++++++

အဖြည့်ခံ နှလုံးသားနဲ့
အပြုံးများစွာ ပျိုးထောင်သူ
အားလုံးနဲ့တန်းတူနေနိုင်ရေး
ဟိုး-----အဝေးကိုသွားလေတဲ့
သမီးချစ်တဲ့ ဖေဖေရယ်------

လောကကြီးရဲ့အလယ်မှာ
တစ်ခါတစ်လေ အားငယ်မိပါတယ်
ဘယ်သောအခါများမှ
သမီးတို့ မိသားစုလေးဆီ
ပြန်လာခဲ့မှာလည်း ဖေဖေရယ်-----

သူငယ်ချင်း မိတ်ဆွေတွေက
သူတို့မိဘတွေကို ကန်တော့ကြတဲ့အခါ
သမီးမှာ မျက်ရည်လည်မိတယ်
ဖေဖေရယ် ပြန်လာခဲ့ပါလို့
အခါခါတမ်းတ ငိုကြွေးရင်း
ဖေဖေ့ကိုလွမ်း လို့ကျခဲ့တဲ့မျက်ရည်တွေ
အဝေးကဖေဖေ သိပါစေ-------

အမေနဲ့ အိမ်ကလေးဆီမှ
ဖေဖေ့ကို သမီးလေးလေ
လွမ်းနေပါတယ် ဖေဖေရယ်-


လဝန်းသစ်

(အဖေ့မေတ္တာကိုမျှော်လင့်နေတဲ့
မောင်ချစ်ရတဲ့မမအတွက်
ထပ်တူခံစားချက်လေးပါ )

အလွမ်းကဗျာ ✏ လဝန်းသစ်

အလွမ်းကဗျာ
................

မောင့်အသည်းတစ်ခြမ်းက
လွမ်းလွန်းလိုငိုနေတယ်။ ။
မင်းရဲ့အနမ်းလေးတွေနဲ့
ချော့မြူလှည့်ပါချစ်သူရယ်။ ။

မပြေလည်....
တစ်နယ်စီဝေးသည်မို့
နီးဖို့ရန်မလွယ်ကူ
ရွှေရင်လယ်ဘဝင်နွမ်းလေဘိ
လွမ်းမိပါ၏ မောင့်ချစ်သူ.....

ဘဝမှာ ခဏတာကာလ
တောင်းသောဆုနှင်ပြည့်ရလျှင်
အကျွန့်သခင်
သင်မြင်စမ်းပါရဲ့
ယိုင်နဲ့နဲ့မောင့်ရင်ခွင်
မကြွေခင်သင်အပြေးလာခဲ့
ခိုဝင်လှည့်ဖို့တောင်းဆိုချင်
ဒီဆုကလေးကိုတော့
ပြည့်ပါရစေေ လာ က အ ရှ င်.....

လဝန်းသစ်

ချစ်နေတာပေါ့သူလေးရယ်....( လဝန်းသစ် )

ချစ်နေတာပေါ့သူလေးရယ်
-------------------------
မျက်လုံးလေးမှိတ်
အိပ်မယ်ကြံလည်း
သူ့မျက်နှာပဲမြင်နေတယ်--------

ကိုယ်ဘယ်သွားသွား
ကိုယ်နားထဲမှာ
သူအသံသာ
ကြားနေတယ်-----

ကိုယ်ဘာတွေးတွေး
စိတ်ကလေးက
သူအနားမှ
မခွာတယ်---------

ဒါဘယ်လိုဖြစ်
သေချာစစ်တော့
ချစ်နေတာပေါ့သူလေးရယ်--------


လဝန်းသစ်

ချစ်သူ...သိစေ...... ဆုသက်အောင်(ထိန်တော-မိုးညို)

ချစ်သူ...သိစေ

ချစ်တယ်ဆိုတဲ့စကား
နှုတ်ဖျားလေးနဲ့တင် ပြောခဲ့တာမဟုတ်ပါဘူး
ငါ့ရဲ့ရှေ့ဆက်ရမဲ့ ဘဝခရီးလမ်းမှာ
နင့်ကိုတစ်ဘဝလုံးစာ လက်တွဲဖို့ဆုံးဖြတ်ပြီးမှ
အဲဒီစကားကိုပြောခဲ့တာပါ
နင်နဲ့လမ်းခွဲမယ်ဆိုတဲ့ အတွေး
ငါ့စိတ်ကူးထဲမှာတောင် မရှိတာမိုလို့
မေ့လိုက်တော့ မလွမ်းနဲ့တော့ဆိုတဲ့စကား
နောက်ဘယ်တော့မှ မပြောပါနဲ့နော်
ငါနင့်ကို အရမ်းချစ်လို့ပါချစ်သူရယ်

ဆုသက်အောင်(ထိန်တော-မိုးညို)

သိမြင်နိုင်ပါစေ ညီမလေး..... နိုင်

* သိမြင်နိုင်ပါစေ ညီမလေး *

ညီမလေးရေ ...
လွမ်းလွန်းလို့ ကဗျာတွေ
ရေးခြစ်ခဲ့ပေမယ့်ကာရံညီတဲ့ကဗျာတွေတော့
ဖြစ်မလာခဲ့ဘူး ညီမရယ်...
အနားသတ်မျဉ်းပေါ်မှာ အလွမ်းတွေနဲ့
ပြီးဆုံးမယ်မှန်း အစ်ကိုတစ်ကယ်
မသိပါဘူးကွယ်
ရက်စက်တယ် သစ္စာမဲ့တယ်ရယ်လို့
အစ်ကိုမစွပ်စွဲပါဘူး
နှလုံးသားချင်း နီးစပ်ခဲ့တဲ့
အစ်ကို,ကို တစ်ချက်လောက်
စောင်းငဲ့ကြည့်လှည့်ပါ
ညီမလေး ထားရစ်ခဲ့တဲ့
အစ်ကိုတစ်ယောက်ရင်ထဲမှာ
မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်
ကျနေတာကို ညီမလေး
မြင်တွေ့လှည့်စမ်းပါ ညီမလေးရယ်.....

နိုင် (ညောင်ဦး)

တမ်းချင်း ✏ နိုင် (ညောင်ဦး)

* တမ်းချင်း *

ညီမလေးရေ ...
အစ်ကိုတို့ရဲ့ အချစ်ဇာတ်
ဒီမှာတင် တစ်ခန်းရပ် ရတော့မှာလား...
ချိုမြိန်တဲ့ညီမနှုတ်ခမ်း အစ်ကို တမ်းတမိသေးတယ်ကွယ်...
ဟိုအရင် အချစ်စမ်းခဲ့စဉ်က
မွတ်သိပ်တဲ့ ညီမအနမ်း
အစ်ကိုစွဲလန်းခဲ့ရတယ် ညီမလေးရယ်...
အဲ့ဒီအနမ်းတွေက အခုချိန်ထိတိုင်
အစ်ကိုရင်ထဲမှာ မေ့လို့မရပါဘူး ညီမရယ်...
နောင်ခါတစ်နေ့ ပြန်ကာတွေ့ရင်
အနမ်းတွေ အပြိုင်ကျဲ အချစ်ပွဲ
ဝင်လိုက်ချင်မိတယ် ညီမရယ်.....

နိုင် (ညောင်ဦး)

အနာဂါတ်ခရီး (လျှို့ဝှက်လွမ်း)

အနာဂါတ်ခရီး (လျှို့ဝှက်လွမ်း)

နောင်ဘဝအတွက်
ရည်းစူးလျှက်နဲ့
မချစ်တတ်တဲ့နင့်ကို
ငါမနှောက်ယှက်တော့ပါဘူး
အလွမ်းတစ်ခုကို
အနမ်းပွင့်တွေလို
ငါခံယူသင့်ပြီလေ
မချစ်သင့်ပါဘဲ
အချစ်တွေနင့်ကိုပုံပေးပြီး
ချစ်ခဲ့တဲ့ငါအတွက်
အလွမ်းကနှိပ်စက်ပါစေတော့.....
ငါနင့်ကိုချစ်လျှက်
အလွမ်းများနဲ့ခရီးဆက်ရဦးမယ့့် 

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

Monday, November 10, 2014

လိုက်နာကြည့်စေချင်ပါသည် ✏ လဝန်းသစ်

လိုက်နာကြည့်စေချင်ပါသည်

ဣတ္ထိယဆို မိန်းမပျိုတို့
သိဖို့လိုအပ် ဤအချက်ကို
လိုက်နာမှတ်သား ရှိစေငြားငှာ
စေတနာနှင့် ကာရန်ဖွင့်သည်။ ။

လောကီဘာဝ လူ့လောက၌
ကြိုက်နှစ်သက်ရာ ဝတ်ဆင်ပါလည်း
ပျော်ပွဲသဘင် သွင်မတူသည့်
ဓမ္မသဘင် ဆင်ယင်ရာဝယ်
ကျောလယ်ရင်ဟိုက် တစ်မိုက်ထမီ
ပါးလှီအဝတ် ခါးတွင်လွတ်သော်
မတော်မရာ ကုန်းကွပါက
မြတ်လှမဟာ ထေရ်သံဃာကြား
မြင်ကားမသင့် စဉ်းစားချင့်ချိန်
ကိုယ်လည်းဂုဏ်သိမ် ဣိနြေ္ဒလွတ်
မချွတ်ဧကန် ဖြစ်ရာမှန်သည်
စာစီဖွင့်ဆို ဣိတ္ထိပျိုတို့
လိုက်နာကြည့်ဖို့လိုပါသည်။ ။


လဝန်းသစ်

အမုန်းစကားမကြားရလို ✏ သူရိန်စိုး

အမုန်းစကားမကြားရလို
……………………………
ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကို လူတိုင်းပြောဖူးသလို
မုန်းတယ်ဆိုတဲ့ စကားတစ်ခွန်းကိုလည်း
တစ်နေ့ နေ့ တစ်ချိန်ချိန်မှာ ပြောလာမှာကတော့
မြေကြီးလက်ခတ်မလွဲပါ……
အဲ့ဒိထဲမှာ ကိုယ်မပါပရစေန့ဲလို့  ဆုတောင်းနေဆဲပါချစ်သူ ဘာကြောင့်လည်းဆိုတော့ ……………
မင်းရဲ့အမုန်းဒဏ်ကို ပြုံးခံနိုင်စွမ်းမရှိုလို့ ပါ အချစ်ရယ်||………||

သူရိန်စိုး(ရွှေသင်းမြို့ )

အချစ်ကိုမယုံရဲသူ ✏ သူရိန်စိုး

အချစ်ကိုမယုံရဲသူ
……………………………………………
အလှသခင် ချစ်ရင်ခွင်မှ ကြင်သူ့ ထံမှောက်
ဒူးထောက်တောင်းပန် အလံဖြူန့ဲပြန်ခဲ့ရဖူးပါပြီ…|
ဒါကြောင့်……တစ်သက်မှတစ်ခါ တစ်ခါမှာတစ်ယောက်
လည်မှာဆွဲထားလောက်အောင်……
အရိုးမြေကျ အချစ်မျိုးမှ မဟုတ်ခဲ့ဘူးဆိုရင်
ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကို
မပြောပါန့ဲလား…………အချစ်ရယ်
ကို…မယုံရဲလို့ ပါနော်||……………………||

သူရိန်စိုး(ရွှေသင်းမြို့ )

အချစ်စွမ်းအား ✏ သူရိန်စိုး

အချစ်စွမ်းအား
----------------
ကဗျာဆိုတာ ဘာမှမသိ
ကာရန်ဆိုတာ ထရံလို့ သိ
နဘေဆိုတာ နွားသား အမိ
မော်ဒန်ဆိုတာ ကမ္ဘာကျော်အမိ-လို့ ပဲထင်ခဲ့တာ
ခုတော့- - - - - - - - -
အချစ်န့ဲတွေ့ မှ မေ့မရတဲ့ ကဗျာသံဇဉ်
သံလွင်လွန့် မြူး ရင်ထဲရူးအောင် လူးပြီးဝင်လာခဲ့ရပြီ|
ချစ်စာချွန်လွှာ ပေးရန်ရေးစ ကာရန်နဘေ ဖြစ်ရွှေစာသို့ 
အလင်္ကာလည်းကြေခဲ့ရပြီ|
အော်
- - -အချစ်စွမ်းအား တကယ်ကြီးပါလား||
သူရိန်စိုး(ရွှေသင်းမြို့ )