Thursday, September 3, 2015

ကဗျာဆရာများသို့....(အသိ​ပေး အ​ကြောင်းကြားလွှာ)

ကဗျာဆရာနှင့်
ကဗျာချစ်​သူများခင်​ဗျား
ကျ​နော်​အခု အလုပ်​မအား​သေးလို့
ကဗျာကို ၅ရက်​​လောက်​နားထားပါအုံးမယ်
အပြစ်​​တော်​မမြင်​ဘဲ ဆက်​လက်​ပြီး​တော့
အား​ပေး ဖတ်​ရှု့ ​ရေးသား ​ပေးပို့ပါအုံးလို့
အနူးညွတ်​ တောင်းပန်​အပ်​ပါတယ်​ခင်​ဗျား
အားလုံးကို​ကျေးဇူးအထူးတင်​ရှိပါတယ်​....

Tuesday, August 11, 2015

အချစ်ကြိုး...... ဝေယံလင်း

အချစ်ကြိုး......

ငါတင်းလို့ ဒီကြိုးပြတ်တာဆိုရင်
တောင်းပန်ပါရစေ။
ငါကမချည်နှောင်တတ်သူမို့ပါ....
နင်တင်းလို့ ဒီကြိုးပြတ်တာဆိုရင်
မေးပါရစေ....
ငါချည်တဲ့ကြိုးကမခိုင်လို့လား

ဝေယံလင်း

ချစ်သူအတွက်ဒီစာ (မင်းခန့်အောင်)

ချစ်သူအတွက်ဒီစာ (မင်းခန့်အောင်)

ဒီစာကိုယူ ကိုယ့်​ချစ်သူ
ဒီစာပြန်ပေး ချစ်သည်းလေး
ဒီစာသိမ်းထား မုန်းမသွား
ဒီစာလွှင့်ပြစ် သိပ်လို့ချစ်
ဒီစာမီးရှိုး သိပ်ချစ်လို့
ဒီစာနင်းချွေ ချစ်သက်သေ
ဒီစာဖက်သူ ငါ့ချစ်သူ

ဦးနှောက်နဲ့အချစ်​ 💫 ဝေယံလင်း

ဦးနှောက်နဲ့အချစ်

ဦးနှောက်မရှိလို့
ဇွတ်ချစ်နေတာမဟုတ်ပါ
ကျွန်တော့်ဦးနှောက်
သူမရဲ့အချစ်နောက်
တကောက်ကောက်ပါသွားတာ
ပြန်မချစ်နိုင်လဲသူမအပြုံး
တစ်သက်လုံးမြင်ရရင်ကျေနပ်ပါပြီ

ဝေယံလင်း

ပထမတော မိုးသစ်စ (ကဗျာချစ်သူ)

ပထမတော

ချစ်သူမင်းငါ့ရင်ခွင်ထဲထွက်ခွာသွားပြီပဲ
ဘာလို့ပြန်လာချင်ရတာလဲ
မင်းကိုတန်ဖိုးထားခဲ့ပေမယ်
နင်ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် ငါ့ရင်ခွင်ကဇရပ်မဟုတ်ဘူးချစ်သူ
မင်းပြန်မလာချင်ပါနဲ့ ငါ့ထက်သာသူနောက်မင်းလိုက်ခဲ့ပြီပဲ
မင်းနောက်တစ်ခါပြန်မဆက်ချင်ပါနဲ့ ငါ့ထက်ပိုချစ်တဲ့သူ
ရင်ခွင်မှာမင်းခိုဝင်ခဲ့ဖူးပြီပဲ မင်မျက်ရည်နဲ့
ငါသနားတတ်လာအောင်မလုပ်ပြပါနဲ့
မင်း​ကြောင့်
ငါ့မျက်ရည်ဒီထက်မကကျခဲ့ဖူးပြီပဲ
ခွင့်လွှတ်ပါဆိုတဲ့စကားနဲ့ ငါကိုမတောင်းပန်းပါနဲ့
ငါ့ရဲ့နှလုံးသားဟာ နင်ခွဲချင်သလိုခွဲ
စားခိင်သလိုစား နင်ကြိုက်လို့အမြဲစားတဲ့ပန်းသီးမဟုတ်ဘူး
ငါ့ဆီကနောက်တစ်ခါထွက်မသွားအောင
်စာချူပ်စာတမ်းနဲ့
ချူပ်ဆိုလို့ရတဲ့အရာလဲမဟုတ်ဘူး ငါချစ်တာထက်
မင်းကငါ့ကိုပိုချစ်တယ်တဲ့
ငါ့ကိုအရမ်းချစ်တဲ့သူက
ငါ့ကိုအရမ်းငိုအောင်လဲလုပ်ခဲ့ဖူးပြီပဲ
ခမ်းချောက်ပြီးသားငါမျက်ရည်တွေနောက်တစ်ခါ
မကျရပါစေနဲ့ မင်းငါ့ဘဝထဲက အပြီးအပိုင်
ထွက်ခွာသွားလိုက်ပါ မင့်ကြောင့် ငါအသည်း
နောက်တစ်ခါမကွဲးရပါစေနဲ့#

မိုးသစ်စ (ကဗျာချစ်သူ)

အရှုံးနဲ့ငါ..... မိုးသစ်စ(ကဗျာချစ်သူ)

အရှုံးနဲ့ငါ.....

မချစ်နိုင်ဘူးတဲ့
ရူးလောက်စွာ ခံစားလိုက်ရသူကငါ
ဒဏ်ရာတွေကို မျိုသိပ်ဖြစ်ခဲ့တယ်
သူ့ကိုသိပ်ချစ်ခဲ့လို့ပေါ့
မရည်ရွယ်ပါဘူး
အရှုံးတွေရလိုက်သူက ငါ
နင့်အချစ်နဲ့မထိုက်တန်လိုလား
သတိရပါတယ်
နင့်ရဲ့စကားတစ်ခွန်းကြောင့် စိတ်နာရမယ့် ငါ
ကျေနပ်ပါတယ်
နင့်ရဲ့အကြည့်တစ်ချက်ဟာ
ငါ့နှလုံးသားကို မျိုးတုံးစေခဲ့ပေါ့
နောက်ဆုံး ငါ့ကိုခင်ပါတယ်ဆိုတဲ့စကား
တစ်ခွန်းတစ်လေတောင်
မပြောပါနဲ့တော့လား သူငယ်ချင်းရယ်

မိုးသစ်စ(ကဗျာချစ်သူ)

ဗုဒ္ဓမှတစ်ပါး

သုံးလူထွဋ်ထား ရှင်ဘုရား....
ကြာငုံပမာ လက်အုပ်ချီမိုးရှစ်ခိုးပါ၏
မြတ်ဘုရားဒေသနာ မိန့်ချွေခဲ့သော
ဒါနသီလဘာဝနာ ကောင်းမှုအစုပြုလုပ်ကြဟု
ဆုံးမဟောကြား သိစေသားဟု
မြတ်ဘုရားကိုယ်တိုင် ပါရမီဖြည့်၏....
သက်တမ်းအရ လေးအသင်္ချေကမ္ဘာ
တစ်သိန်းဖြည့်ဆည်းခဲ့၍
ကောင်းဆိုနှစ်တန် ခွဲခြားဝေဖန်
သိစေရန် ဒုက္ခစရိယ
ခြောက်နှစ်တာ...လုံးကြိုးကုတ်ခဲ့၏
ဒို့ဘုရားမြတ် ကျေးဇူးကြီး၏
ဗုဒ္ဓမှတစ်ပါး တခြားကိုးကွယ်စရာမရှိပါတကား....

သေရာပါမဲ့ ဒဏ်​ရာ ( တောသား​လေး )

သေရာပါမဲ့ ဒဏ်​ရာ

၁၅၀၀​ပေးလို့
၅၂၈ပဲ ရမှန်းသိရင်​ အစက
တည်းက ၃၀၀၀​​ပေးခဲ့ပါတယ်

ပစ္စည်းစစ်​​ပေမယ့်
ရောင်းချင်​​နေမှန်းသိ​တော့
တမင်​သက်​သက်​နှိမ်​ဝယ်​တဲ့
နင်​ပဲလွန်​ခဲ့တာလား

၁၀၀​ပေး ​ပေမယ့်
၅၀ပဲတင်မယ်​ဆိုတာ မသိလို့
ရိုးသားစွာ​ပေးခဲ့တဲ့ငါပဲမှားခဲ့တာလား

သေချာတာတစ်​ခုက
မရင့်​ကျက်​​သေးတဲ့ နှလုံးသား​လေး ​သွေးအစက်​စက်​နဲ့
အစိမ်းကွဲကွဲ​နေပြီ

အချိန်​ဆိုတဲ့သမား​တော်
ကုသ​ပေးလို့​ ​ပျောက်​ခဲ့ရင်
တောင်​ အနာရွက်​က​တော့
သေရာပါမှာပါ

နှောင်းဖွဲ့​လေ​သော်

အောင်​လံမြို့နယ်​က
တောသား​လေး

ထွက်​သွားပါ ငှက်​ငယ် (မြင့်မိုရ်ထွန်း***ချယ်ရီမြေ)

ထွက်​သွားပါ ငှက်​ငယ်

အသီးမသီး အရွက်​မ​ဝေ
မပွင့်​မဖူး စိမ်းလန်းမှုလည်းမရှိ
ရိုးတန်​ ခက်​တန်​ အပြိုင်​ပြိုင်​နဲ့
ပူပြင်​တဲ့ ကန္တာရ ​နွေအလယ်​မှာ
အပူဒဏ်​ကို အန်​တု
ထု​ထောင်းမှု ​လောကဓံကို
ကြံ့ကြံ့ခံရင်​ဆိုင်​​နေရတဲ့
ငါ့ဘ၀ သစ်​ပင်​မှာ
မင်းအတွက်​ ​ပျော်​ရွှင်​မှုဆိုတာ
ရှိမှာမဟုတ်​ဘူးငှက်​ငယ်
တိတ်​ဆိတ်​ခြင်း ကိုအ​ဖော်​ပြု
အထီးကျန်​ဆန်​မှု​တွေနဲ့
ငါ့ဘ၀က ​နေသားကျ​နေပါပြီ
ဒါ​ကြောင့်​.....
ထွက်​သွားပါ ငှက်​ငယ်

ကိုယ်...ယုံကြည်နေချင်သေးတယ်...... (မြင့်မိုရ်ထွန်း+++ချယ်ရီမြေ)

ကိုယ်...ယုံကြည်နေချင်သေးတယ် "

အချိန်တွေ နောက်ပြန်လှည့်လို့ရရင်
ကိုယ်..နောက်ပြန်လှည့်လိုက်ချင်ပါတယ်

မိုင်ထောင်ချီ ဝေးတုန်းကတောင်
နွေးထွေးခင်မင်မှုတွေနဲ့
ထုံမွှမ်းခဲ့ကြသေးတာ
နီးနီးလေးရောက်ခါမှ
နာကျင်စရာတွေဖြစ်ခဲ့တော့
ကိုယ်တို့ကံကိုကဝေးကြရမယ့်
ဇာတာ ပါခဲ့သလားပဲနော်

ရှေ့ဖြစ်ကို ကြိုသိခဲ့ရင်
ချိန်းဆိုမှုတွေ ဖြတ်ခဲ့ပါတယ်
မမြင်နိုင် မတွေ့နိုင်တဲ့
အွန်လိုင်းထဲမှာပဲ အရင်လို
တစ်ခါတစ်လေတွေ့
စကားတွေ ဖောင်ဖွဲ့ပြောရင်း
သတိရရင် ဖုန်းလေးဆက်နဲ့
ခင်မင်မှုကို နှစ်သက်ရှည်အောင်
ထိန်းထားခဲ့မိမှာပါ

အဖြေရှာမရတဲ့
လျှိုဝှက်လွန်းတဲ့သူကို
ကိုယ်...ဋီကာတွေ ဖွင့်
ရှင်းချက်တွေ မရှာချင်တော့ဘူး
ပြောမယ် ရည်စူး
မေးမယ် ရည်ညွှန်းခဲ့တာတွေ
ကျန်ရစ်ခဲ့တယ် ဆိုတာလဲ.....
အသိမပေးတော့ဘူး

ပျောက်သောသူကိုလဲ
ရတဲ့အချိန် အွန်လိုင်းတက်
Google search နဲ့ မရှာချင်တော့ဘူး

ဘာပဲဖြစ်ဖြစ်ပါ....
မမြင်နိုင်တဲ့ အကြောင်းတရားကြောင့်
အထင်အမြင် လွဲမှုတွေ ကြုံစေခဲ့ပြီးမှတော့
သိခဲ့ဖူးတဲ့ အကြောင်းအရာတွေထဲက
သူ..ကိုယ့်ကို အမှန်တကယ်
ခင်ခဲ့ဖူးတယ်ဆိုတာလေး...တစ်ခုတော့
ကိုယ်...အမြဲတမ်းယုံကြည်နေချင်သေးတယ်.

(မြင့်မိုရ်ထွန်း+++ချယ်ရီမြေ)

သူငယ်​ချင်း.... (မြင့်မိုရ်ထွန်း+++ချယ်ရီမြေ)

မင်္ဂပါလို့နှုတ်ဆက်တာ
အရိုးသားဆုံး ခင်ချင်လို့ပါသူငယ်ချင်း
ကြီးကန်းလောက်သာမြင်ဘူးပြီး
ငှက်မြင်​တိုင်းကို အမဲလို့မထင်နဲ့လေ....
ပညာတက်မှ , ချမ်းသာမှဆို....
အခုထဲက block သွားလိုက် သူငယ်ချင်း
မခင်ချင်လို့ မဟုတ်ဘူးနော်​....
သူငယ်ချင်းရဲ့စိတ်ဓာတ်ကိုမကြိုက်လို့....

(မြင့်မိုရ်ထွန်း+++ချယ်ရီမြေ)

ချစ်တဲ့သူနဲ့နီးစပ်ဖို့အရေး (မြင့်မိုရ်ထွန်း + ချယ်ရီမြေ)

နေ့စဉ်နှင့်အမျှ
မတွေ့ရတော့
အချစ်တွေရော့လို့
အလွမ်းတွေပေါ့သွားပြီလား
ချစ်သူ,,,,,
ငါတို့တတွေ
ဘယ်လောက်ပဲချစ်နေကျပါစေ....
အခုအချိန်မှာတော့
ချစ်တဲ့သူနဲ့နီးစပ်ဖို့အရေး
ခဏလေးဝေးကွာ
အဝေးတစ်မြေမှာ
ငါ.......
ဒုတိယဘုရားသခင်ရဲ့နောက်
တကောက်ကောက်လိုက်ရင်း
ထာဝရနီးစပ်ဖို့အရေး.....
ငါကြိုးစားနေပါတယ်

(မြင့်မိုရ်ထွန်း + ချယ်ရီမြေ)

သစ္စာရှိစွာနဲ့ချစ်ခဲ့တာပါ ( Wai Wai )

သစ္စာရှိစွာနဲ့ချစ်ခဲ့တာပါ
ငါမညာပါဘူးချစ်သူ

လောကမှာ.... နင့်ထက်သာသူတွေမရှိလို့မဟုတ်ပါဘူး.........
ငါ့နှလုံးသားက တခြားသူကို
မမြင်တတ် မချစ်တတ်တော့လို့ပါ......
နင်တစ်ယောက်တည်းကိုပဲချစ်တယ
်နင်တစ်ယောက်တည်းကိုပဲသတိရနေတယ်.....
သက်ဆိုင်သူလေး...
သစ္စာရှိရှိချစ်နေတုန်းပဲဆိုတာ.....
ယုံကြည်ပေးပါနော်..

Ma ချစ်တဲ့Mg Lay.....
Da Nu Land
Wai Wai
Myammar

အဝေးကချစ်သူ.....( Wai Wai )

'အဝေးကချစ်သူ'

အစကကတည်းက
လူချင်းဝေးနေရတဲ့အထဲ
နားလည်မှုတွေလွဲမှားပြီး
စိတ်ချင်းဝေးသွားမှာမလိုလားဘူးချစ်သူ...

Wai Wai
Da Nu Land
Myammar

အမြစ်နဲ့အချစ်​ ( ကြင်နာသူ )

အမြစ်နဲ့အချစ်

အပင်မှန်သမျှ အမြစ်ရှိသလို
လူမှန်သမျှ အချစ်ရှိပါတယ်
ကောင်မလေးရယ်.....။

ကြင်နာသူ....။

အချစ် ( ကြင်​နာသူ )

အချစ်

အချစ်ဆိုတာ.....
သူတစ်ပြန်ကိုတစ်ပြန်
မေတ္တာဆိုတဲ့....
ရေအေးလောင်းမှရှင်သန်တာပါ....

ကြင်​နာသူ

သေချာတာတစ်​ခု ( ကြင်နာသူ )

မရေရာတဲ့လောကကြီးထဲမှာ သေချာတာတစ်ခုတော့ ရှိတယ်
အဲဒါ​တော့....
ငါနင့်ကိုသိပ်ချစ်တယ်
ညီမလေးရယ်

ကြင်နာသူ

ဆူးဒဏ်​ရာ ( ကြင်နာသူ )

ဆူးရှိတဲ့နှင်းဆီကို
ချစ်မိမှတော့
ဆူးစူးတဲ့ဒဏ်
ခံနိုင်ရမှာပေါ့

ကြင်နာသူ

ပင်​မြင့်​.... (ကြင်နာသူ)

အဆင့်မတူ
အမြင့်လူကို
ချစ်သူတော်ရ
ပင်ပန်းလှ၏....။

ကြင်နာသူ

ညီမလေး....( ကြင်နာသူ)

*ညီမလေး*

မေတ္တာတစ်ခွင်
ပန်းဥယျာန်မှာ
တွယ်တာတမ်းတ
မြတ်နိုးရတဲ့ ညီမလေးရေ
စိတ်မချစရာ သိပ်လှရှာတဲ့
ညီမလေးရဲ့အလှကြောင့်
စိတ္တဇညတွေများခဲ့ပါပြီ.....။
ကြင်နာသူ....။

လွမ်းသူ့မျက်ရည် မင်းသိစေ..... သစ္စာ​အောင်

လွမ်းသူ့မျက်ရည် မင်းသိစေ.....

သူလာလေမလား ငေးမောစွာနဲ့
မျှော်လင့်နေရ ငါ့ဘဝ
ပန်းတွေလည်းငို တိမ်းလည်းပြိုလို့ 
ငါသည်လည်းငို တွေးစိတ်ပိုကာ
မျက်ရည်မိုးများ ရွာခဲ့ပြီ.....
ဆွေးမြေ့သံစဉ် တီးခတ်ရင်းနဲ့
ရင်မှာလည်းနွမ်း အကြွေပန်းလို
ဝေစွာကြွေရစ် ရင်တွင်းသစ္စာ
ချစ်မေတ္တာ၏ ကြွေးကျော်သံများ
မင်းကြားနိုင်ပါ့မလား ချစ်သူရယ်

သစ္စာ​အောင်

Sunday, August 9, 2015

မိဘ ​တောနယ်​ကကိုထက်

မိဘ

ပုံပမာနှိုင်းဆို မြင့်မိုရ်တောင်ဟု
တင်စားသမုတ်ခေါ်ဆိုကြ၏
မိဘမေတ္တာ ဖွဲ့နွဲ့ကြသော်
ကမ္ဘာသာဝေ မကုန်ပေ....

မိဘမေတ္တာ စမ်းရေထက်ပင်အေးမြပါတယ်​.....
မိဘမေတ္တာ နေခြည်ထက်ပင်နွေးထွေးပါတယ်....
လောကတစ်ခွင် အမြတ်ဆုံးကမိဘ
ပေးဆပ်မှုအပြည့်နဲ့
အရာရာဖြည့်ဆည်းပေးနေတာမိဘ
ဘာနဲ့မှအစားထိုးလို့မရတာ
မိဘရဲ့သွေးချွေးဝါးဖတ်တော်က အဆီနှစ်ပါ
ဖြစ်နိုင်ရင် တစ်ကမ္ဘာလုံးကြားအောင်
အော်ပြောလိုက်ချင်တာက
နေ့ရက်တိုင်း....
အမေနေ့အဖေနေ့များ
သတ်မှတ်ပေးကြပါရယ်လို့.....

တောနယ်​ကကိုထက်

မေ့နိုင်ပြီပေါ့.... ဝေယံလင်း

မေ့နိုင်ပြီပေါ့....
ပြောခဲ့ဖူးတဲ့စကားတွေရယ်
အတူထားခဲ့တဲ့သစ္စာ တရားနဲ့
ကတိတွေရယ် ခုတော့လည်း ဆိတ်သုဉ်းလို့ပျောက်ကွယ်ခဲ့ပြီပေါ့
မင်းပြောခဲ့တဲ့ အချစ်ဆိုတဲ့အက္ခရာက
အလိမ်ညာတွေလား
ယုံစားမိသူငါမှားပြီပေါ့
အသစ်တွေ့လို့
အဟောင်းမေ့တာဓမ္မတာပေါ့ ငါဆုတောင်းပေးပါတယ်...
နင် ပျော် ရွှင် ပါစေ.....


ဝေယံလင်း

ငါ ဆုတောင်းနေမိ) နွေချစ်မိုး(ရွှေပင်္ကူ)

(ငါ ဆုတောင်းနေမိ)

ချစ်ပါတယ် ဆိုတဲ့စကားလုံးကို
နှလုံးသားက တောင်းခံပါသော်လည်း
မတူညီသော ဘဝလေးတွေရယ်
ဂုဏ်ဒြပ်တွေ ခြားနားလွန်းတဲ့ အဆင့်တန်းတွေကြောင့်....
ရေငုံနုတ်ပိတ် ဝစီရှိုက်ကာနေရင်း
ငါလေ သူနဲ့အဝေးကြီး ဝေးသွားခဲ့ရတယ်
အနေဝေးပေမဲ့
သွေးမအေးတဲ့ ချစ်ခြင်းတွေနဲ့
ငါသူအပေါ်မှာ သံယောဇဉ်တွယ်ခဲ့တာမို့ ငါ့ရဲ့ချစ်ရနံ့လေး....
သူအပေါ်မှာ ဆွတ်ဖြန်းလျက်
ငါ့အချစ်ကို သူနားလည်နိုင်ပါစေဟု---

နွေချစ်မိုး(ရွှေပင်္ကူ)

နင့်အတွက်မျက်ရည် + ဝေယံလင်း inn lay

နင့်အတွက်မျက်ရည်

ငါမျက်ရည်တစ်စက်ကျတိုင်း
နင်တစ်ရက်ပျော်မယ်ဆိုရင်
ငါ့မျက်လုံးတွေကန်းသွားတဲ့အထိ
ငိုပေးပါ့မယ် ချစ်သူ

ဝေယံလင်း inn lay

အေးဆေးပဲချစ်သူ wai yan Lin

အေးဆေးပဲချစ်သူ

အထာကျသလိုလို
ဆရာကျသလိုလို
နင်ငါ့ကိုခါချခဲ့တာနော
်ရတယ် ချစ်​သူ
ဒါက သဘာဝပါ
ငါကလည်း မာနနဲ့ပါ
နင်စောင့်ကြည့်လိုက်
နင် မသာမချခင်
နင့်ထက်သာတာငါရှာပြမယ်

wai yan Lin

အလိုရှိသည်..... ဝေယံလင်းး

အလိုရှိသည်.....

ရင်ခွင်နန်းတော်
နှလုံးသားမြို့မှာ
ပုံမှန်လစာ၁၅၀၀ဖြင့်
ချစ်သူအလိုရှိသည်

ဝေယံလင်းး

ချစ်ပြစ်ဒဏ်...... မင်းခန့်အောင်

ချစ်ပြစ်ဒဏ်

ကောင်းကင်ကတရားသူကြီး
မြေပြင်ကသက်သေ
ပုဒ်မ က ၁၅၀၀
တရာခံကကျွန်ုပ်
ပြစ်ဒဏ်ကအသည်းကွဲစေ...။

မင်းကိုသတိရတိုင်း ( မင်းခန့်အောင်​ )

မင်းကိုသတိရတိုင်း

မင်းကိုတစ်ခါသတိရတိုင်း
ကြယ်တစ်ပွင့်ကြွေရင်
ကောင်းကင်ပေါ်မှာ
ကြယ်ရှိမှာမဟုတ်တော့ဘူး....
မြေပြင်ပေါ်မှာကြယ်တွေ
ပြည့်နေလောက်ပြီ ချစ်သူ

အိုင် ( မိန်းမမုန်းသူ )

အိုင်

ငါတို့ ယောကျာ်းတွေကို
အိုင်တွေ့ တိုင်းခြေဆေးတယ်လို့
မပြောစမ်းနဲ့......

မင်းတို့ မိန်းမတွေသာ
အိုင်ထဲကရေ မဖြစ်ဖို့ကြိုးစား....
သောက်ရေအိုးစဉ်​ပေါ်ကရေကို
ဘယ်ယောကျာ်းမှ ခြေမဆေးရဲကြဘူး

မိန်းမမုန်းသူ

( မုန်းရခက်တဲ့သက်သခင် ) ဇော်ဇော်အောင် (မြန်မာစာ)နေပြည်တော် LWE

( မုန်းရခက်တဲ့သက်သခင် )

ကမ္ဘာဦးတည်စ ချိန်ခါတည်းက
ပစ္စုပ္ပန်ရဲ့...ဒီနေ့တိုင်ထိ
သက်ရှိသက်မဲ့ သတ္တဝါများ
ဘာနဲ့အသက် ရှင်လဲမေးရင်
စိုစွတ်အေးမြ ရေကန်​ဖြစ်၏
ပမာတိုင်းတာ ညီမျှပါမှ
သတ္တအသက် ရှည်စွာကျမ္မာ
သက်တန်းမှန်ထိ ရောက်ရလေသည်
ရှေးကဆိုထား စကားရှိပေ
မြွေကြီးတော့ မန္တယားမနိုင်
စမ်းများဂနိုင် မိတ်ဆွေဖြစ်လို့
သတ္တဝါတွေ ချမ်းသာပေမည့်
များပြားလွန်စွာ ရေမိစ္ဆာက
ဆင်းရဲကိုပေး သေဘေးမကျန်
သူမချန်ဘဲ ရန်မူကဲတာ
သက်ရှိသက်မဲ့ အသက်သခင်
ထိုရေစဉ်ကို
ခေါ်မည်ကြွေးလို့ သမိုင်းတည်မည်
မုန်းရခက်လို့ ချစ်ရသည် ။

ဇော်ဇော်အောင် (မြန်မာစာ)
နေပြည်တော် LWE

သက်ဆိုင်သူလေးသိစေဖို့....... ဝေဝေ( မြန်မာစာ)ဓနု

သက်ဆိုင်သူလေးသိစေဖို့

ချိန်တွေကြာညောင်း
ရက်.လ.နှစ်တွေ
ဘယ်လောက်ပြောင်းပြောင်း
မေ့မရနိုင်သောချစ်သူဦးကို
ဝေးမြေခြားမှ
လွမ်းဆွတ်တမ်းတ
ပိုမပြောင်းလဲသောမေတ္တာစစ်နဲ့
ချစ်နေတုန်းပဲဆိုတာ သိပါစေနော်....

!!!!!!chit thu !!!! ဝေဝေ( မြန်မာစာ)ဓနု

တောင်ပံ ( ဝေဝေ )

ချစ်သူလေး

မလိမ်ချင်ပါနဲ့လား.....
တောင်ပံတစ်ဖက်မရှိပဲနဲ့
ဘယ်ငှက်မှမပျံနိုင်ဘူး....
လမ်းခွဲဖို့ပြောရက်ကတည်းက
မင်းမှာတောင်ပံတစ်ဖက်ရှိနေမှန်း
ငါသဘောပေါက်ပါတယ်ချစ်သူ.....

ဝေဝေ

မခွဲကြေး.... မိုးသစ်စ(ကဗျာချစ်သူ)

မခွဲကြေး....

ကောင်မလေးရေ....
ချစ်သူဖြစ်တဲ့နေကစပြီး
အမျိုးသားနဲ့အမျိုးသမီး
ဖေဖေ မေမေ
ဘိုးဘိုး ဖွားဖွား
ဆံဖြူသွားကျိုး
နာလေထိုးနေပါစေ....
နှစ်ပေါင်း၁၀၀ တိုင်စေ.....
အချစ်မပြယ်ကြေး
တို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်း
ပန်းခင်းလမ်းလို မဖြောင့်ဖြူးခဲ့ရင်
ဆူခင်းလမ်း ဘဝခရီးကြမ်းကို
ဖြတ်လျှောက်တဲ့အခါ
လက်တွဲမဖြုတ်ကြေး
မိဘဆွေမျိုး ညီကိုမောင်နှစ်မများ
ပိတ်ပင်တားမြစ်မှုရှိခဲ့ရင်လဲ ဘာအကြောင်းကြောင့်မှ
ငါ့ကိုပစ်သွားကြေး
ပတ်ဝန်းကျင်ရဲ့
အတင်းအဖျင်းစကားတွေကြားထဲမှာ
တစ်ဦးကိုတစ်ဦး မမုန်းကြေး
ဘယ်သူတွေ ဘာပြောပြော မယုံကြေး
ဘယ်သူတွေ ဘယ်လိုခွဲခွဲ မခွဲကြေး
အတာအဆီးတွေ
ဘယ်လိုပဲရှိရှိမကြောက်ကြေး
ဝမ်းနည်းစရာဘယ်လိုပဲကြုံကြုံ မျက်ရည်မကျကြေး
အတာအဆီးတွေ အခက်အခဲတွေ
အန္တာရာယ်တွေ ဝမ်းနည်းစရာတွေ
ဘယ်လိုပဲရှိရှိ
နောက်ဆုံးပေါင်းဖက်ကြမယ့်သူဟာ
ငါတို့နှစ်ယောက်ပဲဖြစ်ပါစေ.....
ကောင်မလေးရယ်....

မိုးသစ်စ(ကဗျာချစ်သူ)

စစ် +++ မိုးသစ်စ(ကဗျာချစ်သူ)

စစ်

စစ်တွေဖြစ်နေတယ်
စစ်တွေတိုက်နေတယ်
ဘယ်သူတွေလဲကြည့်လိုက်
ကိုယ့်နိုင်ငံအချင်းချင်း.....

အိမ်တွေပျက် ရွာတွေပျက် အသက်တွေဆုံး
အဲဒါဘယ်သူတွေလဲကြည့်လိုက်
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ်သွေးသားချင်း.....

အိမ်ပိုင်ယာပိုင်ကနေ အိုးမဲ့အိမ်မဲ့
ခွေးပြေးဝက်ပြေး သေနတ်သံတွေကြားထဲမှာ
အသက်ကိုလုရင် နောက်ဆုံးဒုက္ခသည်စခန်းဟာ
ငါတိုတွေရဲ့အိမ်ပိုင်ယာပိုင်လား...?

အများကပေးတယ် ဆန်တစ်ထုပ်​ဆီတစ်ထုပ်
အဝတ်အစားတစ်ထုပ်​နဲ့ကျောတစ်ခင်းစာမှာ
ရောင့်ရဲတင်းတိမ်းရင်
အဖေခေါ်ပေးပါ အမေခေါ်ပေးပါ
ကလေးတွေရဲ့ငိုသံတွေ နောက်ဆုံးဒုက္ခသည်စခန်းထဲ
အဖေပျောက်ရှာတမ်း...
အမေပျော်ရှာတမ်း....
ကစာနည်းသစ်တွေ
လင်ပျောက် သားပျောက်
ကိုယ်ဝန်သည်မိခင်တွေရဲ့ဒုက္ခတွေ
အနာဂါတ်ကလေးငယ်တွေ
ခေါင်းလောင်းသံတွေစစ်တွေကြောင့်
အဲဒါတွေ....အခုဘယ်မှာလဲ...?
ဒါလာ ငါ့တို့ နိုင်ငံရဲ့လွပ်လပ်ရေး
သေနတ်တွေမှာသာ
ကျည်ဆံမထွက်ခဲ့ရင်.....

မိုးသစ်စ(ကဗျာချစ်သူ)

ငယ်ကအချစ်အနှစ်တစ်ရာ.... ကိုဖိုးထောင်....အောင်ခင်မိုး

ငယ်ကအချစ်အနှစ်တစ်ရာမေ့မရသူပါ
အတူသွားအတူလာပျော်လာခဲ့ကြ
ခုတော့ဗလာနတ္ထိပါလား
စိမ်းကားသူကပြည့်

လွမ်းရသူကငါ
ဖြတ်မရတဲ့ဒီကြိုးသံသာရာ
တဝဲလည်လည်ငါ့အားနှိပ်စက်
ရစ်ပတ်ချည်နှောင်တွယ်ငြိခဲ့ပြီ
သံယောဇဉ်
သူကမသိကြိတ်ငိုခဲ့တဲ့
မျက်ရည်တွေလဲဒီဝါဆိုမိုးနဲ့
လိုက်ပါစီးမျောခဲ့ပြီပြည့်ရယ်....
ရင်ဘတ်ကြီးလဲအောင့်လာပြီ....

ကိုဖိုးထောင်....အောင်ခင်မိုး
ငသခအုန်းတော
ယခင်ကျောင်းကုန်းတာဦး

(၄-၃) ကြင်နာသူ

ညီမလေးရေ့။
ယခုအချိန်မှာ.....
မင်းနဲ့ငါ သုံးနဲ့လေး(၃-၄)လို
ကျောခိုင်းသွားပေမယ့်
စစ်မှန်တဲ့သံယောဇဉ်တွေသာရှိခဲ့ရင်
နောင်တစ်ချိန်မှာ
လေးနဲ့သုံး(၄-၃)လိုမျက်နှာချင်း
ဆိုင်လာမှာပါ.....

ကြင်နာသူ

ယုံကြည်ပေးပါ.... (ကြင်နာသူ)

အချိန်တိုင်းသတိမရနိုင်ပေမယ့် သတိရတဲ့အချိန်တိုင်း
ညီမလေးဘဲဆိုတာ
ယုံကြည်ပေးပါ

ကြင်နာသူ

တန်ပြန်မှုတိုင်းမှာ (မြင့်မိုရ်ထွန်း***ချယ်ရီမြေ)

တန်ပြန်မှုတိုင်းမှာ.....
သက်ရောက်မှုရှိတယ်ဆိုရင်
နယူတန်ရဲ့နိယာမ မှားတယ်ဗျား
ဘာလို့လဲဆိုတော့
ဒဿဂီရိလောက်
ရာဇဝင်တွင်အောင်လို့
ချစ်မပြနိုင်ရင်တောင်
ငါနင့်အပေါ်ထားတဲ့
ချစ်ခြင်းမေတ္တာ
ဘာနဲ့မှနှိုင်းလို့မမှီနိုင်တဲ့အချစ်မျိုးနဲ့
ချစ်ခဲ့တဲ့ ငါ့ကိုကျတော့
နယူတန်ရဲ့နိယာမ
ဘယ်သွားသေနေလဲ
ငါ့နင့်အပေါ်မှာထားတဲ့
ချစ်ခြင်းမေတ္တာလောက်ပြန်ရဖို့
ငါမမျှော်လင့်ဘူးချစ်သူ
ငါချစ်တဲ့အချစ်ထက်
ဆယ်ပုံတစ်ပုံလောက်ပဲ
နင့်ဆီကမျှော်လင့်တာပါ ချစ်သူ

(မြင့်မိုရ်ထွန်း***ချယ်ရီမြေ)

မိန်မဟူဘိ ဣိထ္ထိယကား (မြင့်မိုရ်ထွန်း***ချယ်ရီမြေ)

မိန်မဟူဘိ ဣိထ္ထိယကား
အားလျှင်သန်းတုတ် အတင်းအုပ်
ပျင်းရင်ချေဆင်း ထမီးခင်း
ပြောလျှင်မချန် အကုန်လှန်
စားလျှင်မစင် မရှောင်ချင်
အိပ်လျှင်မခြား လူသေကောင်အလား
ထိုထိုဂုဏ်ရည်များနှင့် ပြည့်စုံလှဘိ
ဣိထ္ထိယကား
မရှိလဲကောင်းရှိလဲကောင်း.....

မြင့်မိုရ်ထွန်း ချယ်ရီမြေ

ပတ်သားတဲ့အချစ် မိုးသစ်​စ (က​ဗျာချစ်​သူ)

ပြတ်သားတဲ့အချစ်

ငါမငိုပါဘူး မင်းမချစ်တော့ရင်တောင်
ငါမလွမ်းပါဘူး မင်းထားခဲ့ရင်တောင်
ငါချစ်သလို ငါ့ကိုမချစ်တဲ့မင်း
ငါသစ္စာရှိသလို ငါ့အပေါ်သစ္စာမရှိတဲ့မင်း
နှစ်လွှာပေါင်းမှတစ်ရွက်ဖြစ်မဲ့ စွယ်တော်ရွက်
တစ်ရွက်ကပိုးကိုက်တယ် ဆိုကတည်းက
မနေချင်ထွက်သွား သစ္စာမဲ့သူအတွက်
ငါ့နှလုံးသားအထွက်တံခါးလုပ်ပေးထားတယ်
ဘယ်တော့မှလဲပြန်မလာနဲ့
သနားတဲ့အကြည့်နဲ့လဲ ငါ့ကိုရွဲ့မသွားနဲ့
သစ္စာမရှိသူထားသွားတာခံခဲ့ရတဲ့ငါ
ငိုဖို့မပြောနဲ့ မင်းထားခဲ့တဲ့
အချိန်ကစလို့မင်းကို
ငါ ဘယ်တော့မှသတိမရဘူး
ဘယ်တော့မှလဲ ငါမလွမ်းဘူး

မိုးသစ်​စ (က​ဗျာချစ်​သူ)

ငါငိုနေမှ နင်ပျော်နိုင်မယ်​ဆိုရင်​..... (မြင့်မိုရ်ထွန်း***ချယ်ရီမြေ)

ငါငိုနေမှ နင်ပျော်နိုင်မယ်​ဆိုရင်​.....

ငါငိုနေမှ နင်ပျော်နိုင်မှာ ချစ်သူ
အဲဒါဆိုလည်း.....ငါငိုပါ့မယ်
ငါ့မျက်လုံးတွေ ကန်းသွားတဲ့အထိပေါ့
နင်ပျော်ဖို့အတွက်လေ......

(မြင့်မိုရ်ထွန်း ချယ်ရီမြေ)

Friday, August 7, 2015

(အသဲကွဲ......မှတ်တမ်း) မကွေးသားလေး ရဲရင့်သွေး......

(အသဲကွဲ......မှတ်တမ်း)

ခွန်သံချို......သံချိုတေး.......
အုတ်ခုံနံဘေးမှာ.....
ဥဩငှက်တစ်ကောင်......
ဒဏ်ရာတစ်ထောင်နဲ့........
ရောင်တောင်တောင်နဲ့ပေါ့..မေရယ်.......
အသံကုန်ဟစ်.......
အော်ဟစ်နေပါလဲ........
အခါခါကွဲ........ရွှေအသဲရယ်ကို.......
နွေမှာဖြန့်ကြဲ...ဟဲဟဲ......ဟိုဟို......
အပိုလို့ထင်မိနေ......မောင်ရယ်လေ.........
မေရယ်......
မင်းကိုမောင်စောင့်.....
မျှော်တောင်...ဝေး...ဝေး....
ဖေါ်ကွာဝေးသူ.....ဒီလူကို....
ဖေးကူမဲ့သူ.....မရှိ.......
မောင့်လိုလူလဲ.....နတ္ထိ........
မျှော်မိတာပင်...မှား....
ညည်းသံကြားတယ်.......
ဥဩငယ်......အဖြစ်သဲတယ်လို့ထင်မိ.....
ကိုယ့်ရင်ဘက်ကိုစမ်းအကြည့်.....
ဟော.....
ပူရှ.....ပူရှ....နေပါဘိ.......
စာနာအသိ.....ငှားအကြည့်...မောင်သိပြီ........
အဖော်ကအနား....
လား...လား...မှမဝေး........
လာ.....ဥဩလေးရေ........
ငါတို့တွေ......ကဗျာစပ်ရင်း.....
ရင်ဘတ်အတွင်းမှ....
ရွာချကြတာပေါ့.....
မျက်ရည်မိုးစက်တွေ......................။။။


မကွေးသားလေး
ရဲရင့်သွေး......
ကျေနပ်နိုင်ပါစေ.......

ကဗျာတစ်ပုဒ်ရဲ့ရလဒ် မြင့်မိုရ်ထွန်း.....ချယ်ရီမြေ

ကဗျာတစ်ပုဒ်ရဲ့ရလဒ်

ကဗျာဆိုတာရင်မှလာတဲ့ခံစားချက်
အပျော်တမ်းဖတ်ဖို့မဟုတ်ဘူး
ကဗျာတစ်ပုဒ်ဖြစ်ဖို့အတွက်
အရှင်လတ်လတ်အသဲခွဲခံရတယ်
မျက်ရည်တွေစတေးရတယ်
မချိမဆန့်ဝေဒနာတွေဟာ
ကဗျာတွေအဖြစ်အန်အန်ကျ
အမြင်မှာလှပေမယ့်တကယ်တော့
သောကအဆိုင်ခဲတွေပါ
ကဗျာကိုမြတ်နိုး
အချစ်ကိုတန်ဖိုးထားမယ်ဆိုရင်
ငါ့ရင်မှပွင့်လန်း
ကဗျာဆိုတဲ့အချစ်ပန်းကို
နဲနဲလောက်တန်ဖိုးထားလိုက်စမ်းပါ
ချစ်သူရယ်......

မြင့်မိုရ်ထွန်း.....ချယ်ရီမြေ

အချစ်​စားပွဲထိုး

အချစ်တစ်ပွဲပေးပါ
အမုန်းတွေမထည့်နဲ့နော်
အကြင်နာနွေးနွေးလေရယ်
သံယောဇဉ်ချိုချိုလေးရယ်
သစ္စာတရားများများထည့်
အလွမ်းဆိုတာလုံးဝမကြိုက်လို့ပါ
မာယာတွေမပါစေနဲ့နော်
ရက်စက်ချင်းတွေအဆစ်မပေးနဲ့.....

ဝေယံလင်း

သစ္စာ မိုးသစ်စ(ကဗျာချစ်သူ)

သစ္စာ

ချစ်သူအဝေးမှာ ဘာတွေလုပ်နေလဲ
မင်းမမြင်နိုင်တဲ့နယ်ခြားမြို့ခြား
မန္တလေးရဲ့တစ်နေရာကကောင်လေးတစ်ယောက်
မင်းကိုအရမ်းလွမ်းနေတယ်
အဆင်မ​ပြေတာတွေ စိတ်ညစ်စရာတွေ
အားငယ်စရာတွေ ဝမ်းနည်းစရာတွေ
ရှိရင်ဖုန်းဆက်လိုက်
အကြံဉာဏ်တွေပေးမယ် အားပေးပေမယ့်
ဖြေသိမ့်​ပေးမယ် နှစ်သိမ့်ပေးမယ်
မင်းအနားမှာရှိမနေရလဲ
မင်းမမြင်နိုင်တဲ့နောက်ကွယ်မှာ
မပြယ်သောမေတ္တာ မဖျောက်ဖျက်သောသစ္စာနဲ့
အချစ်ကိုတန်ဖိုးထားသစ္စာတရားကို
ခေါင်အုံးထားသော ကောင်လေးတစ်ယောက်
လေလိုင်းထဲမှာ မင်းအပေါ်သစ္စာရှိစွာနဲ့
ချစ်နေတယ်ဆိုတာ ချစ်သူရေယုံကြည်ပေးပါ

မိုးသစ်စ(ကဗျာချစ်သူ)

(လှူတန်းကြပါရွှေမြန်မာ) ဇော်ဇော်အောင်(မြနမာစာ)

(လှူတန်းကြပါရွှေမြန်မာ)

ပရဟိတ စေတနာနှင့်
မေတ္တာလမ်းခင်း ကုသိုလ်ရင်း
ခပင်းဆွေများ ဒါနပွားလို့
သဒ္ဒါအေးမြ ပေးဝေကြပါ
မိုးဒဏ်​လေဒဏ်​ရေဘေးဒဏ်ကို
တွေ့ကြုံနေရ ပြည်သူများအား
မျိုးဆွေဝိုင်ဝန်းကူညီမှသာ
တိုင်းရင်းညီကိုမောင်နှမများ
စိတ်မှာချမ်းသာ ခဏတာရေး
ဆင်းရဲဘေးကို ကာကွယ်ပါစို့
အကြောင်း(၃)ချက်ဓမ္မစက်​မို့
ဒါန သီလ ဘာဝနာတဲ့
လှူတန်းပေးကမ်းစွန့်​ဝေဖြန်းပါ
ဗဟိုပြည်တိုင်းခရိုင်မြို့နှင့်
အုပ်စုကျေးရွာ ဋ္ဌာနမကျန်
သဒ္ဒါရင်းခံ စိတ်ရည်သန်ဖို့
နိဗ္ဗာန်ဆော်ကြီး ကဗျာစီးကာ
ရွှေမောင်းကျီးနင်းတီခတ်ပါ၍
တိုက်တွန်းပါကြောင်း
ပြည်သူပေါင်းတို့ ။။၊။၊။

ဇော်ဇော်အောင်(မြနမာစာ)
NPT ' LWE

ပရဟိတ. 🎓 ကိုထက်တောနယ်

ပရဟိတ

ကိုယ်​ကျိုးမရှာ
အများအကျိုးသယ်တာ ပရဟိတပါ
မလိုသူများကဲ့ရဲ့သံကို ဂရုမထား
ရှောင်ကာရှားလို့ သည်းခံရောင့်ရဲ
အားမငယ်ဘဲ ပြည်သူအတွက်ပါကူညီမှာ
ငွေအားလူအား ကုသိုလ်များ
ထမ်းဆောင်ကြနေမှာ
သာရေးနာရေး ကူညီပေး အများအကျိုးအတွက်ကို လက်မနှေး
ရှေ့ဆက်ပြီးလည်း ကူညီမယ်
အမြဲတမ်းဘဲလှူနေမယ် သူများကိုလည်းခေါ်ဆောင်ကြ
အဲဒါပရဟိတ.....

ကိုထက်တောနယ်

ချစ်သူအတွက်နှလုံးသား ( ဝေယံလင်း အင်းလေး )

ချစ်သူအတွက်နှလုံးသား

ငါ့နှလုံးသားထဲကပြည့်နှက်နေတဲ့
ငါ့ရဲ့ရှိရှိသမျှအချစ်တွေ
အကုန်လုံးက ဘယ်သူတစ်ဦး
တစ်ယောက်အတွက်မှမဟုတ်ပါဘူး
မင်းတစ်ယောက်ထဲအတွက်ပါ ချစ်သူ

ဝေယံလင်း အင်းလေး

(ဒုတိယမ္ပိ......ခြေလှမ်း) မကွေးသားလေး ရဲရင့်သွေး

(ဒုတိယမ္ပိ......ခြေလှမ်း)

အမေ...ဘ၀မှာ....
အမှားတွေ....ဝေသီနေပါလျက်.....
သိသိကြီးနဲ့ပဲ....ပိုးဖလံလိုမျိုး.....
မီးကိုတိုးခဲ့တဲ့...အကောင်ပါအမေ.....

နမ်းနေကြ....ပန်းတစ်ပွင့်...
ညှိုးသွားတော့....
နောက်ထပ်...ရနံ့သင်းနေတဲ့....
ပွင့်သစ်ကိုရှာတာပေါ့.....

အဲဒီမှာ....အ၀ိဇ္ဇာတဏှာ ရမ္မက်မီး......
တစ်သက်မှာ.....နှစ်ခါလောင်ခဲ့ပြီးပြီ.......
တငွေ့ငွေ့....လောင်မြိုက်မီးက.....
မီးစာမခန်းဘူး.....
မီးညွန့်မကျိုးဘူး.....
တစ်ဘ၀လုံးစာအတွက်.....
ပြာထဲနှစ်ထည့်....
သား.....မိုက်တွင်းနက်ခဲ့ပါတယ်...အမေ......

အာရုံတက်စ...နံနက်ခင်းမှာ......
သံဝေဂ...တေးသွားကို.....
ညည်းတွားရင်း....
ဘုရားသခင်...သနားလို့များ.....
နေခွင့်ရအုံးမယ်ဆိုရင်.......
အမေ့အတွက်......
အားမာန်အပြည့်နဲ့.....
ဒုတိယမ္ပိခြေလှမ်း....
အမေ့အိမ်ကို....
တစ်လှမ်းချင်း....လှမ်းခဲ့မယ်အမေ........။


မကွေးသားလေး... ရဲရင့်သွေး........

မှတ်ချက်........
မိတ္ထီလာက....
သူငယ်ချင်းတစ်ယောက်ရဲ့
ခံစားချက်.......

ငါတို့မြန်မာတွေ"ကျား"ဖြစ်ဖို့လိုပြီ..... (မြင့်မိုရ်ထွန်း***ချယ်ရီမြေ)

ငါတို့မြန်မာတွေ"ကျား"ဖြစ်ဖို့လိုပြီ.....

အကျင့်ကဖျောက်လို့မရပေမဲ့
ဗီဇကမပျောက်လေတော့
အိမ်ရှင်ကိုပြန်ကိုက်
ခွေးစရိုက်သဏ္ဍာန်တွေပေါ်လာကြပြီပေါ့
အ,လိုက်တဲ့ မြန်မာ
န,လိုက်တဲ့ မြန်မာ
ကျွေးတဲ့လက်ပြန်ကိုက်တဲ့
ခွေကုလားတွေကိုမှ
မဟာကရုဏာထား
အသနားပိုခဲ့လို့ အခုတော့ ကောင်းကြသေးရဲ့လား
ကိုယ့်မြေပေါ်နေ
ကိုယ့်ရေကိုသောက်
ကိုယ့်သမီးသားတွေကိုစော်ကား
ဒီကောင်တွေကိုမေတ္တာထား
သနားနေကြဦးမှာလား
ဒါတင်လားဆိုတော့
နိုင်ငံပါသိမ်းချင်တဲ့
ရည်ရွယ်ချက်တွေနဲ့
အဲဒီ ခွေးသူတောင်းစားတွေကို
အညွှန့်မထွက်နိုင်အောင်
ပင်စည်ကိုခုတ်
အမြစ်ပါတူးထုတ်ပစ်ဖို့
ရောင်းရင်းတို့ရေ
ငါတို့မြန်မာတွေ"ကျား"ဖြစ်ဖို့လိုပြီ

ပထမဦးဆုံး..... မိုးသစ်စ(ကဗျာချစ်သူ)

ပထမဦးဆုံး.....

ချစ်သူ
ငါ့အနားမှာ မင်းမရှိလဲ
ငါ့အတွေးထဲမှာ မင်းရှိတယ်

မင်းနဲ့မတွေ့ရလဲ ငါ့အိမ်မက်ထဲမှာ
မင်းနဲ့တွေ့တယ်

ဘယ်လောက်ပဲအနေဝေးနေပါစေ...ချစ်သူ
အနေဝေးလို့သွေးအေးတတ်တယ်ဆိုပေမယ့်
အချစ်တွေနီးနေသမျှတော့
တို့နှစ်ယောက်အချစ်မဝေးနိုင်ပါဘူးချစ်သူရယ်

ချစ်သူရေ.....
သတိရလို့ဖုန်းဆက်တာပဲဖြစ်ဖြစ်
သတိရလို့စာပို့တာပဲဖြစ်ဖြစ်
ချစ်တယ်ဆိုတဲ့စကားကို
အရင်ဆုံးပြောပါ
အရင်ဆုံးရေးပါချစ်သူ....

မိုးသစ်စ(ကဗျာချစ်သူ)

ရှစ် သုံး လီမှာမင်္ဂလာ 🔆 ဇော်ဇော်အောင် ( မြန်မာစာ )

အရှေကျွန်း ကနေဝန်းဝါ
နံနက်နေ့လည်လင်းလက်ဖြာ
မင်္ဂလာရှိသောနေ့လေးပါ

ညနေ၅ ၆နေဝန်းပျောက်
မင်္ဂလာရှိသောညကိုရောက်
မိတ်ဆက်မှန်စွာဆွေသဟာ
မင်္ဂလာနှုတ်​ခွန်းဆက်ရမှာ
ချစ်သောမိတ်​ဆွေလိုင်းပေါ်တက်
ခင်ကြမှာမို့ စာနဲ့ချက်
နေကောင်းပါစေ....မေတ္တာဝေ
နေ့စဉ်ပို့သ ဆုမွန်ခြွေ
နေ့စဉ်နေ့တိုင်းစိတ်​ဖြူစေ
ဒါတင်မက မောင်နှမ
ထာဝရသွေးချင်းဆက်လို့နီးပါစေ....
သစ္စာရွှေမေတ္တာဝေ......။

ဇော်ဇော်အောင် ( မြန်မာစာ )
N PT ' L W E

အနှစ်မဟုတ်​သောအမွေ....( ဇော်ဇော်အောင် မြန်မာစာ )

တိုင်းရင်းအလှ ယိမ်းအကတွေ
ယဉ်ကျေးဝတ်ထား ပျော်နေပုံက
မူလ ဖြူ ရို ဘာလူမျိုးလည်း
အသဲလှိုက်ခါ ကြည်နူးမိတယ်
တိုင်းရင်းသူများ အနုပညာ
ရိုးရာဓလေ့ မမေ့ရှာဘူး
ဒါမှမြန်မာ ဒို့မြန်မာဟေ့
ဒို့မြေတဝမ်း ရိုးရာစမ်းကို
မပျောက်လေရ ထိန်းသိမ်းပါစို့။

ဇော်ဇော်အောင် မြန်မာစာ
နေပြညတော်

ကဗျာနာမည် သင်၏ပန်းတိုင်​ ( ဇော်ဇော်အောင် မြန်မာစာ )

ဝဿာန်ကာလ သမယမို့
ရွှေမိုးအုံ့ကာ တသဲသဲရွာ
ဘယ်ခါမလင်း ရင်တွင်းမှထိ
လွမ်းကာရီဝေ မှိုင်းပြာနေလို့
ဒို့ပါသူငါ မလန်းရှာဘူး ။

ချစ်​သောညီမ ခါးပန်းတမာ
လွမ်းစရဖယ် ပညာဝယ်ချိန်
ပကာသန အလှပနဲ့
စိန်ရွှေဓန ငွေရှင်လည်းရှောင်
ရည်းစားမထား ချစ်သူဝေးဝေး
မက်မောစွဲလန်း မဖြစ်စေရ
ဒါမှသာလျှင် ပညာတောင်တန်း
လျှောက်လှမ်းခဏ မင်းဘဝလေး
အောင်မြင်ပန်းတိုင် ရောက်ဧကန်တည်း။

ဇော်ဇော်အောင် မြန်မာစာ
နေပြည်တော်

Thursday, August 6, 2015

အချစ်ဆုံးချစ်သူ(သို့မဟုတ်) အကြီးဆုံးရန်သူ ။ ဇော်ဇော်အောင်မြန်မာစာ NPT

အချစ်ဆုံးချစ်သူ(သို့မဟုတ်)
အကြီးဆုံးရန်သူ ။

ဝဿာန်ချိန်ခါရွှေမိုးရွာတော့
ပျော်နေရတာ သူသူငါငါ
ပေါပြည့်စပါး ပိုလျှံထားဖို့
ပြည်ကြီးမြန်မာရွှေလယ်ယာတွက်
ရွာသွန်းဖြိုးတာချစ်သူပါကွဲ့ ။

သို့သော်တဖန်မိုးဟေမာန်က
ရန်စရန်မူ မိုးရန်သူပေါ့
ဧရာပန်းချီထက်နားဆီသို့
မလိုမန်တင်းရန်မူချင်က
ပြည်သူအများဒုက္ခစားပြီ
ဒါကြောင့်....ဒို့ပြည်မိုးရာသီက
လိုလျင်ခေါင်ပါးမလိုများမှို့
ချစ်သူဆိုသော မိုးရွှေချောကို
ဧရာထက်နားပြည်သူအစား
ဒို့ကသတ်မှတ်ကဗျာစပ်မည်
အကြီဆုံးသောရန်သူတည်း။

ဇော်ဇော်အောင်
မြန်မာစာ NPT

ဒို့ဘဝစာမျက်နှာ ဇော်ဇော်အောင် ( မြန်မာစာ )

ဒို့ဘဝစာမျက်နှာ

ကြည်နူးစရာ မင်းမျက်နှာကို
တွေ့လာခနမေ့မရပါ
ရင်မှာတောင်းဆိုဆန္ဒပိုနဲ့
မင်းကိုထာဝရတွေ့လိုလှလည်း
မင်းနဲ့ဒို့ကြားပိုင်းကာထားတဲ့
စည်းများကြောင့်သာ
မင်းမျက်နှာကို
ဒို့မှာထာဝရမြင်ခွင့်မရ
အဲ့ဒါကိုက ဒို့ရဲ့ဘဝ
စာမျက်နှာလေး တပိုင်းတစ ။

နေပြည်တော် လယ်ဝေးမြို့
ဇော်ဇော်အောင် ( မြန်မာစာ )
ရင်တွင်းဖြစ်များ

ဖေါ်ကွဲငှက်ရွှေဂျိုးဖြူ 💑 ဇော်ဇော်အောင်

ဖေါ်ကွဲငှက်ရွှေဂျိုးဖြူ

တွန်သံသာတဲ့ ရွှေဂျိုးဖြူရယ်
လွမ်းသံနှောလို့ လွင်ပြာငယ်
ကမ်းလှမ်းဘယ်ဆီ မှန်းမျှော်ရည်လို့
မျက်ဝန်းငယ်နီ ဟစ်ကြွေးမြည်လည်း
သူ့မှာချစ်ဖေါ် ပေါ်မလာဘူး

နေဝန်းနီပျောက် အမှောင်လွှမ်းတော့
ဖိုသဲရင်မှာ တစ်​ကိုယ်​သာတည်း
ညဥ့်ဦးညဥ့်ယံ မိုးသောက်ယံထိ
လွမ်းနာမိလို့အိပ်ရရှာ၏

အတိတ်ကံပေး ဂျိုးဖြူလေးမှာ
စိတ်ဝေဒနာ ပြည့်လျှံစွာနဲ့
မကြင်သူ့ဒဏ်​ ခံရလေပြီး
ရင်ကွဲနာကျ သေရှာလေပြီ
ဂျိုးဖြူလည်းပျောက်
ကူသံပျောက်ခါ
ခုတော့....ဒို့မှာသနားပါ၏ ။

(နေပြည်တော် လယ်ဝေးမြို့)
ဇော်ဇော်အောင် မြန်မာစာ
ရင်တွင်းဖြစ်များ

Wednesday, August 5, 2015

ဒိုင်​ယာရီ​လေးရဲ့ငိုသံ 💦 ထွန်းလင်း​အောင်​ (ကသာ)

ဒိုင်​ယာရီ​လေးရဲ့ငိုသံ

ဆောင်းညရဲ့ မာန်
နှင်းစက်​ကျသံကြားတိုင်း
အလွမ်း​တွေနဲ့မိတ်​ဖွဲ့
သတိရတဲ့စိတ်​​တွေနဲ့
အချိန်​တိုင်းတမ်းတ
မင်းကို​မေ့မရတဲ့အခါ....
ဆူညံခြင်း​တွေကင်းမဲ့
တိတ်​ဆိတ်​ခြင်း​တွေနဲ့အတူ
ဆောင်းညရဲ့သန်း​ခေါင်​ယံ
က​လောင်​တံကိုမာန်​ပါပါကိုင်​ရင်း
ကာယံမညီ သံစဉ်​မပီတဲ့ကဗျာ​တွေကိုစပ်
အလွမ်း​တွေထုံးဖွဲ့
သတိရခြင်း​တွေ နှိုပ်​စက်​​နေတဲ့
နှလုံးသားကို ...
ဒိုင်​ယာရီ စာအုပ်​ထဲထိုးသွင်း
ကြိတ်​မှိတ်​ခံစားရင်းနဲ့
မင်းမျက်​နှာကို ပုံ​ဖော်
မပီ​ပြင်​ပဲ ပြုံး​ပျော်​ရင်း
အိပ်​ပျက်​ရတဲ့ ည ပေါင်း
ထောင်​​သောင်းမက​တော့ဘူးလို့​တောင်
ထင်​လာခဲ့တယ်
တစ်​နှစ်​ဆိုတဲ့အချိန်
ခပ်​မှိန်​မှိန်​​ပျောက်​ကွယ်​ခဲ့​ပေမယ့်
မင်းကို သတိရတိုင်း​ရေးဖွဲ့
ဒိုင်​ယာရီ စာအုပ်​က​လေးလဲ
ငိုနေပြီထင်​ပါရဲ့......။

ထွန်းလင်း​အောင်
(ကသာ)

Tuesday, August 4, 2015

ပန်းလေး (M.P.C)

ကိုယ်ကိုတိုင်မနမ်းရက်တဲ့
ချစ်သူရဲ့ဆံနွယ်လေးကို
လေပြေလေညှင်းလေး
ခိုးနမ်းတာမြင်ရတော့
နှလုံးသားထဲမှာ....
အက်စစ်တစ်ခွက်ကျသွားသလို
စစ်ကနဲနဲ့ပေါ့

အချစ်လား.....? လွမ်းနေသူ ( လောကဧည့်သည် )

နေ့စဉ်တိုင်းတမ်းတ
လွမ်းနေရတဲ့အရာတစ်ခုဟာ
အချစ်လား.....?

တစ်မှိုင်မှိုင်တစ်တွေတွေ
မြင်နေချင်တဲ့စိတ်ကလေးဟာ
အချစ်လား......?

ဆုံချိန်မှာသဲသဲ
အပြုံးလေးနည်းနည်း
မြင်ရုံနဲ့ကျေနပ်နေတတ်တာ
အချစ်လား......?

လွမ်းနေသူ ( လောကဧည့်သည် )

ကောင်​မ​လေး..... ထွန်းလင်း​အောင်

ကောင်​မ​လေး.. ...

မင်း​ကျောခိုင်​သွားတဲ့ ငါ့ရင်​ခွင်​ဟာ
ကန္တာရ လွင်​ပြင်​လို
မိုးမရွာ နှင်းမကျ
ငါ့ရင်​ခွင်​ကန္တာရက
ခြောက်​​သွေ့လို့​နေဆဲပါ....
မင်း​ပျော်​ရွင်​မယ်​ဆိုရင်....
မိုးရွာဖို့လည်းမ​တောင်းဆို
နှင်းကျဖို့လည်းမ​မျော်​လင့်
ခြောက်​​သွေ့စွာနဲ့
နွေကိုပဲအ​ဖော်​ပြုပြီး​နေပါ့မယ်​...။

ထွန်းလင်း​အောင်
ကသာ

ဥယျာဉ်မူးပန်းမခူးရ 🎄💝 ပန်းသခင်

ဥယျာဉ်မူးပန်းမခူးရ

မျိုးစေ့မှန်မှ အပင်သန်လှ
ယုယစိုက်ပျိုး ပန်းမာလာ
ငုံရာမှဖူး ဖူးရာမှပွင့်
ရှု့တိုင်းမြင်ရအလှသရဖူ
ပန်းမာလာရေ....
လူတကာရဲ့ဆံကေသာပေါ်
ဝဲခို စီးမျောလိုက်ပါလျက်
နေညိုချိန်တော့ နွမ်းလျပျော့ခွေ
မြေခရပြီ ပန်းမာလာရေ....
ဥယျာဉ်မူးဘဝ မြင်သာမြင်
မခူးရက် မပန်ရက်နဲ့
မွေးစေ.... လှစေ....ပန်းမာလာရေ
ယခုဘ၀ပန်းကောင်း.....
အညွန့်မကျိုးပါစေနဲ့​နော်​.....

ပန်းသခင်
ငသခအုန်းတော (ယခင်)အလကတာဥိး

Monday, August 3, 2015

💋ရင်​ထဲကစကား💋 ဆည်းဆာ{ဟင်္သာတ }

💋ရင်​ထဲကစကား💋

တ​နေ့တခါ မ​တွေ့ရရင်​မ​နေနိုင်​သူ
နေ့တိုင်းပဲမြင်​ချင်​​နေတာ မင်းမျက်​နှာ
ချစ်​​နေ​တော့လည်း
အရိပ်​တကြည့်​ကြည့်
ဖွင့်ပြောဖို့ကလည်းရင်​မှာ တဒိတ်​ဒိတ်
ချစ်​ခြင်း​မေတ္တာရင်​မှာ သိမ်းဆည်းထားလည်း
ရင်​ထဲမွန်းကြပ်​​ကြေကွဲခံစား
ချစ်​ခြင်းတရားကို မခံစားနိုင်​လို့သာ
ဖွင့်​ဟလိုက်​ရတာပါချစ်​သူ

ဆည်းဆာ{ဟင်္သာတ }

ပေးဆပ်ရင်းရှင်သန်ပါ....🚶 အငယ်

ပေးဆပ်ရင်းရှင်သန်ပါ

ကိုယ့်စိတ်ကိုတောင်....
အစိုးမရနိုင်မှတော့....
ဘာတွေကိုသွားပြီး.....
စိုးမိုးထားချင်သေးလဲ။

အချစ်ဆိုတာမျိုးက
ကိုယ့်စိတ်ထင်ပြောရရင်...
ပေးဆပ်နေတာပိုကောင်းမယ်။

ရယူပိုင်ဆိုင်ချင်နေသရွေ့တော့....
သောကနဲ့မျက်ရည်မိုးကြားက
ဘယ်တော့မှရုန်းထွက်နိုင်မှာမဟုတ်ဘူး။

အငယ်

Sunday, August 2, 2015

.🌋​ကျေနပ်​စွာချစ်​​နေမယ်​ 🌋 ဆည်းဆာ (ဟင်္သာတ)

.🌋​ကျေနပ်​စွာချစ်​​နေမယ်​ 🌋

ဘယ်​ဘ၀ရဲ့အငြိုးနဲ့များ
ကံကြမ္မာက ငါ့ကိုရက်​စက်​​နေလည်းမသိ
ငါဘယ်​သူ့ကိုမှ
နာကျင်​,ခံစားရ​အောင်​ ​မလုပ်​ခဲ့ပါဘူး
ငါ့ရင်​ထဲကခံစားချက်​ကို
မင်းနားလည်​​အောင်
ဖွင့်​​ပြောဖို့ ကြံရွယ်​လိုက်​တိုင်း
ကံကြမ္မာက ငါ့ကိုတားဆီးထားတယ်
ရက်​စက်​လိုက်​တာကံကြမ္မာရယ်
ငါမင်းကိုချစ်​ခဲ့မိတာ
ဝဋ်​ကြွေးတခုဆိုရင်​လည်း
ငါ​ကျေနပ်​စွာနဲ့ဆက်​ချစ်​​နေမှာပါ
ငါ​ပေးဆပ်​ရမဲ့ ၀ဋ်​​ကြွေး
ကုန်​ဆုံးတဲ့တ​နေ့ကြရင်​​တော့
ငါ​မျှော်​လင့်​ထားဆုံးအချစ်​ဗိမာန်​​လေးကို
ပို်​​​င်​ဆိုင်​ခွင့်​ရမယ်​လို့​မျှော်​လင့်​ပါတယ်​ ...

ဆည်းဆာ (ဟင်္သာတ )

နင့်​အတွက်​မံမံ 🌺🌺 မိန်းမမုန်းသူ

နင့်​အတွက်​မံမံ

နှလုံးသားကို game လိုကစား
အချစ်ကို P.K လိုဝါးပြီး
အချိုသကာကုန်မှ
ထွေးထုတ်ခဲ့တဲ့ နင့်အတွက်
အပျင်းပြေကစား
ကြိုက်တာဝါးဖို့ 
ရော့ ကောက်ရိုးစား

မိန်းမမုန်းသူ

ထာဝရ 🌐 ဆည်းဆာ {ဟင်္သာတ }

ထာဝရ
လွမ်းလိုက်​တာရင်​ထဲ
သတိရတယ်​မင်းကို
နင်​ထားခဲ့​ပေမဲ့လည်း
စိတ်​မနာနိုင်​ပါဘူး
ထားရစ်​ခဲ့သူမင်းတ​ယောက်
ပျော်​ရွှင်​နိုင်​ပါ​စေကွယ်

ဆည်းဆာ {ဟင်္သာတ }

ထွက်​သွားပါ ငှက်​ငယ်​ 🌺🍁 ထွန်းလင်း​အောင်​ (ကသာ)

ထွက်​သွားပါ ငှက်​ငယ်

အသီးမသီး အရွက်​မ​ဝေ
မပွင့်​မဖူး စိမ်းလန်းမှုလည်းမရှိ
ရိုးတန်​ ခက်​တန်​ အပြိုင်​ပြိုင်​နဲ့
ပူပြင်​တဲ့ ကန္တာရ ​နွေအလယ်​မှာ
အပူဒဏ်​ကို အန်​တု
ထု​ထောင်းမှု ​လောကဓံကို
ကြံ့ကြံ့ခံရင်​ဆိုင်​​နေရတဲ့
ငါ့ဘ၀ သစ်​ပင်​မှာ
မင်းအတွက်​ ​ပျော်​ရွှင်​မှုဆိုတာ
ရှိမှာမဟုတ်​ဘူးငှက်​ငယ်
တိတ်​ဆိတ်​ခြင်း ကိုအ​ဖော်​ပြု
အထီးကျန်​ဆန်​မှု​တွေနဲ့
ငါ့ဘ၀က ​နေသားကျ​နေပါပြီ
ဒါ​ကြောင့်
ထွက်​သွားပါ ငှက်​ငယ်
ထွန်းလင်း​အောင်​ (ကသာ)

Thursday, January 8, 2015

အချစ်ဆုံးသူငယ်ချင်း 💞 မနွယ်(မိုးညို)

အချစ်ဆုံးသူငယ်ချင်း
ချစ်ခြင်းရဲ့ အခြားတစ်ဘက်မှာ အမုန်း
အမုန်းရဲ့ အခြားတစ်ဘက်မှာ အချစ်
ဒါ့ကြောင့်....ချစ်ခြင်းမုန်းခြင်း မရှိဘဲ
ဖြူစင်တဲ့ သံယောဇဉ်တွေနဲ့
တစ်ဦးကိုတစ်ဦး ထာဝရချစ်သွားမယ်
သူငယ်ချင်း

ရှင်သန်ခြင်း 💓 (မြေစာ-ကောလင်း)

ရှင်သန်ခြင်း
… … … … …
ဖွင့်ဟမပြောနိုင်တဲ့အချစ်ရဲ့
ပြင်းပြတဲ့ဝေဒနာတစ်ခုလို့
နွေဦးရာသီရဲ့ ပန်းကလေးတွေ
ပေါက်ကွဲဖူးပွင့်လာခဲ့တယ်။

သူတို့ရဲ့
ထွက်သက်ဝင်သက်နဲ့အတူ
ကိုယ့်ရဲ့ ဟောင်းနွမ်းနေတဲ့နေ့ရက်များက
သီချင်းလေးတွေကို ပြန်အမှတ်ရလာတယ်။

ရုတ်တရက်
ကိုယ့်နှလုံးသားဟာလည်း
အလိုဆန္ဒရွက်နုသစ်တွေ
ဝတ်ဆင်လို့ပါလား ။

(မြေစာ-ကောလင်း)

မ သိပါစေ...... တောင်ကြီးသား စိုင်းနော်ဦးပါ

မ သိပါစေ......

ချစ်သူမင်းကိုသတိရတဲ့အချိန်တိုင်း
ငါ့တောက်ခေါက်မိရင်
ငါလျှာဖျားတွေအသားမာတက်လောက်တယ်
မင်းအကြောင်းတွေစဉ်စားမိတဲ့
အမှတ်သညာအနေနဲ့
ရေကန်ထဲကိုခဲလုံးတွေပစ်ချခဲ့ရရင
်ရေကန်ပျောက်ဆုံးလို့
ကျောက်တောင်ကြီးဖြစ်သွားလောက်တယ်
ကံမကောင်အကြောင်းမလှလို
ငါတို့ဝေးခဲ့ရင်
အဲဒီကျောက်တောင်ပေါ်မှာငါထိုင်ပြီး
တောက်ခေါက်နေမှပါချစ်သူ။

တောင်ကြီးသားစိုင်းနော်ဦးပါ

ချစ်သူသို့...... ဆုသက်အောင်

ချစ်သူသို့......

သူကိုယ့်အနားရှိစဉ်တုန်းက
ပျော်ရွှင်ကြည်နူးခဲ့ရတယ်
အဝေးကိုသွားဖို့သူနှုတ်ဆက်မှ
ခွဲခွာရဖို့ကြောက်ရွံ့နေမိတယ်
ဒါပေမဲ့ချစ်သူရယ်
တစ်နေ့နေ့ဆိုတဲ့အချိန်တစ်ခု
မင်းနဲ့ငါ့ကြားရှိလာခဲ့ရင်တော့
မင်းတစ်ယောက်အတွက်သာ
ရည်ရွယ်ထားတဲ့ချစ်တယ်ဆိုတဲ့
စကားတစ်ခွန်းပြောချင်ပါသေးတယ်
သစ္စာတရားသာရှိခဲ့မယ်ဆိုရင်
တို့နှစ်ယောက်ဆုံစည်းကြမှာပါ

ဆုသက်အောင်(ထိန်တော-မိုးညို)

ချစ်ညီလေး 💫 နေမင်းခန့်

"ချစ်ညီလေး"

ရက်တွေကြာညောင်း
နှစ်တွေပြောင်းလည်း
ချစ်ညီလေးကို
မမေ့ပါဘူး....

ရွှေအညာမြေမှ ပခုက္ကူ
အမှတ်တရ

အိပ်​မက် 💏 ဥယျာဉ်မှုး (​ရွှေဘို)

အိပ်​မက်

ဘယ်​မှာဖြစ်​ဖြစ်
တွယ်​တာရစ်​ငင်
ထာဝရထင်​​သော
ရင်​ထဲမှာအရိပ်
စွဲလန်းစိတ်​ဖြင့်
အိပ်​မက်​တိုင်းမှာ
ရှိ​နေတယ်​။

အနမ်း (၃) ဥယျာဉ်မှုး ( ​ရွှေဘို)

အနမ်း (၃)

တစ်​နယ်​စီ​ဝေးခဲ့​ပေမဲ့
မင်း​ပေးခဲ့တဲ့
နှင်းဆီ​ရောင်​နှုတ်​ခမ်းအနမ်း​လေးကို
ကိုယ့်​နှလုံးသားမှာ
မန်မ်းထာဝရ
သိမ်းထားပါ့မယ်​။

Wednesday, January 7, 2015

ဝိုင်းဝန်း​စောင့်​​ရှောက်​ကြစို့....🔫🔪💣 ​နေမျိုးသာကီ{မြို့မ}

ဝိုင်းဝန်း​စောင့်​​ရှောက်​ကြစို့

အ​နောက်​စည်းတဝိုက်​၊ ​ခေါင်းငိုက်​စိုက်​ခါ
ကျွဲမိုက်​တသင်း၊ ​ဝှေ့ရမ်းခြင်းနှင့်
မာန်​တင်း၍ကား လာ​ချေပြီ။
သူ့​မြောက်​စူးစူး၊ ​တောဝက်​ရူးက
စပ်​ကူးမတ်​ကူး၊ အသွင်းထူးနဲ့
အထူးတလည်​ သူချယ်​လှဲပြီ။
ရွာသူရွာသား၊ အို လူများတို့
တုတ်​ဓားပုံယူ၊ ဉာဏ်​ဆူဆူနှင့်
တို့မူလ​မြေ၊ မပြယ်​​လေ​အောင်
မ​နှေးယခု၊ အလျဉ်းပြု​လော့။ ။

နေမျိုးသာကီ{မြို့မ}

ထာဝရမိုးကောင်းကင် 🎄 (ဆလိုင်းမိုးတိမ်တမာန်)

(ထာဝရမိုးကောင်းကင်)

တကယ်တော့......
မိုးကောင်းကင်ဟာ
တည်ငြိမ်မှုလေးနဲ့
ပြောင်းလဲခြင်းမရှိဘဲ
ငြိမ်းချမ်းမှုအဖြစ်နဲ့
ထာဝရကိန်းဝပ်နေတဲ့
ဆလိုင်းရင်ဘတ်ထဲက
ကဗျာတစ်ပုဒ်ဆိုရင်...
မှားမယ်မထင်ခဲ့ပါ ။

(ဆလိုင်းမိုးတိမ်တမာန်)

မဖြစ်စေနဲ့...... သစ္စာ

မဖြစ်စေနဲ့......

မြန်မာ မြန်မာကိုမချစ်တတ်သူ
မှန်ရာ မှန်ရာကိုပုတ်ခတ်သူ
အူတူတူ အ,တတနဲ့
သူများတကာမှိုင်းချက်
နှိုင်းဖတ်လို့လိုက်တတ်ပုံကအစစ
လွပ်လပ်သူအခွင့်ရေး
ရယူချင်သူ့အတွေးတွေနဲ့
အမျိုးကာကွယ်ဖို့လည်း
လူ့အခွင့်ရေး
ဘာသာသာသနာကာကွယ်ဖို့လည်း
လူ့အခွင့်ရေး
နိုင်ငံကာကွယ်ဖို့လည်း
လူ့အခွင့်အရေး
ဟိုနေရာအော်
ဒီနေရာအော်
မတည့်မတော်တာတော့မမြင်
အတည်စော်ကားပင်
ဝါးမျိုတော့မယ့်
မြွေမိစ္ဆာရန်သူကို
အတူတူလမ်းဖွင့်ကာပေး…
ပေးချင်တိုင်းပေးရော့
ကိုယ့်အမျိုးကိုယ်မှသစ္စာမရှိကြတော့။

သစ္စာ

စိတ် 🎄 ချစ်လွမ်းရတီစိုးထိုက်

စိတ် 🎄 ချစ်လွမ်းရတီစိုးထိုက်

အချစ်ဆိုရင်.....
ပုထုဇဉ်လူသားများ
အာလုံး အားလုံး စိတ်ဝင်စား
အချစ်တစ်ခုတည်းဖြင့်
အရာရာကို
ဖန်တီးမပေးနိုင်ဘူးနော်

အနန္တငါးပါး ဦးထိပ်ဝယ်ထား 🎄 ချစ်လွမ်းရတီစိုးထိုက်

အနန္တငါးပါး ဦးထိပ်ဝယ်ထား

#ဘေးဆိုးကင်းကွာ
ချမ်းသာရအောင်
မြတ်ဘုရားကို
ယုံကြည်ကွယ်!!!

#ရန်ဆိုးကင်းကွာ
ချမ်းသာရအောင်
မြတ်တရားကို
ကျင့်ကြကွယ်!!!

#ဒဏ်ဆိုးကင်းကွာ
ချမ်းသာရအောင်
မြတ်သံဃာကို
လေးစားကွယ်!!!

#လောကလူ့ ရွာ
ရောက်သည့်ခိုက်မှာ
မိနှင့်ဖကို
လုပ်ကျွေးကွယ်!!!

#အသိ လိမ္မာ
ပညာရအောင်
ဆရာစကားကို
နားထောင်ကွယ်!!!

#မရေတွက်နိုင်
ကျေးဇူးများလို့ 
အနန္တငါးပါး
ဦးခိုက်တကယ်!!!

ချစ်လွမ်းရတီစိုးထိုက်
ဖောင်းပြင်

လက်ဦးဆရာ 💏 လရောင်

လက်ဦးဆရာ

ဆေးရောင်ခြယ် ပန်းသွယ်သွယ်ထက်
ရနံ့ကောင်မြတ် ပန်မဉ္ဇူထက်
လှပကျော့ရှင်း ရနံ့သင်းအောင်
ပြုပြင်ပေးတတ် ပန်းပျိုးလက်က
လက်ဦးဆရာ မွေးမာတာတည်း

လရောင်

အောင်မျိုးချစ်(ပလက်ဝ) ''ပုန်းရှောင်သူ သို့''

မေတ္တာတွေပေးပြီး
ပစ်ခွါသွားသူရေ
အသစ်ရှာမယ်ဆိုလည်း
ချစ်တာကအဓိကပါ
သစ္စာရေတွေနဲ့
နှစ်ကာသွားခဲ့ပြီးမှ
အပြစ်ရှာ နေလည်းအပိုပါပဲ
လစ်ဟာ ဆဲနှလုံးသားကို
ရစ်ကာ အလွမ်းတွေနဲ့
မနစ်နာ စေချင်တော့ဘူး ချစ်သူ.....။

မျှော်လင့်ဆဲ.... အောင်မျိုးချစ်(ပလက်ဝ)

မျှော်လင့်ဆဲ

အပြုံးမပျက် ချစ်ခဲ့တာတောင်
အဆုံးသတ်မှာ..
အမုန်းဖက်ခဲ့ရသူပါ
အရှုံးအမြတ် မတွက်တော့ပါဘူး
ပခုံးထက် ပြန်မှီလှည့်ပါ
မဆုံး(သေးတဲ့)ဇာတ်အတွက်
နှလုံး(သား)မအက်ပါရစေနဲ့...ချစ်သူ

Monday, January 5, 2015

ချစ်သူ သိစေ...💑 ဆုသက်အောင်

ချစ်သူ သိစေ...

အရမ်းလွမ်းတယ်ချစ်သူရယ်
မင်းမရှိတဲ့နေရာတစ်ခုမှာ
ငါရှင်သန်နေရတာ
ပင်ပန်းလွန်းပါတယ်
အနားမှာအမြဲရှိစေချင်ပေမဲ့
ကံကြမ္မာရဲ့စီရင်ချက်အောက်မှာ
အရမ်းချစ်တဲ့ငါတို့နှစ်ယောက်
ဝေးကွာနေရတယ်
ဒီအချိန်လေးတွေ
မင်းငါ့ကိုပုံမှန်သတိရပေးပါ
နောက်တစ်ယောက်မရှာပါနဲ့
နေကောင်းအောင်နေပါ
သတိရတဲ့အခါဖုန်းဆက်ဖို့မမေ့ပါနဲ့
ငါ့ကိုလည်းစိတ်ချထားပေးပါ
မင်းသာငါ့ဘဝမိုလို့ပါချစ်သူ
မင်းကိုဆုံးရှုံးရမှာကြောက်လွန်းတဲ့သူမို့
ငါတစ်ယောက်တည်းကိုသစ္စာရှိရှိချစ်နေပေးပါ
ငါအရမ်း ချစ်လို့ပါချစ်သူရယ်

ဆုသက်အောင်(ထိန်တော-မိုးညို)

အချစ်တဲ့လား....💏 ဆုသက်အောင်

အချစ်တဲ့လား....

တစ်ခါတစ်လေ....သတိရတဲ့အခါ
စိတ်ကူးထဲရောက်ပြီး....မေ့နေတဲ့အခါ
အပေါင်းအသင်းနဲ့....ပျော်ရွှင်မြူးထူးလို့
ချစ်သူဆိုတာ.....အတွေးထဲမှာတောင်မရှိဘဲ
တွေ့တဲ့အခါမှ.....တီတီတာတာစကားတွေနဲ့
လွမ်းပြတက်တာ
ယောကျာ်းတစ်ယောက်ရဲ့အချစ်တဲ့လား

ဆုသက်အောင်

နိမ့်ပါးသူမို့လား.... ဝေလင်းခန့်

အသွင်မတူတဲ့
ဘဝနှစ်ခု အယူခံဝင်မရ....
သဘောထားမတိုက်ဆိုင်
ပြောစကားတိုင်းအရာမသွင်းတာနှစ်ယောက်
ဘယ်လောက်ထိ မြဲမလဲ

ကွာခြားတဲ့စရိုက်
မတူညီတဲ့ အနေထားကြား
ဘယ်သူကမှ မရှော့
ဘာပြောမလဲ ဘူးကလန်
လာမပြောနဲ့  များတာစကား
ငါဘဝ နိမ့်ပါးသူမို့လား

ဝေလင်းခန့် 
pku

ချစ်တာအပြစ်ဆိုရင်.... ဝေလင်းခန့်

ချစ်တာအပြစ်ဆိုရင်....

ကမ္ဘ္ဘာသစ်မှာမှ အပြစ်ပေး
ငါဘဝ တည်ငြိမ်ဖို့ 
ကြိုးစားလိုနေပါလဲ
တချို့တချို့တွေက
တွင်းပိုနေတာ အမှောင်ကိုပါ
ယောင်လိုပါဆိုပြီး တောင်းပန်မလိုပါ
ဒါပေမဲ့ နောက်ကျ
နှလုံးသားမှာ သူရောက်နေပြီ
မရိုးသားတဲ့အချစ်မို့ 
ပြင်မလိုနေတုန်း
သူဘက်က မုန်းသွားပြီ
ရှုံးပေမဲ့ ပြုံးနေလျှက်ပါ
မုန်းပေမဲ့ ချစ်နေလျှက်ပါ
ဒါကြောင့် လက်မလျော့ပါရစေနဲ့ 
ကံကြမ္မာ

ဝေလင်းခန့်  pku

ကိုရယ်.... Mee Mee(pyay)

ကိုရယ်....

ကိုအပြစ်ယူချင်လည်း ယူနိုင်တယ်
ကို့ကိုချစ်တယ်
ကို့ကိုပိုင်ဆိုင်ချင်တယ်
မီးကလွဲပြီး ကို့မိသားစု
အကြောင်းတောင် မတွေးပါနဲ့....

Mee Mee(pyay)

သူသာသိရင်သိပ်ကောင်းမှာပဲ... (ဆလိုင်း မိုးတိမ်တမာန်)

(သူသာသိရင်သိပ်ကောင်းမှာပဲ)

ခင်မင်တွေ့ဆုံ သူနဲ့ဆုံမှ
ပျော်ရွင်ကြည်နူး ဖြစ်ခဲ့ဖူးလည်း
လတန်ခူးရောက် ပန်းပိတောက်ပွင့်
တောရွာကိုလည်းလွမ်း သူ့လည်းလွမ်းနဲ့
ချာချာလည်ခဲ့ ငါ့ဖြစ်ပျက်ကို
သူသာသိရင်သိပ်ကောင်းမှာပဲ.....

(ဆလိုင်း မိုးတိမ်တမာန်)

မေ သို့... tawtar(tgi)

မေ သို့...

မနမ်းခင်းက
လွမ်းနှင့်​သူပါ​မေ
လွမ်းမယ်​ကြံကာရှိ​သေးတယ်
အသည်းကကျွမ်း​နေပြီ...။

tawtar(tgi)

အလွမ်းဖွဲ့ ရှု့မျှော်ခင်း 💘 အညတရ

အလွမ်းဖွဲ့ ရှု့မျှော်ခင်း

နံရံဖွဲ့အခန်းကျဉ်းလေးထဲမှာ
လွတ်မြောက်ပြေးထွက်ဖို့
ဒီကောင်းကင်ပြာကြီးအောက်မှာ
မင်းရှိရာအရပ်ကို
ခဏခဏရပ်ပြီးငေးကြည့်မိတဲ့ငါ
လွမ်းစရာနဲ့ခေါက်ရိုးကျိုး
ညနေတွေထဲ ပြိုကျလု
တိမ်ဆိုင်းကအရိုးစွဲနေတဲ့
မျှော်လင့်ခြင်းမှာချစ်ခြင်းဖွဲလို့။

တုပ်နှောင်ထားတဲ့သတိရမူမှာ
ဖာထေးမရတော့တဲ့
အလွမ်းတွေတစ်နေ့တစ်ခြား
တမ်းတမ်းတတမပျော်ပိုက်ခြင်းတွေထဲ
သွန်ချတဲ့အခါအပိုင်းအစအဖြစ်
ပြိုကျလာမဲ့ရှု့မျှော်ခင်းကို
အဝေးထိုင်ကြည့်ငေးမောရုံလေးပါ။

အညတရ

အသက်မဲ့အလွမ်းများ

အသက်မဲ့အလွမ်းများ

လရဲ့ဖြန့်ကြက်ဆိတ်ငြိမ်ခြင်းမှာ
လွင့်ပျံ့ လာတဲ့ နင်အရိပ်တွေနဲ့
ဦးတည်ရာမဲ့ လွင့်ပါးငေးမောလို့။

ဒီအခန်းထောင့်ကျဉ်းလေးထဲ
လရိပ်ဝေတဲ့ လွမ်းဆွတ်မူမှာ
သိုသိပ်ထားတဲ့ငါညတွေက
အလွမ်းတို့နဲ့နှောင်ဖွဲ့လို့။

ငါအိမ်မက်တွေနှလုံးသားရဲ့
ထာဝရတိတ်ဆိတ်မူမှာ
မမေ့မပျောက် ချစ်သူကိုယ်စား
အလွမ်းတွေအဖြစ်မွှေးမြရစ်ပတ်
ချည်နှောင်လို့။

တကယ်တော့
နှလုံးသားချုပ်ရိုးပေါ်က
အမာရွတ်တွေနဲ့ထုဆစ်မူ
အရင်းမြစ်ကိုချပြဖို့တွေ့ဆုံ
နွေးထွေးမူစာမျက်နှာထဲ
သတိရလွမ်းမိတိုင်းမှာ
မျှော်လင့်ချက်မဲ့ဘဝကဘာမှာ
ပြည့်စုံမူမရှိတော့တာတစ်ခုထဲပါ
ချစ်သူရယ်။

ထုံးဖွဲ့ရှင်သန်မူများ🎉 အညတရ

ထုံးဖွဲ့ရှင်သန်မူများ

အက်နေတဲ့ထုံးဖွဲမူမှာ
ကြိတ်မှိတ်ဖြည့်စွက်ဖို့
စိတ်တ္တဇနဲ့လွမ်း စိတ်တစ်ခု။
သူရှိရာဆီကိုဒီအတိုင်းဖြတ်လာခဲ့လည်း
ပုံရိပ်တွေဝေဝါးဝါးမြင်ခွင့်မရတဲ့ဘဝက
အဝေးမှုန်လို့။
ဒီမျက်ဝန်း ဒီပုံရိပ်ကအသိစိတ်မှာ
ဖြတ်ခက်တဲ့ကြိုးနဲ့
တင်းကျပ်ချည်နှောင်တော့
သေချာတာတစ်ခုက
တမြေ့မြေ့သိပ်သည်း
နာကျင်မူမှာဒီလိုစောင့်စား
ဆာလောင်သတိရမူကို
မျိုချခဲ့တော့လိုရာမရောက်တဲ့
ဝမ်းနည်းမူနဲ့သာ စာမျက်နှာ
အသေတစ်ခုလိုသေချာဖွင့်ခဲ့ရ
ဒီလိုညနေတွေ ဒီအသက်
ရှင်သန်ခြင်းတွေမှာ။

အညတရ

အခွင့်အရေး 🎅 နွေဦး

အခွင့်အရေး

အနမ်းမရပဲ အလွမ်းညရာထောင်
အလှမ်းဝေးကွာ ဆွေးဗျာပါကြွယ်
သောကပုလဲ နွေးနေဆဲ။
ရင်မနာသင့်ပေမဲ့ နာကျင်ရတယ်
ချစ်ခွင့်ရလည်း ဖွင့်ဟခွင့်မရှိ
ချစ်ပြခွင့်နတ္ထိပါ။
အချစ်ကစ္စမှာ ပြောရေးဆိုခွင့်
ဆုံးရှုံးနေသလို မချစ်သင့်တာသိလို့
နှလုံးသားကို
အချစ်ထံမှ မျက်နှာလွှဲ
သြော်....ပုလဲလေးတွေ
ကြွေကျနေတုန်းပါလား ။

နွေဦး

နောင်တမျက်ရည်

နောင်တမျက်ရည်

အမေမရှိလေတော့
ဖြေမချိလွမ်း နေထိပန်းနှယ်။
ရင်မှာပူပြင်း မီးတောင်ထွန်း။
မဟာဂုဏ်ထူး များကျေးဇူးကို
တစ်မုစာမျှ မဆပ်ရခဲ့။
ရင်မှဖြစ်သွေး တစ်စက်လေးမျှ
မကျေရလို့ နောင်တနှင့်လွမ်း
ငိုမခန်းတော့။
မွေးမိခင်များ ဂုဏ်ပြုထားမှတ်
လပြည့်ရက်က သားလက်ကိုတို့
ငိုဖို့ပြောနေ မျက်ရည်တွေနဲ့ပါ
အမေရယ်....။

နွေဦး

စိတ်၏ ဖြေရာ ၆. 🎄 နေဆည်းဆာ

စိတ်၏ ဖြေရာ ၆

မိုးဝဿာန် ချိန်ခါနောင်းလို့
ဆောင်းတွင်းကို ရောက်ခဲ့ရင်
ဆီးနှင်းဖြူ တလူလူပြန်သည်
နောင်းဝဿာန် ဒီမိုးဖွဲက
သေရွာပြန်စွေနေပြန်သည်
နေမင်းရယ် ဘယ်ဆီခိုလို့
ရှောင်ခွါကာ
တမင်ပုန်းရက်တယ်
အိုကွယ် လွမ်းလှတယ်

နေဆည်းဆာ ဖောင်းပြင်

ဘဝရထား🎄 ပန်​​သော်​တာ (နမ့်​စန်​)

ဘဝရထား

ခု့ချိန်​ထိ​ပေါ့..
ဘီး​ပေါက်​ရထားတစ်​စင်း​ပေါ်မှာ
လေထိုးတံရှာ​နေတုန်းပဲ

ကမ္ဘာကြီးက ငါ့ကို
ဥ​ပေက္ခာပြုရက်​လိုက်​တာ
မတ်​တပ်​​ခြေတ​နေရာစာအတွက်
လမ်း​ဘေးက​ပေ​စောင်း​စောင်းမီတိုင်​နဲ့
စစ်​ခင်းခဲ့ရ

ညဉ့်​မိုက်​ည​တွေမှာ
ဆီခမ်းလုဖ​​ယောင်းတိုင်​မီးက​တောင်
ပြန်​သနားရတဲ့ဘဝရဲ့အမွဲဇယား
ကွက်​​ကျော်​​ရွေ့ဖို့
ဘယ်​ညာလက်​တို့အားမာန်​ယူရင်း
ညရထားတစ်​စင်းနဲ့
ထွက်​ခွာခဲ့ပြီ

ဘူတာသုံးဆယ်​​ရောက်​​တော့
မျက်​နှာချင်းဆိုင်​က​ကောင်​မ​လေး
ကျွန်​​တော့​ခေါင်း​ပေါ်က
ကြာဇံမျှင်​​တွေကို​ရေလို့​တောင်​ပြီး​ရော့မယ်

ရထားက​တော့မီးခိုးတလူလူနဲ့ခုတ်​နှင်​​နေဆဲ
အကိုကကဗျာဆရာလားတဲ့
ဟုတ်​ကဲ့.....
အသုဘဖိတ်​စာ​တွေမှာ​တော့
ကော်​ပီကူးချဖူးပါတယ်

ဒါဆိုအ​တော်​ပဲ
ညီမအတွက်​တစ်​ပုဒ်​​လောက်
ရေး​ပေးပါ​နော်​တဲ့
ဟုတ်​ကဲ့ ​ခေါင်းစဉ်​သာ​ပြောပါ
(မဆန်း​​သော​သေခြင်း) ဆိုပါလား
ဘုရားဘုရားငါရထားမှားစီးမိပြီတူပါရဲ့
နံရံကနာရီကြည့်​လိုက်​​တော့
ဒီညလည်း
ငါတစ်​​ယောက်​ထဲပါပဲလား...

ပန်​​သော်​တာ (နမ့်​စန်​)

အနမ်းမဲ့ပန်း 💝 ပန်​​သော်​တာ (နမ့်​စန်​)

အနမ်းမဲ့ပန်း

သူမရဲ့​ခေါင်း​ပေါ်မှာ
တောပန်း​လေးတစ်​ပွင့်
အဖြူ​ရောင်​ချည်းချည်းမို့
ဒါဟာ..
တောသူမရဲ့အလှတရားနဲ့
ရိုးသားမှုဂုဏ်​ကို ပနံမျှခဲ့
အချစ်​ရှိပြီလားလို့​မေး​တော့
ခေါင်း​ပေါ်ကပန်းကိုကြည့်​ပါရှင်​တဲ့
ဝမ်းသာစိတ်​နဲ့ကြည့်​လိုက်​​တော့
သူမရဲ့​ခေါင်း​ပေါ်မှာ
အရိုင်းထည်​ဇလပ်​ပန်း​လေးတစ်​ပွင့်​....


ပန်​​သော်​တာ (နမ့်​စန်​)

သူတစ်ပါးကိုဆုးံမလိုလျှင်……လမင်းထက်

သူတစ်ပါးကိုဆုးံမလိုလျှင်……လမင်းထက်
~~~~~~~~~~~~~~~
သူတစ်ပါးကိုဆုံးမသောနည်းအတိုင်း
မိမိကိုယ်တိုင် ယဉ်ကျေးပြီးသော်မှသာ
သူတစ်ပါးကို ဆုံးမရာ၏
မိမိကိုယ်ကို
ယဉ်ကျေးအောင်ဆုံးမရခြင်းသည်
ခဲယဉ်းလှစွာတကား

လမင်းထက်

ချစ်သူမရှိတဲ့ည.....လမင်းထက်

ချစ်သူမရှိတဲ့ည.....လမင်းထက်
~~~~~~~~~~~~
မင့်ကိုတမ်းတ လွမ်းခဲ့ရ
ဆွေးရရက်တွေ လွမ်းရက်ရှည်
မင်းကိုတမ်းတ ဆွေးခဲ့ရ
လွန်းရရက်တွေ ဆွေး
ရက်ရှည် တမ်းတမ်းတတ
လွမ်းခဲ့ရ ချစ်သူမရှိတဲ့ည
တမ်းတ လွမ်းရ ဆွေးခဲ့ရ
ဒုက္ခများစွာခံစားရ ချစ်သူ
မရှိတဲ့ည....
~~~~~~~~~~
လမင်းထက်

သူ့အပြော~~လမင်းထက်

သူ့အပြော~~လမင်းထက်
………………………
ကိုယ့်ကိုလွမ်းရလွန်းလို့
ကျွန်မ နာမည်အလွမ်းပါတဲ့
ဝေးရာကိုပြစ်ခွာမသွားပါနဲ့တဲ့
တစ်လောကလုံး ကိုယ့်ကို
တာအချစ်ပါတဲ့
သြော်......
ခုတော့ ဒီအပြောလေးတွေ
အတိတ်များမေ့သွားရော့လေသလားလို့
မေးချင်တယ်ဗျား?
တစ်ချိန်က အချစ်ဆုံးပါဆိုတဲ့
ကိုယ့်ကို ဘာ့ကြောင့်
အဝေးမှာပြစ်သွားခဲ့တာလည်း
ကိုယ့်အချစ်က VCD ထဲက
ကိုယ်ပေါလိုအချစ်မျိုးလား
မေးပါရစေဗျား...
~~~~~~
လမင်းထက်
ခရမ်းရေ....

ငါ့အတွက်အချစ်ဆိုတာ
ဆုံစည်းခွင့်မရခဲ့ရင်တောင်မှ
ပျောက်ကွယ်သွားနိင်တဲ့
အချစ်မဟုတ်ပါဘူး

တကယ်ချစ်မိပြီဆိုရင်တော့
သူ့ ပြန်မချစ်လဲ ကိုယ်ကချစ်နေဖို့ပဲ
အရေးကြီးတာပါ...

ငါမရလို့ သူ့ကိုမချစ်နိင်တော့ဘူးဆိုတာဟာ
အဲဒါ...တကယ်အချစ်စစ်မဟုတ်ပါဘူး

ဒါကြောင့်.....ခရမ်းရယ်
ငါကတော့ မင်းကိုပိုင်ဆိုင်ခွင့်ရမှ
ဆက်ပြီးချစ်နိုင်မယ့် အချစ်မျိုးတော့
မဟုတ်ဘူးဆိုတာ....မင်းယုံပေးပါ ကွာ

ပိုင်ဆိုင်ခွင့်မရရင်တောင်မှ
ငါနောက်ထပ် ဘယ်သူ့ကိုမှ
ပေးစရာမရှိတော့အောင်
နင့်ကိုဆက်ပြီး ချစ်နေတော့မှာပါ ငါ့ဘဝရဲ့နေညိုချိန်ထိပေါ့.....

( အသေးလေး~~ ရွှေလေး ကြို့ ကုန်း ){ခရမ်းအတွက်##A M M}

ငါ့အဖြစ်.... အောင်ကောင်းကင်

ငါ့အဖြစ်

နင်အခြားကောင်လေးတစ်ယောက်နဲ့
အဆင်ပြေနေတယ်လို့ကြားတော့
စွန့်လွတ်ခြင်းနဲ့အတူ
ပထမဆုံးဝမ်းသာနေမိတာက
ငါပါကောင်မလေးရယ်
သူ ငါ့လောက်မချစ်မှာကို
တွေးပြီး ရင်မောနေမိပြန်တာလဲ
ငါပါပဲဟာ ငါ့ဘဝဟာ
နေသာပေမယ့် နင့်အတွက်
မရေရာမှာကိုတွေးပြီး
ရင်မောမိပြန်တယ်ကောင်မလေးရယ်

အောင်ကောင်းကင် နတ္တလင်း

မထူးသောပြယုဂ် 💑 လမ်းပြကြယ် ဘဝတက္ကသိုလ် ။

(မထူးသောပြယုဂ် )

သာယာမှုကိုရှာတာမဟုတ်ဘူးဆိုပေမဲ့
မသာယာတဲ့ ငါ့ဘဝကမ်း
လက်ရမ်းပြသွားတာ မင်းပါချစ်သူ

အချစ်ဆိုတာ....ကို
ရှာပုံတွေကလည်းစုံသား
ကိုယ့်ချစ်ကိုရှာ ဆိုလား
သူ့ချစ်ကိုရှာဆိုလား

ဘာပဲဖြစ်ဖြစ်.....
သူချစ်ကိုရှာတော့လည်း
သူမချစ်တော့တဲ့
တစ်နေ့နေခဲ့ရုံပေါ့

ကိုယ့်ချစ်ကိုရှာတော့လည်း
ကိုယ်မချစ်တော့ရင် ထားခဲ့နိုင်တာပဲ

ဒီလောက်အနက်အဓိပ္ပါယ်မဲ့တဲ့အချစ်ကို
ကိုယ့်ရူးသွတ်မှုနဲ့ကိုယ်
ဘယ်လိုပဲထင်ထင်
အကြားအမြင်မရှိပဲ
သိနေတာက
အချစ်ဆိုတာ....
မမြဲတဲ့အရာတွေထဲက
တစ်ခုပါပဲလေ ။

လမ်းပြကြယ် ဘဝတက္ကသိုလ် ။

ဝန္ဒာမိပါဆရာ

အဆင်းရနံ့ ပေါင်းစုံစွာ
ဆရာ့ဥယျာဉ်ဘုံထဲမှာ
ခိုလှုံသူတို့ဘဝတင့်ဆန်း
လန်းဆန်းနေမှာ စဉ်အမြဲ
ကမ္ဘာမြေကြီးလှဖို့ပြင်
မေတ္တာပန်းဖြင့်အလှဆင်
ပေါင်းမြက်သင်လို့ အနစ်နာပေး
ဆရာ့စေတနာ မမေ့ကြေး
ကျေးဇူးဆပ်ဖို့ ဝန်မလေး
အပြစ်ပေးလို့ စိတ်ကထန်
ပြစ်မှားမိတဲ့တို့များအကြံ
ကန်တော့ခြင်းဖြင့် ချေစို့လား
အပြစ်များလဲ ကျေစေသား
ဝန္ဒာမိပါဆရာများ။ ။

ခယောင်းလမ်းကပန်း

ခယောင်းလမ်းကပန်း

ခယောင်းလမ်း== ကြမ်းလှတယ်
နေရောင်ကျွမ်း===နွမ်းလှတယ်
ရေကလှမ်း===ပန်း,လှတယ်
မျှော်ကာတမ်း==လွမ်းလှတယ်
အကြွေပန်း===နမ်းသူ,ကွယ်
လက်ဆင့်ကမ်း===လမ်းပြပါစို့ကွယ်

ရင်​ထဲက............`ချစ်​´ 💏 လ၀န်းသစ်

ရင်​ထဲက............`ချစ်​´

# သစ်​တစ်​ပင်​ရှင်​သန်​ခြင်းက
အမြစ်​​ကြောင့်​ဆို........
ကိုယ့်​ရင်​ခွင်​ရှင်​သန်​ခြင်းက
.`ချစ်​´​ကြောင့်​ပါ........

@ အပြစ်​မမြင်​ပါနဲ့`ချစ်​´ရယ်
ချစ်​ချင်​တာတစ်​ခုထဲမို့
မင်း​ပျော်​ဖို့အတွက်
ကိုယ်ဘာမဆိုလိုက်​​လျော​ပေးနိုင်​တယ်

#ချစ်​​လေးသိနိုင်​မလား
onlineမှာစကား​တွေ​ပြောတဲ့အခါ
ကို ရေ....လို့မင်း​ခေါ်လိုက်​တဲ့အခါ
ကိုယ့်​အတွက်
အရာရာ ပြည့်​စုံခဲ့ပါတယ်

#ရင်​ခွင်​မှာလိုတာတခုတည်းပါ...
အဲ့ဒါ.....
မင်းပဲ​ပေါ့ချစ်​ရယ်
၁ နဲ့ ၃ ကြားမှာ ၂ ခြား​နေသလို
ချစ်​​လေးနဲ့ ကို့ကြားမှာ
အချစ်​ကလွဲလို့ ဘာမှ
မခြား​စေချင်​ဘူး.........

#စိတ်​ကူး​တွေကို​တောင်​ပံဖွင့်​လို့
အချိန်​တိုင်းမင်းဆီ
ကိုယ်​ ပျံသန်းလာခဲ့မယ်​ ချစ်​သူ
နားခိုဖို့ရင်​ခွင်​​လေးဆီက
စောင့်​ကြို​နေပါ ချစ်​ရယ်
Online က​နေတဆင့်
ကိုယ်​လာခဲ့မယ်​​နော်​.......

လ၀န်းသစ်
(သူငယ်​ချင်း၏ခံစားချက်​အားကိုယ်​စား​ရေးဖွဲ့သည်​)





သူ နှင့်​ မဆိုင်​ 👈 သူ့ရှင်​[ကလေး]

.`` သူ နှင့်​ မဆိုင်​ ´´
♨ ♨ ♨ ♨ ♨ ♨
လေ ​ပြေ မ​သွေးသဖြင့်
စိတ်​​တော်​ မ ​အေးနိုင်​ ဟု
မထင်​နှင့်
ကျွန်​​တော့်​ စိတ်​​က လေး
အေး /မ​ အေး သည်
လေပြေ ​​သွေးသည်
မသွေးသည်​နှင့်​ မဆိုင်​.....။

ပိုက်​ဆံ မ ​ပေါ သဖြင့်
မော​နေပြီ ဟု မထင်​နှင့်
ကျွန်​​တော်​ ​မောခြင်း
မ ​မောခြင်းသည်
ပိုက်​ဆံ​ပေါခြင်း
မ ပေါခြင်း နှင့်​ မဆိုင်​....။

သူက မချစ်​သဖြင့်
သူ့ကို မချစ်​ဟု မထင်​နှင့်
သူ့ကို ကျွန်​​တော်
ချစ်​ မချစ်​သည်
သူက ကျွန်​​တော့်​အား
ချစ်​ ခြင်း မချစ်​ခြင်း​နှင့်​မဆိုင်​....။

သူက မုန်းသဖြင့်
သူ့ကို ကျွန်​​တော်
မုန်းမည်​ဟု မထင်​နှင့်
သူ့ကို ကျွန်​​တော်
မုန်း မမုန်းသည်
သူက ကျွန်​​တော့်​အား
မုန်းခြင်း မမုန်းခြင်းနှင့်​ မဆိုင်​....။

တကယ်​​တော့ ...
သူ သူ ငါ ငါ
သေ ရာ ​ညောင်​​စောင်း
လဲ ​လျောင်းကြ​သောအခါ
လားလတ္တံ့​သော `ဘဝ´ဟူသည်
သူ နှင့်​ မဆိုင်
သူတို့ နှင့်​ မဆိုင်
ကိုယ်​နှင့်​သာလျှင်
ဆိုင်​​​​လေသည်​တကား....။

သူ့ရှင်​[က ​လေး]

တုနှိုင်းမဲ့မေတ္တာ... (လင်းတမန်)

တုနှိုင်းမဲ့မေတ္တာ

မြင့်မိုရ်တောင်မင်း|မြင့်မားခြင်းသည်
ပမာတိုင်းဆ|တွက်၍ရ၏။

ပင်လယ်ရေဆင်း|ကျယ်ပြန့်ခြင်းသည်
ပမာတိုင်းဆ|တွက်၍ရ၏။

သမုဒ္ဒရာတလင်း|နက်ရှိုင်းခြင်းသည်
ပမာတိုင်းဆ|တွက်၍ရ၏။

သူရိန်နေမင်း|တောက်ပခြင်းသည်
ပမာတိုင်းဆ|တွက်၍ရ၏။

စန္ဒာလမင်း|အေးမြခြင်းသည်
ပမာတိုင်းဆ|တွက်၍ရ၏။

တိုင်းဆတွက်ရ|ပမာဏနှင့်
မေမေ့မေတ္တာ|ပုံရိပ်လွှာကို
ပမာခိုင်းဆို|မနှိုင်းလိုဘူး
နှိုင်းဆိုတိုင်းက|ရိုင်းရာကြမည်
မေမေ့မေတ္တာ|ပုံရိပ်လွှာကား
တိုင်းဆမရ|အနန္တမို့……။

လင်းတမန်(တန့်ဆည်)
၁၃၇၆ခုနှစ် ပြာသိုလ်လပြည့်အမေ့နေ့
ကဗျာချစ်သောမေမေ့သား
အဝေးတစ်မြေမှ…
ကဗျာဖြင့်ပူဇော်ခြင်း အမှတ်တရ~~~~~

တဘောင်တိုက်ပွဲ....📈 လင်းတမန်

#တဘောင်တိုက်ပွဲ#

နဂါးနှင့်ကျွဲ
နယ်ချဲ့ပွဲမှာ
တိုင်းပြည်မြန်မာ
နောင်အခါ
မြေဇာပင်ဘဝရောက်လတံ့။
နိမိတ်တဘောင်
မမှန်အောင်
ရှုနောင်အနာဂတ်
မျိုးချစ်ကြ။

လင်းတမန်(တန့်ဆည်)

မပြိုကွဲစေချင် တာစေတနာပါ....

မပြိုကွဲစေချင် တာစေတနာပါ………

လက် ရှိဘဝ လေးကို
တန်ဖိုးထားပေးပါ
မဖြစ်သင့်တာကို
မဖြစ်ချင် ပါနဲ့
အေးချမ်းနေတဲ့ဘဝလေး
အပျက်ဆီးမခံပါနဲ့
ပျော်ရွှင် ပါစေ.....
ခဏတာအပျော်ကြောင့်
ကိုယ့်ဘဝလေးပျက်သလို
တခြားသူလည်းမကောင်းဘူး
လက်ရှိဘဝလေးမပျက်ပါစေနဲ့

ချစ်သူ

စေတနာ

စေတနာ

အိမ်သူသက်ထား
ဇနီးမယားအား
အိမ်မှာငုတ်တုတ်
ထားခဲ့ရက်ပြီး
အပြင် မှာတခြားလူကို
ချစ်တယ်လို့ပြောတဲ့
မင်းရဲ့အချစ်ကိုလေးစားပါတယ်
ဒါပေမဲ့လည်း
ကိုယ့်ဘဝလေးကို
အ ပျော်ကြောင့်
ပြိုကွဲပါစေနဲ့
စေတနာနဲ့ပါ

ချစ်သူ

အ​မေ ​ပေးခဲ့တာ 🎨 သက်​ပိုင်

(အ​မေ ​ပေးခဲ့တာ)

အ​မေ ....
ဒါအ​မေ​ပေးခဲ့တဲ့ ဘဝ
ဒါအ​မေ​ပေးခဲတဲ့ ​နေရာ
ဒါအ​မေ​ပေးခဲ့တဲ့ အသက်​ရှူသံပါ ။
အ​မေ ....
ဒါအ​မေ​ပေးခဲ့တဲ့ ပညာ
ဒါအ​မေ​ပေးခဲ့တဲ့ ​ ​ခြေရာ
ဒါအ​မေ​ပေးခဲ့တဲ့ ​အောင်​မြင်​မှူပါ ။
အ​မေ
ကမ္ဘာထက်​ ​ကျော်​​ကျော်
မြန်​မာထက်​ ​ကျော်​​ကျော်
အရာရာက အ​မေ
ပေးခဲ့တာပါပဲ အ​မေရယ်​။

သက်​ပိုင်

သြော်--အနိစ္စ 💉 မောင်သူရိန်

" သြော်--အနိစ္စ "

ဖိတ်စာတစ်စောင်ကိုကြည့်
ရင်လေးမိရသည်
ဘယ်သူမှလူမထင်
ငါသိ
ငါတတ်
ငါသာအရှင်ငါသခင်
ငါသာလျှင်
လူရာဝင်သည်တဲ့
မနေ့ကပင်
သူပြောခဲ့တယ်
အခုတော့
သူ့ရဲ့ဖိတ်စာ
သက်ပျောက်ဆွမ်းကျွေး
တရားနာကြွပါတဲ့

မောင်သူရိန် ( မော်ကျွန်းငရဲသား )

အ​မေ့ အတွက်​ ​ပေးလက်​​ဆောင်​... 🎄 သူ့ရှင်​[က လေး]

အ​မေ့ အတွက်
ပေးလက်​​ဆောင်​...
°º¤ø,¸¸,ø¤º°`°º¤ø,¸,
အမေ့အတွက်
သား...​ပေးနိုင်​တဲ့
အရာ​တွေထဲမှာ
.``တိုက်​´´ပါချင်​မှ ပါမယ်
.``ကား´´ပါချင်​မှ ပါမယ်
.``စိန်​~​ရွှေ~​ငွေ´´
ပါချင်​မှ ပါမယ်​...အ ​မေ..။

သား...အ ​မေ့ကို
ပေးနိုင်​တဲ့ အရာက
.``စိတ်​ချမ်းသာခြင်း´´
.``ငြိမ်းချမ်းခြင်း´´
.``လွတ်​​မြောက်​​ကြောင်း ´´တရား
ဒီ​လောက်​ပါပဲ
သိပ်​မများ ပါဘူး အ ​မေ...။

သူ့ရှင်​[က ​လေး]

အ​မေ.💝 သူ့ရှင်​{က ​လေး}

အ​မေ

တိမ်​လွှာ​ရွေ့​ဖုံး
နှင်း​ငွေ့လုံး​ကြောင့်
ရောင်​ ​တို့ သနင်း​ (သေဋ္ဌ်​နင်း)
ရှင်​​နေမင်းသည်
ကွယ်​ပ ​ပျောက်​ရိုး
မရှိရိုးခဲ့ ။

ဆင်းရဲ ချမ်းသာ
လောကဓံအဖြာဖြာရယ်​က
ကိုယ်​​ပေါ်ဖုံးကျ
လွှမ်း ရုံမျှဖြင့်
အ​မေ့ မေတ္တာ
စန်း​သော်​တာသည်
ကွယ်​ပရိုးလား
ထူးမခြားတည်း။။

သူ့ရှင်​{က ​လေး}

NO HAPPY NEW YEAR. 🎅 မောင်သူရိန်

NO HAPPY NEW YEAR

မြန်မာလူမျိုးတယောက်ဟာ
တိုင်းတပါးယဉ်ကျေးမှု့ကို
အားမကျသင့် အတုမယူသင့်ဘူး
ကံသုံးပါးမယဉ်ကျေးပဲ
HAPPY NEW YEAR လို့
ပါးစပ်ပြဲအောင်ကုန်းအော်နေလဲ
ဘယ်လိုမှ နှစ်သစ်ဖြစ်မလာနိုင်ဘူး
ကံသုံးပါးသာ စင်ကြယ်နေရင်
အချိန်တိုင်း နေ့တိုင်း လတိုင်း
နှစ်တိုင်းဟာ မိမိအတွက်ရော
သူတစ်ပါးအတွက်ပါ
နှစ်သစ်တွေချည်းပါပဲ

မောင်သူရိန် ( မော်ကျွန်းငရဲသား )


ဆက်သွယ်ရန်...

တောင်းပန်ပါရစေ....👭 မိုးထက်

တောင်းပန်ပါရစေ....

ဘာတွေဘဲလုပ်လုပ်
ဘာမှ မဟုတ်တာလေးကိုတော့
အရေးတကြီး မလုပ်ဖို့
တောင်းပန်ပါရစေ""
လူ "အ "များနဲ့တွေ့တဲ့အခါ
သေချာလေး ဆက်ဆံပေးပါ
လူလိမ္မာနဲ့ တွေ့တဲ့အခါ
ပွင့်ပွင့်လင်းလင်းပြောပေးပါ
တစ်ချိန်က ဆိုသော စကားလုံး
ခပ်ဆန်းဆန်းများနဲ့မနှိပ်စက်ဖို့
တောင်းပန်ပါရစေ....
ဟုတ်တယ်"ရှိတယ်"
ဘာမှ မဖြစ်ဖူးဆိုသော
စကားများနဲ့ ဖုန်းမချဖို့
တောင်းပန်ပါရစေ....
တွေ့ဆုံမှုတွေရတဲ့အခါ
မျက်လုံးမှိတ်ပြီ အနမ်းများစွာ
ခြွေချခွင့်ပြဖို့
တောင်းပန်ပါရစေ....
ပျော်ရွှင်မှုများစွာကို
ရပ်တန့်ဖို့ အတွက်
အမိန့်မပေးဖို့
တောင်းပန်ပါရစေ....
သခင်မ"ဆန္ဒကို
အသက်နဲ့မျှ ဆောင်ရွက်ခွင့်ပြုဖို့
တောင်းပန်ပါရစေ.....

မိုးထက်( ဖောင်းပြင်)

အဲဒီည. 💑 မိုးထက်

အဲဒီည

ဒီဇင်ဘာ 30 ရက်
အကျိုးဆက်က ဒီလို""
ကြောက်စရာကောင်းတဲ့
ပုံပြင်တစ်ပုဒ်ကို ရွတ်ပြနေတုန်း
ဝုန်းကနဲဆို
မီးတောက်ငယ်လေးတစ်ခု
ကမ္ဘာမြေကို လောင်းကျွမ်းဖို့
အဲဒီ"ည"က အစပျိုး
ကဝေပျိုက ပြောခဲ့သည်
မောင့်ကို ချစ်တယ်တဲ့
ထူးဆန်းမှုတွေ ရောပြွမ်း
အံ့သြော်မှု့တွေ
ထုံးမွှမ်းထားသော
ဒီစကားကို
ဒီညမှာ သူပြောခဲ့သည်
ချစ်သော"ဖြူ "သိပါစေ.....

မိုးထက်( ဖောင်းပြင်)

တိုးတက်ဖို့..... အရှင်ကေသရ

တိုးတက်ဖို့

အများစုပေါင်း အကောင်းဖြစ်ဖို့
တာဝန်းကိုယ်စီ စိတ်၌ တည်၍
ဒို့ကျောင်းတော်က ငယ်ဆရာနဲ့
ရွာဦးစေတီ မြတ်ဘုရားကို
ကြည်ညိုသဒ္ဓါ ပွါးနိုင်ရေးဖို့
အများပေါင်းကာ စုပေါင်းပြုလုပ်ကြပါစို့

အရှင်ကေသရ( ဖောင်းပြင်)'

Sunday, January 4, 2015

ပစ်တိုင်းထောင်

ပစ်တိုင်းထောင်ကလေး ပုတိုတို
မျက်နှာပြုံးချိုချို ပစ်ချင်သလိုပစ်လို့ချ
ကျရာထောင်လို့ထ
သူ့ဘဝနဲ့သူ့အဖြစ်တွေ
အံ့သြလောက်ပါပေ...
ခြေတွေလက်တွေမပါပါပဲ
ကိုယ်ထူကိုယ်ထပဲ
အခက်အခဲသူရင်ဆိုင်
စိတ်ဓာတ်မယိမ်းယိုင်
အနိုင်မခံအရှုံးမပေး
ပစ်တိုင်းထောင်ကလေး

ကိုရယ် .... Mee Mee(pyay)

ကိုရယ်

ကို့အကြောင်းမတွေးမိတဲ့ညဆိုတာ
မလှမပ ရှိတတ်လွန်းလို့
ကြယ်ကြွေတွေကို လိုက်ကောက်ရင်း
လွမ်းတဲ့အကြောင်းပြောမိတယ်
အဲ့ဒီအချိန်မှာ....
သူ့တို့ကဘာပြောတယ်ထင်လဲ...!
အချစ်အကြောင်းလာမပြောနဲ့
နားညည်းတယ်တဲ့

Mee Mee(pyay)

လောကဓံ 📓 လမ်းပြကြယ်

(လောကဓံ)

သောဘဂဝါ ဘုန်းခြောက်ဖြာနှင့်
သတ္ထာဒေဝ မြတ်ဗုဒ္ဓလည်းလောကရဲ့ဒဏ်
လောကဓံနှင့် ကြံဖန်တွေ့ပြန်
ကြုံရပြန်လည်း သီးခံခွင့်လွတ်နေတော်မူ ။

လမ်းပြကြယ်
ဘဝတက္ကသိုလ် ။

မြတ်​နိုး​နေရုံသက်​သက်​ပါ...အောင်လေး

်​အစူး​လေးနဲ့
ကြည်​လိုက်​တဲ့ အခိုက်​အတန့်​မှာ
အသက်​ရှုရပ်​လို့​မေ့​မောသွား ....
ခံနိုင်​ရည်​အား ​ဝေးလွင့်​သွားတာများ
ဝန်းကျင်​က​တောင်​သတိထားမိတယ်
ဒါ​ပေမယ့်​ကွယ်....
သဘာဝအ​ခြေချင်း မတူခြားနားလို့
ချစ်​မိဖို့​တော့ မဝံ့ရဲပါဘူး
နှလုံးသားကာရန်​​လေးမှာ
မြတ်​နိုး​နေရုံသက်​သက်​ပါ...

အသက်​မဲ့ ည​နေ. 💏 အောင်လေး

( အသက်​မဲ့ ည​နေ)

အိမ်​ပြန်​ချိန်​ အသက်​မဲ့တဲ့လမ်းမှာ
သစ်​ရွက်​​ဟောင်း​တွေ ​ကြွေ​နေပြီ
မထူးခြားတဲ့ လမ်း​တွေ​ပေါ်က
(မ) မရှိ​တော့တဲ့ ည​နေခင်းဟာ
(​မောင်​)အတွက်​ အသက်​ကင်းမဲ့တာမို့
ခန္ခာကိုယ်​ ကွယ်​​ပျောက်
အဆုံး​ရောက်​တဲ့ အထိ
ငို​ကျွေး​နေမိတယ်
(​မောင်​)အချစ်​က
(မ)အတွက်​ဆို
မာန​တွေထား အတ္တ​တွေကြားမှာ
ရှင်​သန်​​နေတဲ့
ပန်းရိုင်းတစ်​ပွင့်​မဟုတ်​ပါဘူး ♥မ♥ရယ်​.......♥

နေရာ​(အောင်​​လေး)

.♥​နေရာ♥

နေဝင်​ဆည်းဆာအလှ
ညတစ်​ညအဖြစ်​​ပြောင်းလဲလို့
လွမ်း​မောဖွယ်​အတိနဲ့
မင်းကို​မျှော်​​နေတတ်​ပြီ
ချောင်းရိုးတစ်​​လျောက်
ဖြတ်​တိုက်​လာတဲ့ ​လေ​ပြေ​အေးက
ကိုယ့်​ကို​ပြောသွားတယ်
မင်း​တော့ရူးသွားပြီတဲ့
အချစ်​​ကြောင့်​လူသားတိုင်း
ရူးသွပ်​နိုင်​တယ်​ဆိုတာ
သူမသိလို့ဖြစ်​မှာပါ
လူသားအားလုံးအတွက်
ဖြူစင်​တဲ့အလင်း​ပေးသူ
လမင်းကြီး​လောက်
အစွမ်းအစ မရှိ​ပေမယ့်
သဘာဝက​ပေးတဲ့ပိုးစုန်းကြူး​လေးလို
အလင်း​ရောင်​နဲ့ကိုယ်​ တတ်​စွမ်းသ​လောက်
ပါရမီဖြည့်​ချင်​သူပါ
ဒါ​ပေမယ့်​....မင်းရဲ့ရင်​ဘက်​ထဲမှာ
ကိုယ့်​အတွက်​ ​နေရာဆိုတာရှိနိုင်​ပါ့မလား?
ချစ်​သူရယ်​..............

(အောင်​​လေး)

ရင်​ကန်​သင်း 💦 ပန်​​သော်​တာ(နမ့်​စန်​)

ရင်​ကန်​သင်း

တိမ်​ဂွမ်းဆိုင်​​တွေ
လမင်းအိမ်​ကိုဝှက်​ထားသလို
ချစ်​စိတ်​ကို​ဘောင်​ဘင်​ခတ်​​ပေမဲ့
ရင်​ကန်​သင်းဟာ
အလွမ်းတိုးမြစ်​တစ်​စင်းရဲ့
စီးဆင်းနှုန်းကို​တော့ကြာရှည်​မှခံနိုင်​ပဲ
အနားသတ်​မဲ့​ကောင်းကင်​​ပေါ်
ကိုယ်​ထူကိုယ်​ထအိမ်​ဖွဲ့​နေတဲ့
လမင်းကိုကြည့်​ပြီး
ဆု​တောင်းကာမှလွဲခဲ့ရတဲ့ဆု​တောင်း
ရင်​ခုန်​အသစ်​နဲ့ထပ်​ဆု​တောင်း​နေမိ
ထပ်​ဆု​တောင်းကာမှ
ရင်​ခုန်​သံအသစ်​ထဲကအလွမ်းစ
ဖြေသိမ့်​ခြင်းငှါဘယ်​လိုမှမစွမ်းသာ​တော့
မေ့​ပျောက်​ဖို့ကဗျာ​ရေး
ကဗျာထဲမှာလွမ်းစရာ​တွေပါလာပြန်​​တော့
ကဗျာပြန်​​ရေး
မေးကာမှပြန်​​မေးတဲ့ချစ်​သူရဲ့အ​ဖြေကို
အကြိမ်​ကြိမ်​ပြန်​​မေးရင်း
ရင်​ကန်​သင်း​လေးကျိုး​တော့မယ်​ကွယ်

ပန်​​သော်​တာ(နမ့်​စန်​)

လွမ်းသူသက်​ထား 💘 အလင်း​ရောင်

လွမ်းသူသက်​ထား

သက်​ထား​ရေ
ဟိုးရွှာ​တော်​ဦးဆီက
ထုံးဖြူဖြူ​စေတီ​လေးမှာ
ဆည်းလည်းသံ​တွေကြားတိုင်း
သက်​ထားရှိရာခင်​တန်း​လေးဆီ​ပြေးမြင်​မိတယ်​..
တောပန်းက​လေး​တွေဘုရားမှာလှူရင်း
ကြည်​နူးမှု့အပြုံးကိုယ်​ဆီနဲ့
ဆည်းဆာချိန်​ရွှာဝင်​လမ်းမှာ
တို့နှစ်​​ယောက်​အတူတူ​လျှောက်​ခဲ့တယ်
သတိမှရပါ​စေသားသက်​ထားရယ်​..
ရွှာအဝင်​လမ်း​လေးဆီလဲမင်းမလာ​တော့ဘူး
ဆည်းလည်းသံကြားတဲ့ဘုရားဆီကိုလဲပန်းမလှူ
တော့ဘူး
ဘာ​ကြောင့်​ရယ်​လို့လဲ​မေးခွင့်​မ​ပေး​တော့
ရာသီအလီလီ​ပြောင်းခဲ့​သော်​လည်း
သက်​ထားကို​တော့​အောင်​​မေ့မိတယ်
တို့နှစ်​ဦးကြားမှာထားရှိခဲ့တဲ့
နားလည်​မှု့စာချွန်​လွှာ​လေး
မှင်​​ရေကြဲစပြုချိန်​မှာ
သက်​ထား​ပြောတဲ့သ​င်္ခါရဆိုတာကို
ငါတို့နှစ်​ဦးအတွက်​​တော့
ခြွင်းချက်​ပဲဖြစ်​ပါရ​စေသား
ခု့ချိန်​ဆို​တောပန်း​လေး​တွေလဲပွင့်​​နေ​လောက်​ပြီ
ဆည်းလည်းသံ​လေးလဲကြား​နေရပြီ
ကိုယ့်​အနားမှာမင်းမရှိတာကလွဲရင်
အားလုံးပြည့်​စုံလျှက်​ပါ

အလင်း​ရောင်​(နမ့်​စန်​)

ရက်​စက်​နိုင်​သူ .... အလင်္ကာ

ရက်​စက်​နိုင်​သူ

စိမ်းကား​ပြောကြား မ,စကား​တွေ
ခံနိုင်​ရည်​အား ​မောင့်​မှာမရှိ
ဘယ်​အထိများ ရက်​စက်​မှာလဲ
မရယ်​...
သံသရာတစ်​​ကွေ့ ဖန်​ကာ​တွေ့လာ
ကြုံလာ​လေ​တော့ ခံစားရ​ပေါ့
မရယ်​...
ရက်​စက်​စိမ်းကား ​ပြောရက်​​လေရဲ့
မောင့်​မှာ​ဖြေမဆီ ရင်​တွင်း​​ဝေဒနာကို
မျက်​ရည်​​တွေနဲ့ ငြိမ်း​စေခဲ့သူ
မောင့်​ဘဝကို ငဲ့​စောင်းကြည့်​လှည့်​ပါလား
မရယ်​...
လောကအလယ်​ ချစ်​ကံ​ခေ​တော့
ဘယ်​ဘဝကြမ္မာ ဝဋ်​​ကြွေး​တွေလဲ
ဒီဘဝဒီမျှနဲ့ ​ကြေပါရ​စေ​တော့ ....
မရယ်​...
ဆောင်းရယ်​​အေးမြ ဒီတစ်​ညဝယ်
ငို​ကြွေး​နေရ ​မောင်​ဘဝကို
စာနာလှည့်​ပါ မရယ်​...
စိမ်​ကားရက်​စက်​စွာ​ပြောရက်​သူ မ​,ရေ
နောင်​ဘဝဆက်​တိုင်းချစ်​​နေလျှက်​ပါ
မ,သိပါ​စေ......
အလင်္ကာ

ပုံပြောမိခင်။.... တောင်ပေါ်သား ကျော်ဖြိုး

ပုံပြောမိခင်။

အမေကိုခင် လုပ်ကျွေးချင်လျှက်မနှေး
အမေနဲ့ကျွမ်းကာမှ
စိတ်ကြမ်းရယ် ကိုမူရာတို့
ယဉ်ကျေးစွာ ထာဝစဉ်ပြုံးနိုင်ပေါ့
ဆုံးသက်တိုင်လေး။

လက်ဦးဆရာသည်မိခင်
ပုံပြင်တွေသူပြောပြ
အခါးရယ်အချိုနှင့်
အကောင်းအဆိုးကို သိခါမြင်နိုင်ရဲ့
ဒီအမိကို ဘယ်မခွဲနိုင်ဘူး
စွဲချစ်ပြီကော။

တောင်ပေါ်သား ကျော်ဖြိုး

လဝှက်​ပန်းချီကား 💌 ပန်​​​သော်​တာ

လဝှက်​ပန်းချီကား

ရင်​​ငွေ့နှစ်​ခု့ရဲ့အနီးအ​ဝေးကို
သံ​ယောဇဉ်​မီးနဲ့ထွန်းထွန်းကြည့်
ကျွန်​​တော်​အချစ်​ခန်းကျဉ်းဟာ
စွန့်​ခွာသူနှလုံးသားတစ်​စုံရဲ့
ကြပ်​​ပြေး​ခြေရာ​တွေနဲ့ဗလပွ
ရင်​ခုန်​သံကိုအသက်ဆက်​ဖို့
လဝှက်​ပန်းချီကားတစ်​ချပ်​ရဲ့
အား​ပေးစကား
မင်းက.....
မာရ်​နတ်​မင်းသမီးတစ်​ပါးရဲ့
အကင်​ဆိုင်​ရှေ့မှာမှ.........
အသဲသွား​ရောင်းမိတဲ့​ကောင်​တဲ့......

ပန်​​​သော်​တာ.(နမ့်​စန်​)

ဝေဒနာ​တောင်​ကုန်း​ဟောင်း​လေး 💞 အလင်း​ရောင်

ဝေဒနာ​တောင်​ကုန်း​ဟောင်း​လေး

စိတ်​မပါပဲအိပ်​​နေရတာ
နှစ်​ပရိ​စ္ဆေဒ ကြာလာ​တော့
ရော်​ရင့်​လာသလိုပဲ
စိတ္တဇ ည​တွေလင်းကြက်​မတွန်​ခင်
အရိပ်​မဲ​ခြေရာ​တွေ ဟိုးအတိတ်​ဆီက
အမှတ်​​ပေဇယား​လေး သွားရှာ​လေရဲ့
အမှန်​ခြစ်​က​လေးများ အမုန်း​ချောင်းထဲမှာ
ဥ​ပေက္ခာပြုခံလိုက်​ရပြီ
မာနတံခွန်​ ဆီးချင်းထိုးပွဲမှာ
ငါ့နှလုံးသားတပ်​မဟာက
အစကတည်းကအလံဖြူပြ​ခဲ့တာ
မင်းခင်းခဲ့တဲ့အမုန်းတံတား​လေး​အောက်​မှာ
ငါ့နှလုံးသားတစ်​စုံမြုပ်​နှံခဲ့တယ်
မင်း​ကလွဲပြီးဘယ်​သူမှ​ဖော်​ယူခွင့်မရှိ​အောင်
ငါ့သစ္စာ​တွေနဲ့ ပန္နက်​ရိုက်​ခဲ့တယ်
မင်းကစမျက်​ကွယ်​ပြုချင်​တာပဲ
တောင်​စွယ်​​နေကွယ်​​အောင်​​စောင့်​စရာမလိုပါဘူး
စကား​လေးတစ်​ခွန်းနဲ့တင်​ လုံ​လောက်​ပါတယ်
ပြန်​​တော့မယ်​ကွယ်
ဝေဒနာ​တောင်​ကုန်း​ဟောင်း​လေး
အလွမ်းမိုး​စွေ​တော့မယ်
မြေဇာပင်​​လေးသဝဏ်လွှာပို့​နေပြီ

အလင်း​ရောင်​ (နမ့်​စန်​)

အချစ်ဆိုတဲ့မြစ် ဘဝဆိုတဲ့ပင်လယ် 💗 အောင်မျိုးချစ်(ပလက်ဝ)

တစ်စက်ပြီးတစ်စက် ပါးပြင်ပေါ်လိမ့်ကျ
အချစ်နဲ့မြစ်ဖျားခံလာတဲ့ဘဝ
အမုန်းမြစ်လက်တက်နဲ့အတွေ့မှာ
အလွမ်းတွေ ဒလဟောစီးဆင်း
အတိုင်းအဆမရှိ မြစ်ဝကျယ်မှာ
နာကျင်ခြင်း နှုန်းမြေတွေအထပ်ထပ်
သတိရခြင်းတွေ တိုက်စားဖန်များလာတော့
အသဲနှလုံးနဲ့တူတဲ့ သဲမြေလည်း
တစ်စတစ်စ ပြိုကျ ကြာလာတော့.....
လက်ကျန်အချစ်အစအနတွေတောင်
ဘဝဆိုတဲ့ ပင်လယ်ထဲရောက်ကုန်တယ်
ဒီနေ့အထိ လက်ပစ်ကူးနေရတုန်းပဲ.....။

အောင်မျိုးချစ်(ပလက်ဝ)

အရှင်ဒီပဝံသ(Zero)

မျှော်ရင်းတမ်းတ လွမ်းလှပေါ့ကွယ်
ခါးတမာ ချိုကာမှ
ချစ်ကြစတမ်း တောင်းဆုပန်မိတယ်။ ။
ကောင်းကင်ပြို ယုန်ဂျိုပေါက်ခါမှ
လိပ်မွေး ပုဇွန်သွေးနဲ့ ကမ္မည်းထိုးလို့
သစ္စာပြုကြမယ်။ ။
အော်....ပန်လေမိ ဆုတောင်း
ပြုလေမိ သစ္စာ
နေလနှစ်ဖြာ အတူယှဉ်တွဲထွက်ပါမှ
ပြယ်ပျက်ပါလို့ စိတ်ကရည်မိတယ်။ ။

အရှင်ဒီပဝံသ(Zero)

တန်ဘိုးမဲ့သော လူ 💏 အရှင်ကေသရ

တန်ဘိုးမဲ့သော လူ

ဤ ဇမ္ဗူမှာ လူရယ်လို့ဖြစ်လာခဲ့ရင်
ကုသိုလ် "အကုသိုလ်"ဝိပါက်ကြမ္မာ"
စေတနာတွေနဲ့ထုံးမွမ်း
ဘဝလမ်းကို လျှောက်လှမ်းရတဲ့ဆိုတာ
အားလုံးအသိပင်.....

"သို့သော် "အချို့သောလူသည်
ကုသိုလ်ဖြင့် မွှေးလျှော်၍
အချို့သော"လူသည်
အကုသိုလ်ဖြင့်ပျော်မွှေ့ကြကုန်၏

"အချို့သောလူကြပြန်တော့
ဝိပါတ်ကြမ္မာစေတနာကြောင့်
အနာဂတ်ကိုလည်းမခင်တွယ
်"အတိတ်ကိုလည်းမအောင်းမေ့"
ပစ္စပ္ပုန်ကိုလည်း မချစ်ခင်"
အသစ်အသစ်ဖြစ်ပေါ်လာတဲ့
စေတနာစိတ်နဲ့
အသေအချာမသိတဲ့ ကြမ္မာကို
မရေမရာ စေတနာပို့ရာ"
ဟိုး....."အဝီစိတစ်ဖက်ကမ်းသို့
တက်လှမ်းဖို့အားထုတ်
အကြိမ်ကြိမ်ပြုလုပ်မှုကြောင့်
""ဒီလူတွေ တန်ဘိုးမဲ့သွားသည်""

အရှင်ကေသရ(ဖောင်းပြင်)

ခွင့်ပြုပါ ဖြူ ..... မိုးထက်

ခွင့်ပြုပါ ဖြူ

ဖြူ " တစ်မျက်နှာ ကမ္ဘာတစ်ခု
ကြင်နာမှု့ ရင်မှာစု၍
ချစ်သော ဖြူ"ကို ခွင့်ပန်ချင်သည်
ဘဝကိုခဏလို့ သတ်မှတ်မထားဘဲ
အကျ"အန"ပုံဖော် ဖန်းတီနိုင်တဲ့
ပန်းပုရုပ်ဆရာရဲ့ ပုံဖော်ရုပ်လေးလို
ဖြူ"ဘဝနဲ့ မောင့် ဘဝကို
အနာဂတ်ခရီလမ်းမှာ စွမ်းအားရှိသမျှ
ပုံဖော်ခွင့်ပြုပါ
ဖြူ"ကိုချစ်တယ်ဆိုတဲ့ စကားထက်
ကြင်ကြင်"နာနာ ယုယုယယ
"ဖြူ"ဘဝလေးကို အတောက်ဆုံးနဲ့
အလှပဆုံးဖြစ်အောင် တာဝန်းယူခွင့်ပြုပါ
ဟိုတုန်းက"မောင့်မှာ
ဟိုတုန်းက"ဖြူ"မှာ
ဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့
ပစ္စုပ္ပန်ရဲ့စာမျက်နာမှာ
လွတ်လပ်စိတ်နဲ့ သမိုင်းလှလှလေးတွေ
ရေးထိုးကြရအောင်နော်

မိုးထက်( ဖောင်းပြင်)

သူငယ်ချင်း.... မိုးထက်

သူငယ်ချင်း

ချစ်ခြင်း/မုန်းခြင်း/ရက်စက်ခြင်း/ ကြေးကွဲဝမ်းနည်းခြင်းတွေဟာ
သူငယ်ချင်းအဖြစ်က ရပ်တန့်ပေးဖို့
ကမ္ဘာမြေလောကကို
မည်သူမျှ မဖိတ်ခေါ်ဘဲ
ရောက်လာကြလိမ့်မယ်
အဲဒီအခါ ""ဘေးစကားနဲ့
အသေးအမွှားတွေကိုမယုံနဲ့ ""

မိုးထက်( ဖောင်းပြင်)

သူငယ်ချင်း.... မိုးထက်

သူငယ်ချင်း

တွေ့ကြုံ ဆုံးကွဲ
ဖြစ်မြဲဓမ္မတာ
ဤ ""လူ့ရွာဝယ်
တွေ့ကြ ဆုံကြ
တခဏမှာ တစ်ယောက်နဲ့
တစ်ယောက် ကြည့်ရှု့စောင့်ရှောက်
သစ္စာမဖောက်ကျေးနော်

မိုးထက်( ဖောင်းပြင်)

သူငယ်ချင်း 💕 မိုးထက်

သူငယ်ချင်း

တွေ့ကြ ဆုံးကြ
တခဏမှာ ငါ့မာနနဲ့
သစ္စာမရှိ မေတ္တာရောင်ကင်း
အမှောင်ကျဉ်းလေးထဲကနေ
အတ္တကို မီးထွန်းမပြပါနဲ့

မိုးထက်( ဖောင်းပြင်)

သူငယ်ချင်း.... မိုးထက်

သူငယ်ချင်း

တစ်ယောက်ကို တစ်ယောက်
အပြုံးမပျက် မေတ္တာစစ်နဲ့
ဖြောင့်ဖြူးမယ်ထင်မဲ့
အနာဂတ်လမ်းကို
မကွဲသော လက်တစ်စုံနဲ့
အတူတူသောက်
အတူတူလျှောက်ရအောင်နော်""

မိုးထက်( ဖောင်းပြင်)

လက်ဦးဆရာ... လရောင်

လက်ဦးဆရာ

ခြေစုံမတ်မတ် လမ်းလျှောက်တတ်ဖို့
လက်ကိုကိုင်ပေး
ဟေ့....မေမေ့သားလေး
ဟေ့....ဖြစ်ပါပေ...
ဖြစ်ပါပေ့....ဟု
သင်ပေးခဲ့တာ
လက်ဦးဆရာ
မွေးမာတာတည်း။

လရောင်

ပျော်​ရွှင်​ကြပါ​စေ....

ပျော်​ရွှင်​ကြပါ​စေ....

ငါအသဲကိုစား
ငါ​သွေးကို​သောက်
ငါအရိုးကို သွားကြားထိုး
အဲ......ဒါဆို
ငါ​သေမှာ​ပေါ့
No...NO...NO
ငါ​ဝေသန္တရာလို
ပါရမီမပြည့်​​သေးဘူး

ဟဲဟဲ......ငါ့ကိုချစ်
ငါကိုမပစ်​ခဲ့နဲ့
ငါကိုမုန်းတဲ့ လူ
အ​သေပဲ​နော့့် 

ငါအသဲစားချင်​တဲ့ သူ
သေပါ​စေလို ဆု​တောင်းနဲ့​နော်
ရှူး
သေမှာ​ကြောက်​တယ်

ဝေလင်းခန့်
PKU

တက္ကသိုလ်​ ​ကျောင်းသူသို့......​ဝေလင်းခန့်

တက္ကသိုလ်​ ​ကျောင်းသူသို့......

ချစ်​စရာ မျက်​နှာ​လေးနဲ့
အပြစ်​ဆိုတာ မရှိသ​လောက်
အချစ်​ကို​တော့ ကစားစရာထင်​မှတ်​တာ
မင်းအတွက်​ စိတ်​မ​ကောင်းပါဘူး
အတိတ်​​ကြောင်းကို စဉ်းစားပါ
လိမ်​ညာတာမရှိသ​လောက်
ရိုးသားစွာဝန်​ခံခဲ့တာ
ငါဘဝအ​ကြောင်းကုန်​​ပေါ့
ခုမှ ဆင်းရဲတာ အပြစ်​တခုဆိုရင်
မင်းထွက်​သွားပါ ဘဝသစ်

*ခဏလာချစ်​တဲ့သူကို
တစ်​ဘဝစာ အဖြစ်​နဲ့
အစားထိုးမရ​အောင်​ ချစ်​ခဲ့တာပါ
လမ်းခွဲခြင်းစာသားကို
ငါဘယ်​​တော့မှ မ​မေ့
အ​ခြေ​နေတခုမှာ
ငါတို့ပြန်​ဆုံမှာပါ
မင်းတ​ယောက်​ ​ပျော်​ရွှင်​ပါ​စေ့ 

ဝေလင်းခန့်
Pku

အချစ်​တခုအတွက်...

အချစ်​တခုအတွက်
အပြစ်​တခုဖန်​ဆင်းမိသလို
ဒဏ်​ရာ​တွေနဲ့ မရင်းကျက်​သူ​ရင်​ကို
သွေးစွန်း​နေတဲ့
ငါနှလုံးသား ​ရောက်​ရှိမိ
မင်းကို မကုသနိုင်​တာ
ခွင်​လွှတ်​ပါ ချစ်​သူ
ငါနှလုံးသားကို
နာကျင်​​စေမဲ့ အရာတခု
အစပြု​နေလို့ပါ
ငါ ခံနိုင်​ရည်​ရှိဖို့
ကြိုးစားပါရ​စေ....
ဒီတခါပျက်​မဲ့ ဘဝက
ငါရဲ့ ​နောက်​ဆုံးဘဝမို့ပါ
နားလည်​​ပေးပါ ချစ်​သူ့ 

ဝေလင်းခန့်
Pku

နားလည်​ပါ ချစ်​သူ

နားလည်​ပါ ချစ်​သူ့ 

ခုမြင်​ခုကြိုက်​ ငါမိုက်​တာလား
ငါ​ပေးတဲ့ အချစ်​တန်းဖိုး
ငါးပြားဖိုးမှမကြံ ငါခံရမတဲ့လား
ဪ....သတိ​ပေးသူ ​ကျေးဇူးပါ​နော်​.....
ငါရဲ့ ချစ်​သူ နားလည်​​လေမလား
ငါ​ပေးထာတာ ၁၅၀၀မို့
မင်းနှလုံးသားထက်​ ငါအတွက်
မပျက်​မသား​ဈေးစစ်​ခါထား
ငါနှလုံးသားကို ဘာလို့မသနား
မင်းသတိထားပါ ချစ်​သူ....
ရင်​ကျက်​မှုမရှိသူ မင်းအဖို့
သူကို​မျှော်​​နေသ၍
ငါဘယ်​သတ္တိနဲ့ ​မင်းကိုပေးဆပ်​ရမလဲ
အချစ်​ကြီးသူ
 မပြတ်​သားသူ
အဓိကသူ
စွန့်ခွာသွားသူ

ပျက်​သားပါ​စေ ချစ်​သူ့  k n t

ခရမ်းရေ....💑 အသေးလေး

ခရမ်းရေ....

ငါ့အတွက်အချစ်ဆိုတာ....
ဆုံစည်းခွင့်မရခဲ့ရင်တောင်မှ
ပျောက်ကွယ်သွားနိုင်တဲ့
အချစ်မဟုတ်ပါဘူး....

တကယ်ချစ်မိပြီဆိုရင်တော့.....
သူ့ ပြန်မချစ်လဲ ကိုယ်ကချစ်နေဖို့ပဲ
အရေးကြီးတာပါ.....

ငါမရလို့ သူ့ ကိုမချစ်နိင်တော့ဘူးဆိုတာဟာ အဲဒါ....တကယ်အချစ်စစ်မဟုတ်ပါဘူး

ဒါကြောင့်.....ခရမ်းရယ်
ငါကတော့ မင်းကိုပိုင်ဆိုင်ခွင့်ရမှ
ဆက်ပြီးချစ်နိုင်မယ့်
အချစ်မျိုးတော့မဟုတ်ဘူးဆိုတာ.....
မင်းယုံပေးပါကွာ....
ပိုင်ဆိုင်ခွင့်မရရင်တောင်မှ
ငါနောက်ထက် ဘယ်သူ့ကိုမှ
ပေးစရာမရှိတော့အောင်
နင့်ကိုဆက်ပြီး ချစ်နေတော့မှာပါ ငါ့ဘဝရဲ့နေညိုချိန်ထိပေါ့....

( အသေးလေး~~ ရွှေလေးကြိုကုန်း )
ခရမ်းအတွက်##A M M}

ရင်ငြိမ်းမိုး ရွာတန်း

ကညေ ကာမယမာနံ မံ
န ကာမယသိ ကိံ နွိဒံ ကညေ။

ဟေ့အပျို.....
ကာမယမာနံ - နင့်ကိုကြိုက်နေသော
မံ - ငါ့ကို ၊ တွံ - နင်သည်(ဝါ)နင်က ၊
နကာမယသိ - မကြိုက် ၊
ဣဒံ - ဤသို့ငါကကြိုက်လျှက်နင်က
မကြိုက်ခြင်းသည် ၊
ကိံနု - အဘယ့်ကြောင့်ပါနည်း

ဘာသာဋီကာကျမ်း
ရင်ငြိမ်းမိုး ရွာတန်း

စိတ်၏ ဖြေရာ ၅ 💔 နေဆည်းဆာ

စိတ်၏ ဖြေရာ ၅

မိုးကောင်းကင်ပြာ
မိုးအာကာက
မိုးအားကျခဲ့လေသလား
မိုးနတ်ဒေဝါ
မိုးသူဇာက
မိုးအားဖွားခဲ့လေသလား
မိုးပေါ်မင်းဖျား
မိုးသိကြားက
မိုးအားဖန်ဆင်းခဲ့လေသလား
မိုးကောင်းကင်ညို
မိုးနတ်ပျိုတို့
မိုးကိုမီမှမီပါ့မလား
သို့လောသို့လော
ဒို့တွေးတော၍
ငှေးမောရအောင်လှရက်သူ

နေဆည်းဆာ ဖောင်းပြင်

မေမေသို့.... 👏 ထွန်းနောင်(ဖောင်းပြင်)

"မေမေသို့"
( ပြာသိုလပြည့်အမေနေ့အမှတ်တရ )

လပြည့်နေ့ ပြာသို
နှင်းတွေက စိုရွှဲ ။

တို့ချစ်တဲ့ အမေနေ့ကို
ရောက်ခဲ့ပြီပဲ ။

အမေနှင့် ကျွန်တော့်မှာ
ဝေးရပြန်တော့ ။

တမ်းတစွာ မေ့ကိုမှန်းကာ
လွမ်းရပါပေါ့ ။

အမေရှိတဲ့ ကျွန်တော့်ရွာ
တွေးဆကာ ကြည့် ။

မေ့မေ့ဂုဏ်အထူးကို
မေ့သားမောင် တကယ်ညွတ်နူးစွာ
ဦးခိုက်ပါ၏ ။

ထွန်းနောင်(ဖောင်းပြင်)

မေ့မရသောနေ့.... 💖 ထွန်းနောင်

" မေ့မရသောနေ့ "

အဲဒီနေ့
အဲဒီနေ့ကပေါ့
နှင်းစက်တို့ကလည်း မကျ
ပျားတို့ကလည်း မချို
ကျိတ်ငိုသံလည်း မကြား
စိတ်တွေကလည်း ထွေပြားခဲ့ရတယ်။

ငါ့ရဲ့မှတ်တမ်းမှာ
ဇာတ်လမ်းတစ်ခုမှာ
စွဲထင်ကျန်ရစ်ခဲ့ပါပြီ။

သေချာပါပြီ
အဲဒီနေ့ကိုတော့
ဒီတစ်သက်မေ့နိုင်တော့မှာမဟုတ်ပါဘူး။

ထွန်းနောင်(ဖောင်းပြင်)

အဖြေပေးကြပါဦး 💫 ထွန်းနောင်

"အဖြေပေးကြပါဦး"

"ပို့စ်မော်ဒန် ပို့စ်မော်ဒန်"နဲ့
အော်သံတွေဆူညံခဲ့တာ
ဟိုး . .
ဒဂုန်တာရာတို့ခေတ်ကတည်းက . . ။

မင်းကခုမှ
ပို့စ်မော်ဒန်မနေနဲ့ . . . ။

ငါက
ရှေးရိုးကိုလည်း မဆန့်ကျင်
ပို့စ်မော်ဒန်ကိုလည်း မပစ်ပယ်
ကဗျာလမ်းလယ်မှာပဲရပ်ချင်တယ် . . . ။

"ကဗျာဆိုတာစိတ်ခံစားမှုကို
ဖော်ပြတဲ့စကားလုံးဆိုပြီး
ရေးချင်တာရေးကြမယ်ဆိုရင်
ရှေးတုန်းကဂန္ထဝင်ကဗျာကြီးတွေ
ဘယ်နားသွားထားမှာလဲ?
ပြီးတော့
ခုချိန်ထိ
"ဝဏ္ဏပဘာ ကလျာဖူးစသစ်
ပျိုမြစ်မြစ်"နေကြတာ
ဘာကြောင့်ပါလဲ?

အသံကသာယာ
ရသမှာထူးဆန်း
ဂုဏ်ပိုင်းတွေရောပြွမ်းလို့ရေးဖွဲ့
ဆရာတော်ရှင်မဟာရဋ္ဌသာရရဲ့
ကဗျာဘွဲ့ဟာ
ခုထိမသေခဲ့တာဗျ . . . ။

မနေ့တစ်နေ့ကရေးတဲ့ပို့စ်မော်ဒန်
ဒီနေ့ထိခံသလား . . . ?
ဒီနေ့ထိကျန်သလား . . . ?
လူတွေရဲ့ပါးစပ်ဖျားမှာ . . . ။

ကဲဗျာ
ကျွန်တော်ကမေးလိုက်ပါပြီ
ပို့စ်မော်ဒန်ဆရာကြီးများ
ဖြေတော်မူကြပါဦးဗျား . . . ။

ထွန်းနောင်(ဖောင်းပြင်)

ဘယ်တော့ 💥 ထွန်းနောင်

"ဘယ်တော့"

တစ်ချိန်ကဆို တို့နှစ်ယောက်
ရသမြောက်တဲ့ ကဗျာတွေကိုရေးဖွဲ့
ဘေးမဲ့တဲ့တောမှာ အတူနေ
သေအတူ ရှင်မကွာ
နေကြမယ်ကွာလို့
တိုင်ပင်ခဲ့ကြဖူးတယ် . . . ။

ခုတော့ . .
ကာရန်တွေလည်း ကျိုးပဲ့
ရသတွေလည်း လွင့်စင်
ကဗျာဥယျာဉ်ဆိုတာလည်းဝေလာဝေး
ဘေးမဲ့တောဆိုတာလည်းပေါ်မလာသေး
အတော်ကြာဝေးခဲ့ကြပေါ့မင်းနဲ့ငါ . . . ။

ငယ်ငယ်ကစိတ်နှလုံး
ဖြူစင်တုန်းအရွယ်က
ဘယ်လိုပင်တူညီမျှခဲ့ကြပေမယ့်
လောကရဲ့အကြောင်းကိုနားလည်လာ
ခုနေခါမှာတော့ မင်းနဲ့ငါဟာ
နီးလျက်နဲ့ဝေး ၃နှင့်၎ပမာ
အပြုံးမဲ့တေးကမ္ဘာကို
ရွေးချယ်ကာဖန်တီးမိခဲ့ကြတယ် . . . ။

ကဲ. . . သူငယ်ချင်း
အပြုံးမဲ့တေးကမ္ဘာမှာ
အမုန်းနဲ့ဝေးရာကို
ငါတို့တွေ
ဘယ်တော့ပြေးထွက်ကြမှာလဲ . . . ?

ထွန်းနောင်(ဖောင်းပြင်)

အမှတ်​တရ အနမ်း 💫 အလင်းသစ်

* အမှတ်​တရ အနမ်း *
````````````````´´´´´´´´´´´´´´´
ချစ်​သူ​မေ​လေး
စာလွှာ​ပေးပို့ နှစ်​ကိုယ်​တည်းသာ
ချိန်း​တွေ့စဉ်​မှာ တီတာချစ်​စကား
အလှများနှင့်​ တစ်​သက်​မ​မေ့​အောင်
အနမ်းလက်​​ဆောင်​ကို
ချစ်​သူ​မောင်​အား ​ပေးခဲ့တယ်

ထိုစဉ်​ခဏ သည်​ကာလဝယ်
ဘဝင်​ကြည်​နူး အူရွှင်​မြူးလို့
ရင်​ခုန်​မိန့်​မူး အချစ်​ဦးမို့
အနမ်းထူးမှာ ရူးမိတယ်​​လေ
ရာသီ​တွေ​ပြောင်း ကာလ​ညောင်းလည်း
မ​ပြောင်းမလဲ ရင်​ထဲအသစ်
ဖြစ်​တည်​​နေတာ
ချစ်​သူ​ပေးတဲ့ အနမ်းရယ်​ပါ .....။

~~~~~~~~~~~~~~~~~~~~~~
>--▷♡အလင်းသစ်​ `Ŷ´
ရွှေနန်း​မြေ......။

အလွမ်းည 💫 အလင်းသစ်

* အလွမ်းည *

သံစဉ်​​တွေ တိတ်​ဆိတ်
အိပ်​မက်​တို့ ခိုဝင်​လာတဲ့ည​​လေးမှာ
နာရီ​တောင်​ သန်း​ခေါင်​​ကျော်​​နေ​ပေမယ့်
အိပ်​ယာနှင့်​ မနီးစပ်​​သေးတာ
ငါ့​ကျောပြင်​ရယ်​ပါ

တွယ်​ငြိမှုမှန်​သမျှ သောကချည်းပါပဲ
ကိုယ်​ပိုင်​ဆိုင်​တယ်​ထင်​ခဲ့ရတဲ့
ကိုယ်​ပိုင်​ မျက်​ဝန်း​တစ်​စုံက​တောင်
အမိန့်​ကို မနာခံကြ​တော့ဘူး

အေးမြလွန်းတဲ့ ​ဆောင်းည​တွေလည်း
ပြင်းပျလွန်းတဲ့ အလွမ်း​တွေနှင့်​အတူ
နှင်းပွင့်​​တွေကို ​ကျောခိုင်းလို့
နွေညခင်းဆီ ​ခေါ်​ဆောင်​သွားပြီ
ထင်​ပါရဲ့​လေ.....။

အလင်းသစ်
ရွှေနန်း​မြေ........။

နှလုံးသားမှပဲ့တင်သံ

နှလုံးသားမှပဲ့တင်သံ

နင်အမြဲပြောတဲ့စကားက
မောင့်ကိုအရမ်းချစ်တယ်တဲ့
အခုတော့....အဲ့ဒီအပြောတွေဟာ
မာယာတွေနဲ့ထပ်တူ
မုသားတွေကိုကွယ်ဝှက်
နှောင်းတစ်ခေတ်ရဲ့မှတ်တိုင်မှာ
နင့်မျက်နှာနင့်အပြုံး
ကျိန်စာတွေနဲ့မဖုံးမိဖို့
နင်အတွက်ဆုတောင်း
အကြောင်းကံလှပဖို့အရေး
ငါ့နှလုံးသားနဲ့
နင့်မျက်ရည်တွေကို
ဖုံးလွှမ်းပေးပါ့မယ်ချစ်သူ

Saturday, January 3, 2015

စိတ်၏ဖြေရာ ၄ 💫 နေဆည်းဆာ

စိတ်၏ဖြေရာ ၎

သူသိပါ ,,,? ဒီညအိပ်မရ
အချိန်ကိုကြည့်
တစ်နာရီလေးဆယ်ရှစ်
အတိတ်ကဖြစ်ရပ်
ထင်ဟပ်နေဆဲ
ဝေဒနာဟောင်း
တထောင်းထောင်းနဲ့
ရင်တွင်းဒဏ်ရာ
မဖြေသာဘူး
အတိတ်အကြောင်း
ပြန်ကာပြောရင်
စိတ်တွေထိခိုက်
ဒေါခိုက်နေမလား
မပြောမဖြစ် ပြောပစ်ခဲ့ရင်
စိတ်တွေကညစ်
ဒေါကစ်နေမလား
ဟိုတွေး ဒီတွေး
အကိုဆွေးရင်း
မပြောရဲသာ သူသိပါ ။

နေဆည်းဆာ ဖောင်းပြင်

စိတ်၏ဖြေရာ ၃

စိတ်၏ဖြေရာ ၃

လေရှုးတွေတိုက်နေတဲ့
မြောက်ပြန်လေညင်းနဲ့
အဖေါ်ပြုလို့ထိုးထွက်လာတဲ့
ကိုကို လို့ခေါ်တဲ့
ဟန်းဖုန်းထဲကအသံကိုသာ
ကိုင်လို့ရရင်ပေါ့လေ
ရင်ခွင်မှာထာဝစဉ်သာ
ထွေးပွေ့ထားချင်ရဲ့
မခံချင်လို့ကန်ထုတ်တော့လဲ
ရင်ခုန်မိတာဒီရင်ပါလို့
လှန်ပြချင်ရဲ့
မကျေနပ်လို့အသေသတ်ရင်
ပင်တိုင်စံ အချစ်ဦးဟာ
သူပါ လို့လဲ
ညွန်းပြထားခဲ့ချင်ရဲ့
ဘာဖြစ်ဖြစ်ပေါ့
မခေါ်တော့ဘူး လို့
မပြောတာကိုပဲ
ကျေးဇူးတင်ပါတယ်ညီမရယ်

နေဆည်းဆာ ဖောင်ပြင်

လွမ်းဆွတ်ရာဆီ

လွမ်းဆွတ်ရာဆီ

ဘယ်သူကိုမှ မပြောပြလိုက်ပါနဲ့
ညနေရယ် ငါရင်ဘတ်ထဲမှာ
သိမ်းဆည်းထားရတဲ့
သတိရခြင်းအတွက်ဆိတ်ငြိမ်တဲ့ မိုးသားတိမ်တွေမှာအလွမ်းတွေ
ပူးချည်ထားလို့အမှောင်ဝင်ချိန်ကို
တစ်ကိုယ်ထဲတိတ်တိတ်လေး
ဖြတ်သန်းသွားချင်လို့ပါ။

ဘယ်သူကို မှမပြောပါနဲ့
ညအမှောင်ရယ်
ပိုးစုန်ကြူးတစ်ကောင်ရဲ့
အလင်းလောက်မျှ
လင်းလက်ခွင့်မရတဲ့ ချစ်ခြင်းက
တမ်းတမူမှာ အမြဲကျရှုံးနေလို့
့ ဘယ်သူမှာမသိစေလိုတဲ့အဖော်မဲ့
အထီးကျန်ခြင်းမှာ လွမ်းဆွတ်ရာဆီကို
ပျံသန်းသွားရုံလေးမို့ပါ။

လွမ်းသူ့ဝိဉာဉ်

လွမ်းသူ့ဝိဉာဉ်

မင်းပြန်လာမဲ့အချိန်စောင့်ခဲ့ရတာ
ငါ့ဘဝကြီးတောင် မရှိတော့ပါလား
မင်းကို နောင် ဘဝမှာ
စောင့်နေပါရ စေ
တစ်နေ့မှာပြန်ဆုံကြမှာပါ
ခုတော့လွမ်းသူဝိဉာဉ်အဖြစ်
ငါဆက်စောင့်နေမယ်

သူသိစေချင်....

သူသိစေချင်

အ ခြေအ နေတစ်ခုကြောင့်
လမ်းခွဲခဲ့ရ ပေမဲ့
မချစ် လို့မှမဟုတ်ခဲ့တာ
ချစ်လျက်နဲ့လမ်းခွဲခဲ့ရတာပါ
မပြည့်စုံတဲ့ဘဝက နေ
တက်လမ်းရှာဖို့အတွက်ပါ
ခဏတာဝေးကွာတာပါ
တစ်နေ့မှာအတူပေါင်းဖို့
ကြိုးစားပေးစေချင် တာ
ရင် ထဲမှာသူ့ကိုဘယ်တော့မှ
မမုန်းဘူးဆိုတာ
သူသိပါစေ လေ……

ချစ်သူ

မိန်းကလေးအတွက် ချစ်လွမ်းရတီစိုးထက်

မိန်းကလေးအတွက်
ချစ်လွမ်းရတီစိုးထက်

#မြန်မာဆန် ဝတ်စားလို့ 
တင့်တယ်ပါ့ အိုနှမငယ်
ထမီတို စကပ်နဲ့ 
မြင်သူတို့  ငေးမောဖွယ်
ဒီလိုတော့ မတင့်တယ်ကွယ်
ရှေးသူတို့  ကဲ့ရဲ့ ဖွယ်လေး~~

ချစ်လွမ်းရတီစိုးထက်
ဖောင်းပြင့်

အရင်းအနှီး ချစ်လွမ်းရတီစိုးထက်

အရင်းအနှီး
ချစ်လွမ်းရတီစိုးထက်

# ကိုယ်က ချစ်မိပြန်တော့လဲ
သူမို့ စိမ်းကားရက်တာ
အစိမ်းဆို ကြက်ဟင်းခါး
ဘယ်တော့ မမုန်းရက်ပါ
စိမ်းခါးတဲ့ ကြက်ဟင်းခါးလို
သိမ်းထားမယ် မင်းရဲ့အကြင်နာ
နှလုံးသားနဲ့ ချစ်မိတာ
ပလီဉာဏ် မလှည့်စားနဲ့ 
အရင်းနှီးများလွန်းတယ်
သိမ်းထားကွယ်
ချစ်စစ်ရဲ့ သင်္ကေတလေး

ပန်းတိုင် ချစ်လွမ်းရတီစိုးထိုက်

ပန်းတိုင် ချစ်လွမ်းရတီစိုးထိုက်

*ဖြူစင်တဲ့နှလုံးသားကို
မည်းညစ်အောင်
အရောင်မဆိုးနဲ့ ~±~့

*အစွန်းရောက်စေနိုင်တဲ့
အမုန်းတရားတွေကို
မောင်းထုတ်ပစ်~±~

*လိမ်ညာမှုတွေကို
အဆုံးထိအောင်
တိုက်ထုတ်လိုက်~±~

*ကဲသွားလိုက်ကြစို့ 
ငြိမ်းချမ်းရေးပန်းတိုင်+++

ချစ်လွမ်းရတီစိုးထိုက်
ဖောင်းပြင်

တမ်းတခြင်း (စိုးထိုက်)

တမ်းတခြင်း (စိုးထိုက်)

တစ်ကိုယ်ကောင်းရယ်မဆန်
အောင်ဆန်းဟာ ဖဗိုလ်ချုပ်ပါပဲ

တစ်ကိုယ်ကောင်းဆန်သူတွေ
ဖခင်အောင်ဆန်းလို
အရည်အသွေး

ရှိသင့်တဲ့ အရည်အချင်းတွေ
ရရှိအောင် ကြိုးစားဖို့လက်မနှေး

သည်လိုမှ မဟုတ်လျှင်
ဒို့ တိုင်းပြည်သာယာဖို့ ဝေး

ချစ်လွမ်းရတီစိုးထိုက်
ဖောင်းပြင်...

ဆောင် (စိုးထိုက်)

ဆောင် (စိုးထိုက်)

အပူပင်ကင်းအောင်
သန္တိသုခဆေးကိုဆောင်

အလန်းလေးများနဲ့ 
တွေ့ ရအောင်
ဖြူစင်မေတ္တာပန်းတစ်ပွင့်ကိုဆောင်

အိုသည်အထိချစ်ရအောင်
နူးညံ့တဲ့အပြောလေးကိုဆောင်

အလိမ်ညာတွေမခံရအောင်
စာပေဗဟုသုတများကိုဆောင်

ချစ်လွမ်းရတီစိုးထိုက်
ဖောင်းပြင်

""ပဲ့တင်သံ"" 💙 ချစ်လွမ်းရတီစိုးထိုက်

""ပဲ့တင်သံ""
========
အေးတယ်ဆိုတာ
ရေခဲနဲ့ ဆောင်းနှင်းတွေရဲ့
သင်္ကေတလား…?

ငါ့အတွက်တော့
ပဲ့တင်သံတွေ ပြန်မလွှတ်နိုင်တဲ့
နံရံသာ။

ချစ်လွမ်းရတီစိုးထိုက်
ဖောင်းပြင်

အဘိဏှသုတ် အနှစ်ချုပ် 💫 ချစ်လွမ်းရတီစိုးထက်

အဘိဏှသုတ် အနှစ်ချုပ်

နုပျိုနေတဲ့ ငါ့ရဲ့ခန္ဓာ
တစ်နေ့နေ့ကြ အိုရမှန်စွာ
အိုရမည့်ဘေး မျှော်တွေးခါခါ
မြတ်ဓမ္မ နေ့ညဆင်ခြင်ပါ"

ကျန်းမာနေတဲ့ ငါ့ရဲ့ခန္ဓာ
တစ်နေ့နေ့ကြ နာရမှန်စွာ
နာရမည့်ဘေး မျှော်တွေးခါခါ
မြတ်ဓမ္မ နေ့ညဆင်ခြင်ပါ"

သက်ရှင်နေတဲ့ ငါ့ရဲ့ခန္ဓာ
တစ်နေ့နေ့ကြ သေရမှန်စွာ
သေရမည့်ဘေး မျှော်တွေးခါခါ
မြတ်ဓမ္မ နေ့ညဆင်ခြင်ပါ"

ချစ်ရင်းနေတဲ့ ငါ့ရဲ့ဆွေဉာ
တစ်နေ့နေ့ကြ ခွဲရမှန်စွာ
ခွဲရမည့်ဘေး မျှော်တွေးခါခါ
မြတ်ဓမ္မ နေ့ညဆင်ခြင်ပါ"

မိမိပြုငြား နှစ်ပါးကံသာ
အရိပ်လိုပဲ အမြဲမကွာ
ဖြစ်ရာဘဝ နောက်ကလိုက်ပါ
ဤသဘော တွေးတောဆင်ခြင်ပါ"

အဘိဏှသုတ် ဖော်ထုတ်ခါသာ
ဗုဒ္ဓဘုရား ဟောကြားခဲ့တာ
ကျား,မ'မခြား ပွါးများစေရာ
ဤငါးပါး မှတ်သားအပ်လှစွာ....

ချစ်လွမ်းရတီစိုးထက်

အလွမ်းနိဂုံး 🌟 ချစ်လွမ်းရတီစိုးထက်

အလွမ်းနိဂုံး

လွမ်းမိတဲ့ နှလုံးသား
မင်းအတွက် နေရာမရှိဘူး
အမျှအမျှလို့ရေစက်ချလိုက်ပြီ...

ချစ်ခဲ့ဖူးတဲ့ မောင့်နှလုံးသား
သာသနာ့ဘောင်မှာ
ဗုဒ္ဓအရိပ်ခိုမှီး
စွန် လွတ်လိုက်ပြီ
အမျှအမျှသာဓုခေါ်လိုက်ပါမေ..

ချစ်လွမ်းရတီစိုးထက်
ဖောင်းပြင်

သူ့မှာအပြစ်မရှိ ....🚶 လင်းတမန်

သူ့မှာအပြစ်မရှိ

ငါ့ကြောင့်....
ငါကြေကွဲခဲ့ရတယ်။

ငါ့ကြောင့်....
ငါနာကျင်ခဲ့ရတယ်။

ငါ့ကြောင့်....
ငါပူဆွေးခဲ့ရတယ်။

ငါ့ကြောင့်....
ငါလွမ်းခဲ့ရတယ်။

ငါ့ကြောင့်...
ငါဝမ်းနည်းခဲ့ရတယ်။

သူ့ကိုငါချစ်
ငါ့အပြစ်
ဆန်းစစ်အမှန်
ငါတရားခံပါလား...။

လင်းတမန်[တန့်ဆည်]

တွဲလက်..... pku

တွဲလက်

ဘယ်လိုအ ခြေ နေ တွေပဲရှိရှိ
ဘယ်လိုအခက်ခဲတွေကြုံကြုံ
ကိုနဲ့ညီမတို့တွဲလက်တွေ
မဖြုတ်ကြေးနော်
ခုနေ ဝေးနေရတာ
တစ်ချိန်မှာနီးဖို့ဆိုတာ
ကိုတစ်ယောက်သိနိုင်ပါစေ...
ကိုကြိုးစားပါ....
ညီမ လေးထာဝရကို့ကို
စောင့်မျှော်နေမယ်
ကိုတစ်ယောက်နားလည်ပါစေ
တွဲလက်တွေကဘယ်တော့မှ
ပြတ်မသွားဘူးဆိုတာ

ချစ်သူ pku

Thursday, January 1, 2015

ပန်​ရံ k . n . T

ရိုးရိုးကျင့်​ မြင့်​မြင့်​ကြံ
တိုများ ပန်​ရံလူနိမ့်​ခံရ
ဝါသနာကြီးသူ ငါဆရာ
ငါကိုမှာစကား စိတ်​​ကောင်းထား
ဆရာသင်​​ပေး ပညာ​လေးနဲ့
နယ်​လှည့်​ကာသွား အလုပ်​များနဲ့
ကြုံရဆုံရ စိတ်​ထားများက
မရှိခိုးနိုး မလှစုန်းမျိုး
အမျိုးမျိုးအဖုံဖုံ ငါကြုံရလဲ
မေတ္တာမပျက်​ ခရီးဆက်​လျှက်​ပါ
ဆရာစကား အမြဲကြားလို့
စိတ်​ထဲမှတ်​ယူ ဤဇမ္ဗူဝယ်
ပြန်​ကာသင်​ကြား ငါညီငယ်​များကို
ဖြူစင်​စိတ်​ထား ရှိ​စေသား
ကိုယ်​အလုပ်​ကိုလုပ်
ကြိုးကုတ်လျှက် ပညာ​ပေးသူ
ဘယ်​ဆရာမည်​သည်
မ​စော်​ကာမိဖို့ ဆင်​ခြင်​ကြစို့
ဒါမှ တို့ပန်​ရံ ဂုဏ်​မြင့်​ရန်​မလွဲ
အမှန်ပဲမို့ ကြိုးစားလိုက်​စို့ ညီငယ်​တို့

ပန်​ရံ k . n . T
Pku 

ခံစားလွယ်​ နှလုံးသား 💫​ဝေလင်းခန့်

ခံစားလွယ်​ နှလုံးသား

ဇွတ်​ကြီးပါ ချစ်​ခဲ့မိလို့
အပြစ်​ကြီးတခုလို ငါခံစား
တန်းဖိုးကိုနားမလည်
ဓားဇွယ်​နဲ့ထိုးသလို ငါနှလုံးသား
သူစကား​ကြောင့်​ နားဖျားမှ
ရင်​ကြားထဲသို့ ခါးသီးစွာစီးဆင်း
ဖြစ်​​နေရတဲ့ ငါရင်​တွင်းကို
စာနာမှုပြုပါချစ်​သူ
ပြဒါးလမ်းကို ဓားထမ်း​လျှောက်​​နေ​ပေမဲ့
စကားကြမ်းဆိုရင်​ နားကမ်း​နေ​တောင်
မကြားချင်​မိတာ
မင်းနားလည်​ပါ ချစ်​သူ

ဝေလင်းခန့်
Pku

လှည့်​စားသူ သို့....💞 ဝေလင်းခန့်

"လှည့်​စားသူ သို့ "

ရင်​နဲ့မမျှ​အောင်​ ချစ်​ခဲ့မိလို့
ရင်​ကွဲမတတ်​ ခံစားရတယ်
ရှင်​တွဲလျက်​ရှိခဲ့ချိန်​ခဏပါ
မင်းတမင်​ခွဲတဲ့ ငါအသဲ
မသာယာလဲရှိပါ​စေ.....
မျှော်​လင့်​ချက်​နဲ့ ငါ
ပင့်​သက်​ရင်​​မော
မဖြစ်​ချင်တော့တာအမှန်​ပါ
ငါချစ်​သ​လောက်
သစ္စာ​ဖောက်​သူကို
အပြစ်​မယူ ချစ်​မိသူငါ
လွမ်း​နေရတဲ့ဒဏ် ​ကောင်း​ကောင်းခံမယ်

*မငဲ့ညှာသူ
ချစ်​ရသူကိုလဲ
ပျော်​ရွှင်​ပါ​စေ.....
တောင်းဆု​ချွေ​ပေး
ရင်​ထဲ​လေးလံ
နှလုံးသားအသံနဲ့
တောင်းဆုပြုမယ်
ဘဝဆက်​တိုင်း
မချစ်​တတ်​သူဖြစ်​ပါ​စေ....

ဝေလင်းခန့်
Pku

ဘဝကံခေသူ 💑​ဝေလင်းခန့်

ဘဝကံခေသူ

ပြောမပြတတ်​​အောင်
ချစ်​ခဲ့မိတဲ့ ကိုယ်
ပြောပြလို့မရတဲ့
ကြေကွဲမှုနဲ့အတူ
ငိုရှိုက်​​နေတာ
မင်းသိပါ​စေ...
ညီမ​လေး​ရေ....

ဘဝကြမ်းက အလှပန်းကို
နမ်းချင်​​နေ​တော့ ရင်​ကွဲခြင်းအ​ကြောင်း
စဉ်​စားဖို​တောင်​မလို ​တွေးထားပြီးသာမို့
ထားခဲ့လိုက်​ပါ ညီမ​လေး

ကိုယ့်​ဘဝက
မနက်​ခင်းကို ကြိုဆို​နေတာ
ထမင်းကြမ်းခဲနဲ့ပါ
မင်းမစားနိုင်​ဘူးဆိုတာ
ကိုယ်​သိပြီးသားမို့
နှုတ်​ဆက်​လိုက်​ပါ
ညီမ​လေး

ရပ်​ကွက်အ​နေထား
အမှတ်​ (၃)သားပါ
စရိုက်​ကြမ်း​လေးမို့
အမှားပါရင်​ ခွင်​လွှတ်​​ပေးပါ
ညီမ​လေး ​ရေ

ဝေလင်းခန့်
Pku

ပိုလိုက်​တဲ့သနားချစ် 😂 ဝေလင်းခန်

ပိုလိုက်​တဲ့သနားချစ်

အချစ်​​တွေ အမျိုးမျိုးရှိပါတယ်
လူ​တွေက သနားချစ်​က ပိုပါတယ်​တဲ့

ငါကြမှ သနားချစ်​က
စွန့်​လွှတ်ခံရတာ
ခံစားရခက်​တယ်​ဗျား...

ဪ....သနားချစ်
ငါဘဝကို ပစ်​ပယ်​ခဲ့ပြီ​ပေါ့....

ဝေလင်းခန့်
Pku

ပျော်​ရွှင်​ပါ​စေ...... (​ဝေလင်းခန့်​)

ပျော်​ရွှင်​ပါ​စေ......

Happy new year ပါ
ညီမ​လေး
ကိုယ်​ဆု​တောင်း​​ပေးလိုက်တယ်​​နော်

ပျော်​ရွှင်​ပါ​စေ......
နှစ်​သစ်​ကိုကြိုဆိုလို့
ဆု​တောင်း​ပေးလိုက်​ပါတယ်
နေရက်​တိုင်းကို
လွယ်​ကူစွာဖြတ်​​ကျော်​လို
ခက်​ခဲမှု​တွေ ပ​ပျောက်​ပါ​စေ.....
အန္တရာယ်​​ကင်းလို့ ​ဘေးရှင်းပါ​စေ.....
လိုရာဆန္ဒ ပြည်​ဝပါ​စေ.....
ချစ်​​သောသူ​​တွေနဲ့
မခွဲအတူ ရှိပါ​စေ....

ဝေလင်းခန့်
Pku

ရင်​ခွင်​မဲ့ (ဥယျာဉ်မှူး)

ရင်​ခွင်​မဲ့ (ဥယျာဉ်မှူး)

မင်းရက်​စက်​ပြီး ထားရစ်​ခဲ့တဲ့
ငါ့ရဲ့ရင်​ခွင်​မဲ့ နှလုံးသားမြို့​တော်​ကို
မင်းရဲ့အလွမ်းဆိုတဲ့
ဝေဒနာလက်​နက်​ကြီးနဲ့
မဖြိုခွင်းလိုက်​ပါနဲ့
နာကျင်​စွာခံစားရမယ့်
ငါ့နှလုံးသားအတွက်
ကုရာနတ္ထ္ထိ​ဆေးမရှိလို့ပါ

မလွမ်းနဲ့(Jasmine/ဓနု)

မလွမ်းနဲ့(Jasmine/ဓနု)

ချစ်​....နေ​ကောင်းပါ့မလားလို့
စိုးရိမ်​​နေ​သေးလား..
အခုချိန်ဆို....ဘယ်​မှာရှိ​နေမလဲလို့
တွေး​နေမိ​သေးလား...
အရင်​ကထက်​ပိုချစ်​ပါ့မယ်​လို့​ရော
ပြောချင်​​နေ​သေးတာလား...
ဘယ်​သူဘာ​ပြော​ပြော
အနားမှာရှိ​​ပေး​နေချင်​​နေ​သေးလား...
တစ်​ခါမှမ​ကောင်းခဲ့တဲ့သူပါ
တစ်​ခါမှထည့်​မစဉ်းစားမိဘူး
ဘယ်​အချိန်​တုန်းကမှ
မ​တွေးခဲ့​ပေးပါဘူး
သေချာတာတစ်​ခုက​တော့
Jas​လေ.....မချစ်​​ပေမဲ့ မမုန်းခဲ့ဘူးဆိုတာပါ
ချစ်​ကို မြတ်​နိုးစွာချစ်​​ပေးလို့
ကျေးဇူးတင်​ပါတယ်​.....
ဒီထက်​ပိုလွမ်း​နေရင်​ ခံစားရလိမ့်​မယ်
ကျေးဇူးပြုပြီးချစ်​ကို မလွမ်းပါနဲ့​တော့
ချစ်​ကို လွှတ်​​ပေးလိုက်​ပါ​တော့​​နော်

ခရမ်းအတွက် 💫 အသေးလေး

ခရမ်းရေ.....
တစ်စစီကွဲအပ်သွားတဲ့
ငါ့နှလုံးသားအပိုင်းစများစွာကို
ငါအမြဲလိုလိုပြန်ဆက်ချင်နေမိတယ်
ကံကြမ္မာတစ်ရေးအနိုးမှာ
အဆွေးစက်က မိုးစက်ဖြစ်နေလည်း
အချစ်ဆိုတာ......
အချိန်တိုတစ်ခုရဲ့လှည့်ကွက်ပါပဲ....
ငဲ့ကွက်စရာမလိုတော့တဲ့ သဘောနဲ့
ငါ့ရဲ့တစ်ဖက်သက်အချစ်တွေကိုတောင်
မင်းမသိနိင်ခဲ့ဘူး.....
ဘာလုပ်လို့ရတော့မှာလဲ
အစကမသိတဲ့ငါ့ရဲ့အသိ
အခုမှရင်ထိသွားလည်း
အချိန်တွေမနှောင်းသေးပါဘူး ခရမ်းရယ်
ဟောင်းခဲ့တဲ့အတိတ်နဲ့ပဲ
နှစ်သိမ့်နေရတော့မှာပေါ့.....

အသေးလေး .....ရွှေလေး ကြို့ ကုန်း
ခရမ်းအတွက်

အချစ်​လား....💥 tawtar (tgi)

အချစ်​လား

စိတ်​ပူတာ အချစ်​လား
စိုးရိမ်​တာ အချစ်​လား
စိတ်​မချတာ အချစ်​လား
သ၀န်​တိုတာ အချစ်​လား
ပျော်​​စေချင်​တာ အချစ်​လား
အဲ့ဒါဆို....မင်းအတွက်
ကြီးကျယ်​မြင့်​မြတ်​တဲ့​နေရာ
ငါ့ရင်​ထဲမှာ ရှိ​နေပြီ မိန်းက​လေး...။

tawtar (tgi)

မာနရှင်ရဲ့ကျဆုံးချိန် 💞 ရိုက်ခက်ညံ

မာနရှင်ရဲ့ကျဆုံးချိန်

မာနတရားကို အင်္ကျီလိုဝတ်
ဘုရားလို အမြဲကိုးကွယ်ခဲ့တဲ့ မင်း....
တစ်နေ့...မင်းကိုးကွယ်ဝတ်ဆင်ထားတဲ့
မာနဆိုတာကို လက်ကိုင်ပဝါအဖြစ်
အသုံးပြုပြီး
မျက်ရည်မသုတ်မိပါစေနဲ့
ကောင် မ လေး....

(ရိုက်ခက်ညံ)

အမုန်းချစ်​သူ 💥 မိုးပွင့်​ဖြူ

အမုန်းချစ်​သူ

လွမ်းတတ်​​အောင်​ သင်​​ပေးခဲ့တဲ့မင်းမှာ
အပြစ်​မရှိ​ပေမယ့်​ ချစ်​တတ်​​အောင်
လှုံ့​ဆော်​​ပေးခဲ့တဲ့ နှလုံးသား​လေးကို​တော့
မုန်းမိတယ်

မိုးပွင့်​ဖြူ

နတ်​သမီးသို့..... (အလွမ်းရင့်​ )

လေညှင်း​ပြေးလို့ဝင်​လာခဲ့တဲ့
ငါ့နှလုံးသား အခန်းဝမှာ
နင့်​အ​ငွေ့အသက်​​တွေ ​အေးစက်​သွားခဲ့ပြီချစ်​သူ...

တစ်​ခါတစ်​ရံ ခလုတ်​တိုက်​မိတဲ့
အမှတ်​တရတိုင်းမှာလည်း
နင့်​ ချစ်​စကား​တွေ
ကြား​ယောင်​မိဆဲ​ပေါ့

ဘာရယ်​မဟုတ်​​ပေမယ့်
ငါမ​မျှော်​လင့်​ခဲ့တဲ့
အလွမ်းသင့်​​နေရက်​​တွေကို
လှောင်​ရယ်​ပြု နင်​ဖန်​တီးသွားခဲ့ပြီ​ပေါ့

ကျေနပ်​​နေဆဲပါ ချစ်​သူ
ငါက နင်​မချစ်​​တော့တာ​တောင်
တိုးတိတ်​စွာ စိုး​ထိတ်​ရင်းနဲ့
နင့်​ကို ကြိတ်​မှိတ်​လို့
တိတ်​တဆိတ်​ ခိုးချစ်​​နေမှာပါ...

အလွမ်းရင့်​ ( JK )

ချစ်သူသိပါစေ... ရဲရင့်

( ချစ်သူသိပါစေ.....)

ငါ့နှလုံးသားက မွန်းကြပ်နေမှန်း
နင်သိခဲ့သင့်တယ်
မချစ်လို့မဟုတ်ပါဘူး
ချစ်ရက်သားနဲ့
ကြည့်နေခဲ့တာပါ
မမုန်းရက်ပေမဲ့အပြုံးစကားတွေနဲ့ပဲ
နှစ်သိမ့်နေရသူပါ
ငါးတောင်အောက်စီးဂျင်ရှိမှ
အသက်ရှုရသလို
ငါနှလုံးသားကလည်း
နင်မရှိတော့တဲ့တစ်နေ့
အောက်စီးဂျင်ပြတ်တဲ့ငါးလိုပေါ့
လောကကြီးနဲ့အဆင်ပြေပါစေ.....
ချစ်သူ....

ရဲရင့် မော်ကျွန်း

နယူးယီယားလက်ဆောင် 💥 ထွန်းနောင်

"နယူးယီယားလက်ဆောင်"

2015 ခုနှစ်၏ မင်္ဂလာနံနက်ခင်းမှာ
အားလုံးသောသူငယ်ချင်းများကို
မေတ္တာစိတ်ထားနဲ့
"မင်္ဂလာပါ"လို့
နှုတ်ဆက်စကားပြောကြားလိုက်ပါတယ်။

နှုတ်ဆက်စကားပြောကြားပြီးတော့
စဉ်းစားရမယ့်နည်းလမ်းတွေ
တသီတတန်း
ကျွန်တော့်ခေါင်းထဲဝင်လာပါတယ် ။

နှစ်တစ်နှစ်ရဲ့ အဦးဆုံးနေ့မှာ
"မင်္ဂလာပါဟေ့"လို့နှုတ်ဆက်ရုံနဲ့တော့
မင်္ဂလာရှိတဲ့နှစ်တစ်နှစ်
တကယ်ဖြစ်လာမှာမဟုတ်ပါဘူး ။

"အကုသိုလ်စိတ်တွေကိုဖယ်ရှား
ကုသိုလ်စိတ်တွေတကယ်များလာဖို့
ပွါးများမှုဘာဝနာ
မှန်ကန်စွာဖြည့်ဆည်း
အရာရာမှာခန္တီတရားကိုလက်ကိုင်ပြီး
မင်္ဂလာရှိတဲ့နှစ်ကြီးကို
ဖန်တီးကြပါစို့လား"လို့
အားလုံးသောသူငယ်ချင်းများသို့
နယူးယီးယား
လက်ဆောင်ပါးလိုက်ပါတယ်ခင်ဗျာ ။
ထွန်းနောင်